WWF-မြန်မာ နှစ်ပတ်လည် အစီရင်ခံစာ ၂၀၁၆ | WWF

WWF-မြန်မာ နှစ်ပတ်လည် အစီရင်ခံစာ ၂၀၁၆



Posted on 21 June 2017
WWF-Myanmar Annual Report 2016
© WWF-Myanmar
WWF-မြန်မာအနေ နဲ့ မြန်မာနိုင်ငံကို သူ့ရဲ့ များပြားလှတဲ့ သစ်တောတွေ နဲ့ စုံလင်လှတဲ့ သားငှက်တိရစ္ဆာန်တွေ ကို နောင်လာမည့် မျိုးဆက်သစ်တွေ အတွက် ထိန်းသိမ်းရင်း ရေ ရှည်တည်တံ့နိုင်တဲ့နည်းနဲ့ ဖွံ့ ဖြိုးတိုးတက်လာဖို့ မျှော်မှန်းထားပါတယ်။

စီမံကိန်းနယ်မြေ အတွင်း ကင်မရာထောင်ချောက်များ တပ်ဆင်ခြ င်းမှသည် နိုင်ငံ၏ သဘာဝ အရင်းအနှီးများအား ဆန်းစစ်ရန် အစိုးရအား ပံ့ပိုးကူညီခြ င်းနှင့် ပုဂ္ဂလိကကဏ္ဍတွင် ရေ ရှည် တည်တံ့ရေးဦးတည်သော စီးပွားရေးပုံစံ ဖြ စ်လာရေး ထိတွေ့လုပ်ဆောင်ခြ င်းထိအောင် ကျွန်တော်တို့ရဲ့ လုပ်ငန်းကဏ္ဍတိုင်းမှာ ဒီမျှော်မှန်းချက်က မောင်းနှင်အား ဖြ စ်ပါတယ်။ ဒီမျှော်မှန်းချက်ကို ရရှိအောင်မြင်ရေးအတွက် ကျွန်တော်တို့ လုပ်ဆောင် ကြိုးပမ်းမှုတွေ က ကျွန်တော်တို့ရဲ့ ဦးစားပေး မျိုးစိတ်တွေ ဖြ စ်တဲ့ ကျား၊ အာရှဆင်နဲ့ ဧရာဝတီလင်းပိုင်တွေ နဲ့အတူ ကျွန်တော်တို့ရဲ့ ဦးစားပေး ဒေ သတွေဖြ စ်တဲ့ ဒေါန-တနင်္သာ ရီ တောင်တန်းဒေ သနဲ့ မဟာ ဧရာဝတီ မြစ်ဝှမ်းဒေ သတို့ကိုပါ အကျိုးသက်ရောက်မှု ရှိမှာ ဖြ စ်ပါတယ်။

ဒီမျိုးစိတ်တွေ ရဲ့ အခြေ အနေ နဲ့ မြန်မာ့ သဘာဝအရင်းအနှီးတွေ ရဲ့ ကြံ့ခိုင် သန်စွမ်းမှုတို့က WWF-မြန်မာရဲ့ သမိုင်းမှတ်တိုင် ဖြ စ်ပြီး ဒီမှတ်တိုင် စိုက်ထူနိုင်ဖို့ မိတ်ဆွေ တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ မြန်မာနိုင်ငံဟာ အလားအလာကောင်းတွေ ရှိနေပြီး ပူးပေါင်းဆောင်ရွက်တတ်တဲ့ အစိုးရနဲ့ တခြားနိုင်ငံတွေ ရဲ့ အမှားတွေ ကနေ သင်ခန်းစာယူနိုင်မယ့် အခွင့်အရေးတို့ကိုလည်း ရရှိထားပါတယ်။ သို့ပေမ ယ့် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဘက်ပေါင်းစုံက အံ့ဩမှင်သက်လောက်အောင် ပြောင်းလဲနေ တာမို့ စိန်ခေါ်မှု အများအပြားနဲ့လည်း ရင်ဆိုင်နေ ရပါတယ်။ ဒီကနေ ့ ချမှတ်လိုက်တဲ့ ဆုံးဖြ တ်ချက်တွေ ဟာ မနက်ဖြ န်မှာ မွေးဖွားလာမယ့် မျိုးဆက်တွေ အပေါ် သက်ရောက်မှု ရှိမှာ ဖြ စ်ပါတယ်။ WWF အနေ နဲ့ ဒီလောက် အရေးကြီးလှတဲ့ အခြေ အနေ အချိန်အခါမျိုးကို တစ်ခါဖူးမျှ မကြုံဆုံဖူးခဲ့ပါဘူး။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့မှာ ဒုတိယအခွင့်အရေးဆိုတာ အလွန် ရဖို့ခဲယဉ်းပေမ ယ့် မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှအတွက် ဒုတိယ အခွင့်အရေးလို့ ဆိုနိုင်ပါတယ်။ ဒီလို အခွင့်အရေးကို ကျွန်တော်တို့တွေ ရတုန်းရခိုက် အမိအရ ဆုတ်ကိုင်နိုင်ဖို့ လိုပါတယ်။ အတူတကွ ကြိုးပမ်းကြမ ယ်ဆိုရင် မြန်မာနိုင်ငံကို တိုးတက်မှုပုံစံ အသစ်တစ်ခု ရယူပြီး စိမ်းလန်းစိုပြ ည်စွာနဲ့ပဲ တိုးတက် ဖွံ ဖြိုးဝေ စည်နိုင်ကြောင်း ပြ သနိုင်အောင် ကူညီပေးနိုင်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ လူသားတို့အတွက် အတူတကွ ကြိုးပမ်းကြရင် ဖြ စ်နိုင်ပါတယ်။
WWF-Myanmar Annual Report 2016
© WWF-Myanmar Enlarge