စတေးခံမြစ်များ | WWF

What would you like to search for?

စတေးခံမြစ်များ

ဧရာဝတီမြစ်ကြီးဆိုတာ အထွက်နှုန်းမြင့် စိုက်ခင်းတွေအတွက် မြေဆီသြဇာနဲ့ နံနက်၊ နေ့လည်နဲ့ ညစာအတွက် ငါးသယံဇာတတွေကို ထောက်ပံ့ပေးနေရုံ မျှမက သယ်ယူပို့ဆောင်ရေးအတွက် ရေယာဉ်တွေ ဖြတ်သန်း သွားလာနိုင်စေပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် မြို့ရွာတွေ ရေနစ်မြုပ်စေမယ့် အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ စည်းကမ်းမဲ့ အပြုအမူတွေကပဲ မြစ်ကြီးကို အဓိက ခြိမ်းခြောက်နေပြီး အကျိုးဆက်အဖြစ် မျှော်လင့်မထားတဲ့ ကပ်ဘေးတွေ ရုတ်တရက်ကျရောက် စေနိုင်ပါတယ်။

အန္တရာယ်ရှိသော ငါးဖမ်းနည်းများ

“သဘာဝနဲ့ သဟဇာတ မဖြစ်တဲ့ ငါးဖမ်းနည်းတွေဟာ အရေးပါတဲ့ ငါးသယံဇာတတွေကို ပျောက်ကွယ်သွားစေနိုင်ပါတယ်။ လက်ရှိအချိန်မှာလဲ မြစ်ကြီးထဲမှာ ကျင်လည်ကျက်စားနေတဲ့ လင်းပိုင်အရေအတွက် အနည်းငယ်သာ ကျန်ရှိပါတော့တယ်။”

ငါး အရင်းအမြစ်က မူလကပင် အန္တရာယ်ကျရောက်နေတဲ့ အနေအထား ရှိနေချိန်မှာ ငါးစားသုံးမှု မြင့်တက်လာတာနဲ့အမျှ တချို့ ငါးဖမ်းသူတွေက ဝါးတုတ်များမှာ ကားဘက်ထရီကို ချိတ်ဆက်ပြီး ငါးအမြောက်အများ သေစေနိုင်တဲ့ ငါးဖမ်းနည်းတွေကို ပိုမို လုပ်ဆောင်လာကြပါတယ်။ ဒီလို ဘက်ထရီသုံးတာက ငါးတွေကို သာမက မြစ်တွင်းက တခြား မျိုးစိတ်တွေကိုပါ သေစေလို့ ဧရာဝတီလင်းပိုင်တွေကိုပါ ဆိုးရွားစွာ အန္တရာယ်ဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီလင်းပိုင် အကောင် ၆၀ သာ ကျန်တော့တာကြောင့် အခုက ဒီလင်းပိုင်တွေအတွက် နောက်ဆုံးအချိန်များလားရယ်လို့ တွေးဆစရာ ဖြစ်လာပါတယ်။

မြစ်သဲကျောက် တူးဖော်ခြင်း

"ဧရာဝတီ မြစ်ကြီးရဲ့ နုန်းအနယ်ပို့ချမှု ဖြစ်စဉ်ဟာ တိုင်းပြည် တစ်ခုလုံးအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ ပေးနေသလို ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် မြို့ရွာတွေ ရေနစ်မြုပ်စေမယ့် အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။"

ငါး အရင်းအမြစ်က မူလကပင် အန္တရာယ်ကျရောက်နေတဲ့ အနေအထား ရှိနေချိန်မှာ ငါးစားသုံးမှု မြင့်တက်လာတာနဲ့အမျှ တချို့ ငါးဖမ်းသူတွေက ဝါးတုတ်များမှာ ကားဘက်ထရီကို ချိတ်ဆက်ပြီး ငါးအမြောက်အများ သေစေနိုင်တဲ့ ငါးဖမ်းနည်းတွေကို ပိုမို လုပ်ဆောင်လာကြပါတယ်။ ဒီလို ဘက်ထရီသုံးတာက ငါးတွေကို သာမက မြစ်တွင်းက တခြား မျိုးစိတ်တွေကိုပါ သေစေလို့ ဧရာဝတီလင်းပိုင်တွေကိုပါ ဆိုးရွားစွာ အန္တရာယ်ဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီလင်းပိုင် အကောင် ၆၀ သာ ကျန်တော့တာကြောင့် အခုက ဒီလင်းပိုင်တွေအတွက် နောက်ဆုံးအချိန်များလားရယ်လို့ တွေးဆစရာ ဖြစ်လာပါတယ်။

ရေအားလျှပ်စစ် ဆည်များ

“ရေအားလျှပ်စစ် ထုတ်ယူမယ့် ဆည်တွေနဲ့ပတ်သက်ပြီး သဘာဝနဲ့ သဟဇာတဖြစ်မယ့် နည်းလမ်းတွေကို ပိုအာရုံစိုက်ဖို့ လိုပါတယ်။”

ဆည်တွေဟာ အတားအဆီးတွေပါ။ ဆည်တွေဟာ ရေနေသတ္တဝါမျိုးစိတ်တွေ ကူးသန်းသွားလာမှုကို တားဆီးထားပါတယ်။ ဒါကြောင့် မြစ်ထဲမှာ ငါးအရေအတွက် နည်းပါးသွားပြီး၊ မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်တဲ့ လူဦးရေ သန်း ၄၀ လောက်ကို အစာရေစာ ပြတ်လတ်သွားစေနိုင်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ကြွယ်ဝလှတဲ့ မြေဆီသြဇာတွေ ကိုလည်း ဆည်တွေ က တားဆီးထားပါတယ်။ လူဦးရေရဲ့ သုံးပုံနှစ်ပုံ ဟာ စိုက်ပျိုးရေး လုပ်ငန်းတွေကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင် နေရချိန်မှာ ဆည်တွေရဲ့ အကျိုးဆက်တွေကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အတွက် ကပ်ဘေးတွေ ကျရောက်စေနိုင်ပါတယ်။

သတင်းကောင်း

ဧရာဝတီကို ကာကွယ်ဖို့ နောက်မကျသေးပါ။ အားလုံးပူးပေါင်း လုပ်ဆောင်ကြရင် ဖွံ့ဖြိုးရေးနဲ့ ဒီအသက်သွေးကြောကြီးရဲ့ အနာဂတ် ကာကွယ်ပေးနိုင်မှုကြားက မျှချေကို ရှာတွေ့နိုင်မှာပါ။

လင်းပိုင်တို့ ရှင်သန်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်း

“ကောင်ရေ ၆၀ မျှသာ ကျန်ရှိတော့တဲ့ ဧရာဝတီ လင်းပိုင်တွေဟာ မျိုးသုဉ်းမှာ စိုးရိမ်နေရတဲ့ မျိုးစိတ် ဖြစ်ပေမယ့် တံငါသည်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးက ဒီမျိုးစိတ်ကို ကယ်တင်နိုင်ဖွယ် ရှိပါတယ်။”

တံငါနဲ့ ဧရာဝတီလင်းပိုင်တို့ ပူးပေါင်း ငါးဖမ်းကြတဲ့ နည်းလမ်းကို ကမ္ဘာ့တခြားနေရာတွေမှာ တွေ့ရဖို့ မရှိပါဘူး။ ဒါပေမယ့် ငါးကောင်ရေ လျော့ကျလာတာနဲ့ အန္တရာယ်များတဲ့ လျှပ်စစ်ရှော့တိုက် ငါးဖမ်းတဲ့ နည်းလမ်းကို တံငါတွေ သုံးလာကြတာကြောင့် ဒီအလေ့အထကို ဆုံးရှုံးရဖွယ် အခြေအနေမှာ ပူးပေါင်း ငါးဖမ်းကြပုံကို လေ့လာဖို့ လာရောက်ကြမယ့် ခရီးသည်တွေအတွက် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း အလားအလာက တံငါသည်တို့ရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ပြေလျော့စေနိုင်သလို လင်းပိုင်မျိုးစိတ်ကို ထိန်းသိမ်းစေဖို့ ဆွဲဆောင်အားလည်း ဖြစ်ပါတယ်။

အဖိုးမဖြတ်နိုင်သော ဧရာဝတီ
read more

“ဧရာဝတီမြစ်ကြီးဟာ မြန်မာ့ စီးပွားရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အဓိက မောင်းနှင်အား ဖြစ်ပါတယ်။”

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှုက မြန်မာ့စီးပွားရေးကို အကျိုးရှိစေပါတယ်၊ ပြီးတော့ လက်ရှိ နိုင်ငံတကာ ခရီးသွားတွေ လာရောက်လည်ပတ်ကြတဲ့နေရာ တော်တော်များကလည်း ဧရာဝတီမြစ်ဝှမ်းဒေသ တစ်ဝိုက်မှာရှိနေတာပါ။ ဒီလို ခရီးသွားလုပ်ငန်းတွေက ဒီဒေသရဲ့ သဘာဝအလှတရားတွေကို မြစ်သဲကျောက်တူးဖော်ခြင်းနဲ့ ရေအားလျှပ်စစ်ဆည်လို ဆိုးရွားတဲ့ စီမံကိန်းတွေရန်ကနေ ကာကွယ်ဖို့အတွက် ကောင်းမွန်တဲ့ အကြောင်းပြချက်တစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ ဧရာဝတီလင်းပိုင်တွေကလည်း နိုင်ငံခြားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုကို အတော်အတန်ရရှိစေပါတယ်။ ဆိုလိုတာကတော့ သဘာဝခရီးသွားလုပ်ငန်းတွေအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပြီး လင်းပိုင်တွေရဲ့ ဌာနီဒေသဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကိုလည်း ကာကွယ်ဖို့အတွက် ငွေကြေးအင်အားတစ်ခု ဖြစ်စေပါတယ်။

ရေအားလျှပ်စစ် အစားထိုး
ပြန်ပြည့်မြဲစွမ်းအင် Read more

“ပြန်ပြည့်မြဲစွမ်းအင် ရင်းမြစ် အမြောက်အများ ရှိနေတာကြောင့် ရေအားလျှပ်စစ် ထုတ်ဖို့အတွက်နဲ့ ဧရာဝတီ မြစ်ကြီးကို ပိတ်ဆို့ပစ်ဖို့ မလိုအပ်ပါဘူး။”

နေ၊ လေ၊ ဘူမိအပူ၊ ဇီဝလောင်စာနဲ့ ပင်လယ်တို့လို ပြန်ပြည့်မြဲစွမ်းအင် ရင်းမြစ်တွေ ပေါကြွယ်ဝလှတဲ့ မြန်မာနိုင်ငံမှာ ပြန်ပြည့်မြဲ အစိမ်းရောင် စွမ်းအင်ကို ၁၀၀% အသုံးပြုပြီး လည်ပတ်တဲ့ အနာဂတ်တစ်ခုက ဖြစ်မလာနိုင်စရာ အကြောင်း မရှိပါဘူး။

ရေချိုအရင်းအမြစ်ကဏ္ဍဆိုင်ရာ အစီအစဉ်က ပြည်သူလူထု၊ စီပွားရေးအဖွဲ့အစည်းတွေ၊ စက်မှုလုပ်ငန်း၊ အစိုးရတို့နဲ့ ပူးပေါင်းပြီး ဒီမြစ်ကြီးအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေတဲ့ ကျွန်တော်တို့တွေရဲ့ ဆောင်ရွက်မှုတွေကို တစ်နိုင်လုံးအတိုင်းအတာနဲ့ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်နေပါတယ်။

From the field