PR: တောရိုင်းတိရစ္ဆာန် တရားမဝင် ဈေးကွက်များ ပိတ်သိမ်းရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု စတင် | WWF

What would you like to search for?

PR: တောရိုင်းတိရစ္ဆာန် တရားမဝင် ဈေးကွက်များ ပိတ်သိမ်းရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု စတင်

16 January 2018

ရန်ကုန်၊ ဇန်နဝါရီ ၁၆။ ယနေ့တွင် မိုမိုတို့အတွက်ရင်တွင်းစကားသံ (VOICES FOR MOMOS) အဖွဲ့က ဆန္ဒကတိပြုလက်မှတ်ရေးထိုးသည့် လုပ်ရှားမှုကိုစတင်လိုက်ပြီး ၎င်းလှုပ်ရှားမှုတွင် မိုမိုတို့အတွက် လှုပ်ရှားမှုကို ထောက်ခံအားပေးပြီး ဆင်ခန္ဓာကိုယ်မှရသော ပစ္စည်းများကို ရောင်းဝယ်အသုံးပြုခြင်းမပြုကြရန် ဆန္ဒပြုလက်မှတ်ရေးထိုးသူ ၁၀ဝ၀ဝ၀ ခန့်ရရှိနိုင်မည်ဟု ရည်မှန်းထားသည်။ ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သို့ ပေးသော အိပ်ဖွင့်ပေးစာလည်း ပါဝင်မည်ဖြစ်ပြီး ထိုအိပ်ဖွင့်ပေးစာတွင် မြန်မာ့တောဆင်ရိုင်းများ ထိန်းသိမ်းစောင့်ရှောက်ရေးစီမံချက် (MECAP) အားပေးထောက်ခံကြောင်း မြန်မာပြည်သူပြည်သားများ၏ ထောက်ခံကတိပြုလက်မှတ်များ ပါဝင်သွားမည်ဖြစ်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆။    ယနေ့တွင် မိုမိုတို့အတွက်ရင်တွင်းစကားသံ (VOICES FOR MOMOS) အဖွဲ့က ဆန္ဒကတိပြုလက်မှတ်ရေးထိုးသည့် လုပ်ရှားမှုကိုစတင်လိုက်ပြီး ၎င်းလှုပ်ရှားမှုတွင် မိုမိုတို့အတွက် လှုပ်ရှားမှုကို ထောက်ခံအားပေးပြီး ဆင်ခန္ဓာကိုယ်မှရသော ပစ္စည်းများကို ရောင်းဝယ်အသုံးပြုခြင်းမပြုကြရန် ဆန္ဒပြုလက်မှတ်ရေးထိုးသူ ၁၀ဝ၀ဝ၀ ခန့်ရရှိနိုင်မည်ဟု ရည်မှန်းထားသည်။ ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သို့ ပေးသော အိပ်ဖွင့်ပေးစာလည်း ပါဝင်မည်ဖြစ်ပြီး ထိုအိပ်ဖွင့်ပေးစာတွင် မြန်မာ့တောဆင်ရိုင်းများ ထိန်းသိမ်းစောင့်ရှောက်ရေးစီမံချက် (MECAP) အားပေးထောက်ခံကြောင်း မြန်မာပြည်သူပြည်သားများ၏ ထောက်ခံကတိပြုလက်မှတ်များ ပါဝင်သွားမည်ဖြစ်သည်။

ယခုကတိပြုတောင်းခံလွှာ လက်မှတ်ရေးထိုးပွဲသည် ကော်ပိုရိတ်လုပ်ငန်းများထဲတွင် ပထမဆုံးပြုလုပ်သော လက်မှတ်ရေးထိုးပွဲတစ်ခုဖြစ်သည်ဟု ရွှေတောင်လုပ်ငန်းစုမှ ကြေညာခဲ့ပြီး ရွှေတောင်လုပ်ငန်းစုသည် ၎င်း၏ ၇၀ဝ၀ ခန့်ရှိသော ဝန်ထမ်းများနှင့် တောဆင်ရိုင်းများကိုကာကွယ်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ “ကျွန်မတို့ အတူတကွလုပ်ဆောင်ပြီးမိုမိုတို့ကို ကာကွယ်ကြရအောင်ပါ။ ကျွန်မတို့ ဆန္ဒကတိပြုလက်မှတ်ကိုရေးထိုးသွားမှာဖြစ်သလို အများပြည်သူကိုလည်း အတူတူပါဝင်လက်မှတ်ရေးထိုးကြဖို့ တိုက်တွန်းပါတယ်” ဟု ဒေါ်စန္ဒာထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်များသည် တစ်ပတ်လျှင် တစ်ကောင်နှုန်းဖြင့် အမဲလိုက်သတ်ဖြတ်ခံနေရသည်။ ဆင်အရေပြား၊ ဆင်အမြီး၊ ဆင်သွားနှင့် ဆင်စွယ်များကို ကျိုက်ထီးရိုးဘုရားတွင် ရောင်းချလျက်ရှိပြီး ဆင်စွယ်အလှဆင်ဆက်စပ် ပစ္စည်းများကို ရန်ကုန်နှင့် မန္တလေးတို့တွင် ရောင်းချလျက်ရှိသည်။ မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော တရုတ်နိုင်ငံအပါအဝင် ရွှေတြိဂံဟုနာမည်ကြီးသော မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်နေသော နယ်စပ်ဒေသများတွင် အကြီးအကျယ်ရောင်းဝယ်ဖောက်ကားကြသော ဈေးကွက်ကြီးများရှိနေသည်။ ဆင်အရေပြားများကို ရိုးရာဆေးမြီးတိုများ ဖော်စပ်ရန်အတွက်သော်လည်းကောင်း၊ အရောင်တင်ပြီးပုတီးလုံးလေးများနှင့် တွဲစပ်ကာ ကံကောင်းစေသောလက်ကောက်များ ပြုလုပ်ရန်အတွက်သော်လည်းကောင်း ရောင်းဝယ်ဖောက်ကားကြသည်။ ဆင်အမြီးများကို ငွေလက်စွပ်အတွင်းသို့ထည့်ကာ ကံကောင်းစေသောအဆောင်တစ်ခုအဖြစ် အသုံးပြုဝတ်ဆင်လျက်ရှိသည်။

WWF-မြန်မာ မှ ထိန်းသိမ်းရေး အစီအစဉ် ညွှန်ကြားရေးမှူး မစ္စတာ နီကိုလပ်စ် ကော့စ် က “ မြန်မာနိုင်ငံမှာ ဆင်နဲ့ အခြားတောရိုင်းတိရစ္ဆာန်ထွက်ကုန်ပစ္စည်းတွေကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားနေကြတာတွေကို အဆုံးသတ်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။ တရုတ်နိုင်ငံမှာဆိုရင်လည်း ပြည်တွင်းမှာ ဆင်စွယ်တွေ ရောင်းဝယ်ဖောက်ကားမှုကို ပိတ်ပစ်လိုက်ပါပြီ။ အဲဒါက တကယ်ကြီးမားတဲ ့ခြေလှမ်းကောင်းတစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေက ဆင်ခန္ဓာကိုယ်ကရတဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာရောင်းဝယ်ဖောက်ကားနေကြတာတွေကို မရပ်တန့်ပစ်ဘူးဆိုရင် ရောင်းဝယ်ဖောက်ကားမှုတွေဟာ နယ်စပ်ကနေဖြတ်ကျော်ပြီး ဆက်ဖြစ်နေဦးမှာပါပဲ။ ကျွန်တော်တို့တွေဟာ ကမ္ဘာလှည့်ခရီးသွားတွေကို မြန်မာနိုင်ငံဟာ တရားမဝင်တောရိုင်းတိရစ္ဆာန်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတဲ့နေရာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် ပြရပါမယ်။ ဒီတရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွေကိုလည်း မြန်မာ့မြေပေါ်ကနေ လုံးဝပပျောက်သွားအောင် လုပ်ဆောင်ရပါမယ်” ဟု ပြောကြားခဲ့သည်။

မြန်မာအနုပညာရှင် အာကာကျော်၏ “ဆင်တွေကိုချစ်တယ်” (We Love Elephants) လူအများကြည့်ရှုခံစားနိုင်သည့် အနုပညာပြပွဲ ကို ယနေ့မှစတင်၍ Junction City တွင် ပြသသွားမည်ဖြစ်သည်။ ယင်းဆင်ရုပ်ကြီးများကို Junction Square တွင် ၃ ပတ်ကြာ ပြသထားခဲ့ပြီး Junction City တွင်မူ ယခုဇန်နဝါရီလကုန်အထိ ကုန်တိုက်၏မြေညီထပ် ဝင်ပေါက်ခန်းမအတွင်း အများပြည်သူကြည့်ရှုနိုင်စေရန် ပြသထားမည်ဖြစ်သည်။ ထို့ပြင် မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) ၏ လူထုဝန်ဆောင်မှုကြေညာချက်များ (PSA) နှင့် ဆင်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကုန်တိုက်၏ အတွင်းနှင့် အပြင်ရှိ ဒစ်ဂျစ်တယ်မျက်နှာပြင်များတွင် ပြသသွားမည်ဖြစ်သည်။

ဆန္ဒကတိပြုလက်မှတ်တောင်းခံသော မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) ဗီဒီယိုကို ပွဲဦးထွက်ပြသသွားမည်ဖြစ်သည်။ မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) ဗီဒီယိုကို မြန်မာနိုင်ငံအတွင်းနေရာ (၇) နေရာရှိ JGCV ၏ ရုပ်ရှင်ရုံ ၁၉ ရုံ (JCGV City Mall (St. John), JCGV Square, JCGV မော်တင်, JCGV Junction City, JCGV မင်္ဂလာ (မန္တလေး), JCGV မော်လမြိုင်, JCGV နေပြည်တော်) တို့တွင် တစ်နေ့ ၄ ကြိမ်နှင့် တစ်လတိတိ ပြသသွားမည်ဖြစ်သည်။

ပထမ ဗီဒီယိုတွင် အနုပညာရှင် အာကာကျော်ပါဝင်ထားပြီး အခြားနယ်ပယ်အရပ်ရပ်မှ နာမည်ကျော်ပုဂ္ဂိုလ်များလည်း ကတိပြုတောင်းခံလွှာတွင် လူအများအပြားပါဝင် လက်မှတ်ရေးထိုးရန်အတွက် လူထုကိုဆော်သြသည့်ကမ်ပိန်းတွင် ပါဝင်လာရန် မျှော်မှန်းထားသည်။ ကတိပြုတောင်းခံလွှာတွင် လက်မှတ်ရေးထိုးကြမည့်သူများသည် Junction City ရှိ VOICES FOR MOMOS လက်မှတ်ရေးထိုးရန် နေရာတွင်သော်လည်းကောင်း၊ အွန်လိုင်းရှိ www.voicesformomos.org/petition တွင်သော်လည်းကောင်း လက်မှတ်ရေးထိုးနိုင်ကြသည်။

Junction City သည် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းဆုံတွင် တည်ရှိပြီး ရွှေတောင်လုပ်ငန်းစု၏ မကြာသေးခင်ကမှတည်ဆောက်ထားသော ကမ္ဘာ့အဆင့်အတန်းမီ အဆောက်အဦကြီးဖြစ်သည်။ ထိုခေတ်မီအဆောက်အဦကြီးတွင် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ဖျော်ဖြေရေးနေရာများ၊ ရုံးခန်းဖွင့်လှစ်ရန် Grade A အဆင့်ရှိ ရုံးခန်းနေရာများ နှင့် နိုင်ငံတကာအဆင့် ကြယ်ငါးပွင့်အဆင့်ရှိ Pan Pacific Hotel & Resorts တို့ ပါဝင်သည်။ JGCV Cinema Company’s Starium Theatre သည်လည်း မြန်မာနိုင်ငံတွင် ရုပ်ရှင်ပြသသည့် မျက်နှာပြင်အကြီးဆုံးနှင့် ရုပ်ရှင်ရုံများထဲတွင် ရုပ်ရှင်ပြသသည့် မျက်နှာပြင်အရေအတွက် အများဆုံးရှိသော ရုပ်ရှင်ရုံတစ်ခုဖြစ်သည်။

                                                 ----- ပြီး -----

ရွှေတောင်လုပ်ငန်းစုအကြောင်း

ရွှေတောင်လုပ်ငန်းစုကို ၁၉၉၀ ခုနှစ်ကာလတွင်း စတင်တည်ထောင်ခဲ့ပြီး အိမ်ခြံမြေလုပ်ငန်း၊ အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် ကုန်စည်ဖြန့်ဖြူးရေးလုပ်ငန်း အစရှိသည့် ကျယ်ပြန့်သော လုပ်ငန်းနယ်ပယ်အများအပြားတွင် မတူညီသောလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းစုအနေဖြင့် ဝန်ထမ်းအင်အား ၇၀ဝ၀ ကျော်ဖြင့် နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်း အရည်အသွေးမြင့်မားသော အိမ်ခြံမြေပရောဂျက်များကို တည်ဆောက်ပေးနိုင်ခဲ့သည့် ဂုဏ်သတင်းရှိသော လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ ၎င်းအနေဖြင့် ရန်ကုန်မြို့တွင် လူသိများထင်ရှားသည့် Crystal Tower ၊ Crystal Residences ၊ Junction Square ၊ Union Business Centre ၊ Union Financial Centre နှင့် Junction City တို့အပါအဝင် မြေဧက ၈၀ဝ ကျော်တွင် လုပ်ငန်းပရောဂျက်ပေါင်း ၅၀ ကျော်ကို ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်သည်။  လုပ်ငန်းစုအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ လူမှုအဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်ကို ၎င်း၏ကျယ်ပြောလှသည့် လူမှုတာဝန်သိလုပ်ငန်းအစီအစဉ် အများအပြားမှတဆင့် အကျိုးပြုနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး United Nations Global Compact တွင် ၂၀၁၃ ခုနှစ်ကတည်းကပင် အဖွဲ့ဝင်ဖြစ်ခဲ့သည်။ 

မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) အကြောင်း

မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) ဆိုသည်မှာ မြန်မာ့ဆင်များအမဲလိုက်သတ်ဖြတ်ခံနေရသည့် ပြဿနာကိုတုံ့ပြန် ဖြေရှင်းနိုင်ရန်၊ မြန်မာနိုင်ငံရှိတောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင်ကုန်သွယ်မှု ပြုလုပ်နေသည့် ကိစ္စကို အဆုံးသတ်စေရန်အတွက် ကဏ္ဍအသီးသီးမှ လူတစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းလိုက် သော်လည်းကောင်း၊ လူထုတစ်ရပ်လုံး ပါဝင်လာစေရန် တိုက်တွန်းအသိပညာပေးသည့် လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။ ဤလုပ်ဆောင်မှုကြီးအကြောင်းနှင့် ဤလုပ်ဆောင်မှုကြီး ပူးပေါင်းပါဝင်နိုင်ရန် http://www.voicesformomos.org/ တွင် ဝင်ရောက်ကြည်ရှု လေ့လာနိုင်ပါသည်။
 
Media Contact
Saw Linn Htet
+95 1 229331