ပညာသင်ဆု | WWF

ပညာသင်ဆု



Russell E. Train Fellowships သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော ဘွဲ့လွန်သင်တန်း (မဟာဘွဲ့ သို့မဟုတ် ပါရဂူဘွဲ) တက်ရောက်မည့်သူများအား နှစ်စဉ် ထောက်ပံ့ပေးနေသော ပညာသင်ဆုဖြစ်ပြီး Faculty Fellowships သည် တက္ကသိုလ်မှ ဆရာ/ ဆရာမများအား လူမှုသိပ္ပံ၊ သဘာဝသိပ္ပံနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များ၏ ပါရဂူဘွဲ့သင်တန်းများ တက်ရောက်နိုင်ရန် ပေးအပ်သော ပညာသင်ဆု ဖြစ်ပါသည်။
လျှောက်ထားသူသည် ကမ္ဘာတဝှမ်းရှိ နှစ်သက်ရာ တက္ကသိုလ်ကို ရွေးချယ် လျှောက်ထားနိုင်ကာ ပညာသင်စရိတ် (သုတေသနစရိတ် အပါအဝင်) တစ်နှစ်လျှင် အများဆုံး ဒေါ်လာ ၃၀၀၀၀ ဖြင့် Fellowship အတွက် ၂ နှစ်နှင့် Faculty Fellowships အတွက် ၃ နှစ်အထိ လျှောက်ထားနိုင်ပါသည်။

လျှောက်ထားမည့်သူသည် -
  • မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ရထားသူ ဖြစ်ရမည်။
  • Fellowships လျှောက်ထားပါက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်  ဆက်နွယ်သော အလုပ် သို့မဟုတ် သုတေသန အတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိရမည်။
  • Faculty Fellowships လျှောက်ထားပါက မြန်မာနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်း သင်ကြားရေး အတွေ့အကြုံ ၂ နှစ်နှင့်အထက် ရှိရမည်။
  • Fellowships လျှောက်ထားပါက ပညာသင်ယူပြီးမြောက်လျှင် မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆက်နွယ်သော အလုပ်ကို ၂ နှစ် ပြန်လည် လုပ်ဆောင်ပေးနိုင်ရမည်။
  • Faculty Fellowships လျှောက်ထားပါက ပညာသင်ယူပြီးမြောက်လျှင် မြန်မာနိုင်ငံရှိ တက္ကသိုလ် တစ်ခုခုတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆက်နွယ်သော ဘွဲ့လွန်သင်တန်းကို ပြန်လည် ပို့ချပေးရမည်။
  • တက်ရောက်မည့် တက္ကသိုလ်မှ တက်ရောက်ခွင့်ပြုကြောင်း သို့မဟုတ် လျှောက်ထားပြီးကြောင်း ထောက်ခံစာ ရှိရမည်။
  • အခြား ပညာသင်ဆု ရထားပြီးသူများလည်း လျှောက်ထားနိုင်ပါသည်။

အသေးစိတ် သိရှိလိုသည်များကို ဦးသီဟဦး၊ WWF-Myanmar၊ ဖုန်း ၀၉-၉၇၅၅၅၁၀၁၀ သို့မဟုတ် email - thiha.oo@wwfgreatermekong.org သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနေရတဲ့ မြန်မာနိုင်ငံက ကျွန်တော့်ကို သဘာဝအရင်းအမြစ်တွေ စီမံခန့်ခွဲပုံ၊ ရာသီဥတုပြောင်းလဲမှုကို အလိုက်သင့် တုံ့ပြန်မှု နည်းလမ်းတွေ၊ ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံမှုတွေနဲ့ ပတ်သက်ပြီး ဆက်လက် သင်ယူ လေ့လာနိုင်ဖို့ အခွင့်အလမ်း ဖန်တီးပေးခဲ့တဲ့ WWF ရဲ့ EFN အစီအစဉ်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ 

ကိုအောင်ထွန်းဦး၊ EFN ပညာသင်ဆုရှင်