NLD မှ ဦးဝင်းကိုကိုဝင်း သဘာဝအရင်းအနှီး ဆိုင်ရာ စာတမ်းဖတ်ပွဲ တက်ရောက် | WWF

NLD မှ ဦးဝင်းကိုကိုဝင်း သဘာဝအရင်းအနှီး ဆိုင်ရာ စာတမ်းဖတ်ပွဲ တက်ရောက်



Posted on 22 March 2016   |  
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သန်လျင်မြို့နယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးဝင်းကိုကိုဝင်းအား WWF-မြန်မာ၏ ဌာနေညွှန်ကြားရေးမှဓးနှင့်အတူ တွေ့ရစဉ်
© WWF-Myanmar
သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဦးဝင်းကိုကိုဝင်း သည် WWF ၏ အားပေးပံ့ပိုးမှုဖြင့် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ၂၀၁၆ ခုနှစ် သဘာဝအရင်းအနှီးဆိုင်ရာ စာတမ်းဖတ်ပွဲသို့ မတ်လ ၂၁ မှ ၂၄ ထိ တက်ရောက်မည် ဖြစ်သည်။ 

“သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခုကို နိုင်ငံရပ်ခြားမှာ တက်ရောက်တာ ကျွန်တော့်အတွက် ဒါ ပထမဆုံးပါပဲ။ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပို့ချတဲ့ သင်တန်းကျောင်းတွေ မရှိသေးတဲ့အတွက်  ဒီစာတမ်းဖတ်ပွဲကို တက်ရောက်ခွင့်ရတာက ကျွန်တော့်အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ။ ရနိုင်သမျှ အခွင့်အလမ်း အားလုံးကို ချိတ်ဆက်ရယူပြီး တတ်နိုင်သမျှ များများ လေ့လာသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ဦးဝင်းကိုကိုဝင်းက ပြောကြားခဲ့သည်။

သဘာဝအရင်းအနှီးစီမံကိန်း Natural Capital Project (NatCap) က ဦးစီး၍ စတန်းဖို့ဒ် တက္ကသိုလ် (Stanford University) တွင် ကျင်းပသော သဘာဝအရင်းအနှီးဆိုင်ရာ စာတမ်းဖတ်ပွဲသည် ကမ္ဘာတဝှမ်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်ပယ်မှ ဦးဆောင်သူများကို အဓိကထား စုဝေးစေ၍ ဆွေးနွေးကြသည့် အခမ်းအနားတစ်ခုပင် ဖြစ်ပါသည်။ ဤစာတမ်းဖတ်ပွဲ၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့နေရာဒေသ အသီးသီးရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများတွင် အသုံးပြုသည့် နည်းပညာများကို အဆင့်မြှင့်တင်ခြင်း၊ ရရှိခဲ့သော အောင်မြင်မှုများနှင့် သင်ခန်းစာများကို မျှဝေခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းအားဖြင့် မူဝါဒများနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဂေဟစနစ် ဝန်ဆောင်မှုများအား ထည့်သွင်း စဉ်းစားလာနိုင်ကြစေရန် ဖြစ်ပါသည်။

“မြန်မာလူမျိုးတို့ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ့ ချမှတ်နိုင်ဖို့နဲ့ သဘာဝသယံဇာတတွေကို ပိုပြီး ကောင်းကောင်း စီမံနိုင်စေဖို့အတွက် နိုင်ငံအတွင်းက ဆက်စပ်ပတ်သက်သူတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ WWF-မြန်မာ က ရည်မှန်းထားပါတယ်။ ဦးဝင်းကိုကိုဝင်း ကို Natural Capital စာတမ်းဖတ်ပွဲ တက်ရောက်နိုင်ဖို့ ပံ့ပိုးကူညီပေးတာက မြန်မာနိ်ုင်ငံရဲ့ ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်ပါတယ်။” ဟု WWF-မြန်မာ ၏ ဌာနေညွှန်ကြားရေးမှူး Christy Williams က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဂေဟစနစ်များ ပျက်ဆီးခြင်းမှ ကာကွယ်ရန် တရားဥပဒေများထုတ်ပြန်ခြင်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ  အများအပြားထုတ်ယူမှုကို လျှော့ချခြင်း စသည့် လုပ်ဆောင်ချက်များအားဖြင့် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးမည် ဆိုသည့် ကတိကဝတ်တစ်ရပ် ပါရှိခဲ့ပါသည်။

“သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုမှာ NLD အနေနဲ့ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး ခေါင်းဆောင်ကောင်းတွေ ဖြစ်လာဖို့ လိုပါတယ်။ ရာသီဥတုပြောင်းလဲမှုက မြန်မာနိုင်ငံမှာ တကယ်ဖြစ်နေပါပြီ။ သူ့ရဲ့အကျိုးဆက်တွေက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ပိုပြီး ရေရှည်တည်တံ့တဲ့ ပတ်ဝန်းကျင်ကို ကူညီတည်ဆောက်ဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ဦးဝင်းကိုကိုဝင်းက ပြောကြားခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သန်လျင်မြို့နယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးဝင်းကိုကိုဝင်းအား WWF-မြန်မာ၏ ဌာနေညွှန်ကြားရေးမှဓးနှင့်အတူ တွေ့ရစဉ်
© WWF-Myanmar Enlarge

Comments

blog comments powered by Disqus