PR: မိုင်းလား တောရိုင်းတိရစ္ဆာန်ဈေးကွက်ကို ပိတ်သိမ်းမည့် အစီအစဉ်ကို WWF မှ ကြိုဆို | WWF

What would you like to search for?

PR: မိုင်းလား တောရိုင်းတိရစ္ဆာန်ဈေးကွက်ကို ပိတ်သိမ်းမည့် အစီအစဉ်ကို WWF မှ ကြိုဆို

09 June 2016

မိုင်းလားရှိ ထင်ရှားသော တောရိုင်းတိရစ္ဆာန်ဈေးကွက်ကို မြန်မာအစိုးရက ပိတ်သိမ်းမည့် သတင်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် WWF က မနေ့က ကြိုဆိုလိုက်ပါသည်။

ယခုသီတင်းပတ်အစောပိုင်းက Agence France-Presse (AFP) သတင်းတစ်ပုဒ်တွင် ဖော်ပြထားခဲ့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်၏ ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံတွင် တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို ကိုင်တွယ်ဖြေရှင်းရေးအတွက် “အရေးကြီးတဲ့ ခြေလှမ်း” ဖြစ်သည် ဟု WWF-မြန်မာ၏ ဌာနေညွှန်ကြားရေးမှူး ဒေါက်တာ ခရစ္စတီး ဝီလျံက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံနဲ့ ရွှေတြိဂံဒေသ အတွင်းမှာ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို မီးမောင်းထိုးပြလိုက်တာဟာ မြန်မာအစိုးရအတွက် ဂုဏ်ယူစရာပါပဲ။ ဒီလို တောရိုင်းတိရစ္ဆာန်တွေကို ရောင်းဝယ်နေမှုဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိရစ္ဆာန်တွေကို ပျက်စီးဆုတ်ယုတ်စေရုံမက စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လုံခြုံရေးကိုပါ မတည်မငြိမ် ဖြစ်စေပါတယ်။ WWF အနေနဲ့ မြန်မာအစိုးရနဲ့တကွ အခြားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ နောက်ထပ်ခြေလှမ်းတွေကို သေချာအောင် လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ဒေါက်တာ ခရစ္စတီးဝီလျံက ထပ်လောင်းပြောကြားခဲ့ပါသည်။

ရှမ်းပြည်နယ်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၏ ထိန်းချုပ်မှု လက်အောက်တွင် တည်ရှိသော မိုင်းလားဒေသသည် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသော တိရစ္ဆာန်မျိုးစိတ်များကို ပွင့်လင်းလွတ်လပ်စွာ ရောင်းဝယ်နိုင်သော အထင်ကရ ပင်မဗဟိုချက် ဖြစ်သကဲ့သို့ ကျား၊ ကြံ့ နှင့် ဆင်တို့အပါအဝင် အဓိကကျသော မျိုးစိတ်များအား မျိုးသုဉ်းပျောက်ကွယ်သွားရန် တွန်းအားပေးနေသည့် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပါသည်။ 
---------- ပြီး ----------

သိရှိလိုသည်များ ဆက်သွယ်မေးမြန်းရန်

ကိုရဲမင်းသွင်၊ ဆက်သွယ်ဆက်ဆံရေးအရာရှိ – WWF-မြန်မာ
thwin.yemin@wwfgreatermekong.org 
၀၉၇၉၅၈၂၄၀၃၈
Media Contact
Ye Min Thwin
+95 1 229 331