| WWF


 
	© AP

Join our panda family

ကမ္ဘာဂြိုဟ်ကို ကယ်တင်ခြင်းဟာ ကျွန်ုပ်တို့ နေ့စဉ်အလုပ်ပါ။ သင့်အတွက် အလုပ်လည်း ဖြစ်နိုင်ပါတယ်။
ကမ္ဘာကြီးကို ပြောင်းလဲပေးနေတဲ့ အဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ အဆင်သင့် အနေအထားနဲ့  မနက်တိုင်း အိပ်ယာက နိုးထလာရမယ့် သင့်ကိုယ်သင် တွေးမြင်ကြည့်ပါ။ နောင်လာမယ့် မျိုးဆက်တွေအတွက် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းရင်း သင့်အသက်မွေးမှုကို တည်ဆောက်နေမှာကို တွေးကြည့်ပါ။ WWF မှာ ဝန်ထမ်းအနေနဲ့ နေ့စဉ် ပြောင်းလဲမှုတွေ ဖန်တီးနေရတယ် ဆိုတာ နားလည်ကြပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန်တွေကို အလေးထားတဲ့ စိတ်ဓာတ် ရှိပြီး အရည်အချင်း ပြည့်ဝ ဗဟုသုတနှံ့စပ်သူ၊ ကျွန်တော်တို့လိုပင် ကမ္ဘာကြီးကို ပြောင်းလဲလို့ ရနိုင်သည်ဟု အကောင်းမြင်သူနဲ့ အပြောင်းအလဲတစ်ခုကို ပြုလုပ်ရန် အခိုင်အမာ ဆုံးဖြတ်ထားသူများကို ရွေးချယ် ခန့်ထားနေပါတယ်။

သင်ရော ဒီလိုလူတွေထဲက တစ်ယောက်ဖြစ်ပါသလား။ ဒါဆိုရင်တော့ ကျွန်တော်တို့အဖွဲ့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါရစေ။ 

လုပ်ငန်းခွင် တည်နေရာ

WWF-မြန်မာမှာ ဝန်ထမ်းပေါင်း ၃၀ ဝန်းကျင်ရှိပြီး အချိန်တိုင်း တိုးပွားလျက်ရှိပါသည်။ အများစုမှာ ရန်ကုန်တွင် အခြေစိုက်ပြီး အချို့မှာ ထားဝယ်တွင် အခြေစိုက် လုပ်ကိုင်ကြပါသည်။

WWF ဝန်ထမ်းများရဲ့ စကားသံ

 rel=
© WWF-Myanmar

WWF-မြန်မာက မိသားစုတစ်စုလိုပါပဲ။ ကျွန်မတို့အားလုံး ကျွမ်းကျင်မှုအခြေခံ မျိုးစုံနဲ့ မတူညီတဲ့နေရာဒေသတွေက လာကြပေမယ့် မြန်မာ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့နဲ့ ကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ဖို့ စိတ်အားထက်သန်ကြတာချင်း တူကြပါတယ်။ ကျွန်မရဲ့အလုပ်ကနေတဆင့် ကျွန်မနိုင်ငံရဲ့ အနာဂတ်အတွက် အခန်းကဏ္ဍတစ်ခုကနေ ပါဝင် ထမ်းဆောင်နေရတယ်ဆိုတာကို တွေးမိတိုင်း စိတ်လှုပ်ရှားမိပါတယ်။

မေမိုးဝါ - စီမံဆောင်ရွက်ရေး မန်နေဂျာ

 rel=
Margaret Nyein Nyein Myint, Administrator of WWF-Myanmar
© WWF-Myanmar

ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ခုမှာ ပါဝင်လုပ်ကိုင်ရပြီး နိုင်ငံရဲ့အနာဂတ်အတွက် ပြောင်းလဲမှုတွေကို လက်တွဲကူညီ ဖန်တီးရတာ ဂုဏ်ယူစရာပါပဲ။ WWF မှာ အလုပ်လုပ်ခြင်းရဲ့ အကောင်းဆုံးအချက်ကတော့ အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပန်ဒါအဖွဲ့က အရမ်းထူးခြားပါတယ်။ ကျွန်မတို့အားလုံး ပန်ဒါအဖွဲ့ဝင်ဖြစ်ရတာ တကယ်ပဲ ဂုဏ်ယူမိပါတယ်။

မာဂရက် ငြိမ်းငြိမ်းမြင့် - အုပ်ချုပ်ရေးဝန်ထမ်း