EFN ရန်ပုံငွေ | WWF

EFN ရန်ပုံငွေ



 rel=
WWF’s Russell E. Train Education for Nature Program
© EFN
ပတ်ဝန်းကျင် ထိန်းသိမ်းသူများအတွက် ရန်ပုံငွေ အခွင့်အလမ်းများ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဇီဝမျိုးကွဲများ ထိန်းသိမ်းရေး စသည့် လုပ်ငန်းများ အောင်မြင်စေရေးအတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်ကို WWF က ကောင်းစွာ နားလည် သဘောပေါက်ပါသည်။ ထို့ကြောင့်လည်း အာဖရိက၊ အာရှနှင့် လက်တင်အမေရိကတို့မှ အလားအလာရှိသော ပညာရှင်များအား ၎င်းတို့ နိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှု အရည်အသွေးများ ရရှိစေရန် Russell E. Train Education for Nature (EFN) အစီအစဉ်ဖြင့် နှစ်ပေါင်း ၂၀ ကျော် ကြာအောင် ငွေကြေး ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ပါသည်။ EFN သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများအား ဘွဲ့လွန်သင်တန်းများနှင့် ကာလတို သင်တန်းများ တက်ရောက်နိုင်စေရန်နှင့် WWF ၏ ဦးစားပေး ဒေသများမှ ဒေသခံ အဖွဲ့အစည်းများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးပါသည်။

WWF ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သည့် ကွယ်လွန်သူ Russell E. Train အား ဂုဏ်ပြုသောအားဖြင့် ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့သော EFN အစီအစဉ်သည် သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်မှုကို နေ့စဉ် ထိတွေ့လုပ်ကိုင်နေသည့် ဒေသခံများ၏ လက်တွင်း အပ်နှင်းရမည်ဟူသည့် မစ္တတာ ထရိန်း၏ အမြင်ကို လက်ကိုင်ထားပါသည်။

၂၀၀၀

ကျော်သော ကမ္ဘာအဝှမ်းမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား EFN Grant များ ပေးအပ်ခဲ့ပြီး ဖြစ်သည်။