လျော့ပါးကျဉ်းမြောင်းလာသော သစ်တောများ | WWF

What would you like to search for?

လျော့ပါးကျဉ်းမြောင်းလာသော
သစ်တောများ

သစ်တောတွေဟာ ဒေသခံလူထုနဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် အိမ် ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ပေးပြီး သန့်ရှင်းတဲ့ လေနှင့် ရေကို ရရှိစေပါတယ်။

သဘာဝနှင့် သဟဇာတ
မဖြစ်သော စိုက်ပျိူးရေး

“စိုက်ပျိုးမြေ ချဲ့ထွင်မှုဟာ မြန်မာ့ သစ်တောနယ်မြေတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ မြောက်ပိုင်းက မဟာတောင်တန်းကြီးတွေဟာ တစ်ခါက ထူထဲလှတဲ့ အမြဲစိမ်းတောတွေရဲ့ ဖုံးအုပ်ထားခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ များပြားလှစွာသော သစ်တောတွေဟာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့ ရှင်းလင်းခံခဲ့ရပါတယ်။ အများဆုံး စိုက်ပျိုးကြတာက ရာဘာနဲ့ ဆီအုန်း ဖြစ်ပြီး ဆန်စပါးနဲ့ ပြောင်းကလည်း အဓိက စိုက်ပျိုးတဲ့အထဲ ပါပါတယ်။

စနစ်မကျသော
လမ်းဖောက်လုပ်မှု

“လမ်းတွေက ဒေသတွင်း စီးပွားရေး ဆက်သွယ်လုပ်ဆောင်ဖို့ အရေးကြီးပေမယ့် မကြာခဏဆိုသလို သဘာဝတရားအပေါ်
ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေပြန်ပါတယ်။"

ဒေသတွင်း စီးပွားရေးကဏ္ဍတွေကို ဆက်သွယ်ပေးဖို့ လမ်းတွေ မရှိမဖြစ် လိုအပ်ပေမယ့်လည်း ဒီလမ်းတွေဟာ သဘာဝသစ်တောတွေကို မကြာခဏဆိုသလို ဖြတ်သန်း ဖောက်လုပ်ကြပါတယ်။ ဒါကြောင့် တောတွင်းနေ သတ္တဝါတွေ ကျက်စားရာနယ်မြေတွကို တစ်ကွဲတစ်ပြား ဖြစ်စေပြီး တရားမဝင် အမဲလိုက်သူတွေနဲ့ သစ်ခိုးထုတ်သူတွေ အဆင်ပြေအောင် လုပ်ဆောင်ပေးနေသလို ဖြစ်နေပါတယ်။ လမ်းဖောက်တဲ့နေရာမှာ စနစ်မကျပါက ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်ပါတယ်။

သတ္တုတွင်းလုပ်ငန်း

“သတ္တုတွင်းလုပ်ငန်းက သစ်တော ဖုံးလွှမ်းမှုကို ကျဆင်းစေရုံ သာမကဘဲ ပတ်ဝန်းကျင် ညစ်ညမ်းစေမှုနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလိုမျိုး ရေရှည် အကျိုးဆက်တွေကိုပါ သယ်ဆောင်လာပါတယ်။”

ရေနံနဲ့ ဓာတ်ငွေ့၊ ရွှေနဲ့ ငွေ၊ ပတ္တမြားနဲ့ ကျောက်စိမ်း - သူတို့တွေက နိုင်ငံရဲ့ သဘာဝသယံဇာတ ကြွယ်ဝမှုကို အထောက်အကူ ဖြစ်စေသော်လည်း အလွန်အမင်း သတ္တုတူးဖော်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်။ အခုဆိုရင် နိုင်ငံအဝှမ်းက သတ္တုတွင်းပေါင်း ၅၈၅ ခုကြောင့် သစ်တောမြေ အတော်များများကို ပျက်ဆီး ပျောက်ဆုံးစေခဲ့ပါပြီ။

WWF ဘာတွေလုပ်နေလဲ

ကျွန်တော်တို့ရဲ့ သစ်တောတွေကို ကယ်တင်ဖို့ ကြိုးပမ်းနေပါတယ်။
ကျွန်တော်တို့ရဲ့ စီမံကိန်းတွေအကြောင်း ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

နောက်ဆုံးလက်ကျန် မဟာသစ်တောနယ်မြေ Read More

“ဒေါန-တနင်္သာရီ ဦးစားပေးဒေသဟာ ကမ္ဘာပေါ်မှာ ဇီဝမျိုးစုံမျိုးကွဲ အများပြားဆုံးသော နေရာဒေသတွေထဲက တစ်ခု ဖြစ်ပါတယ်။”

ကြီးမားလှတဲ့ ဒေါန-တနင်္သာရီ ဦးစားပေးဒေသ (DTL) ဟာ မြန်မာနဲ့ ထိုင်းနိုင်ငံ နယ်နိမိတ်တွေကို ဆက်စပ်တည်ရှိပြီး ၇၈,၈၉၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပါတယ်။ ဒီဒေသဟာ ထူးခြားတဲ့ မျိုးစိတ်တွေနဲ့ ကျေးလက်ဒေသနေ ပြည်သူတွေရဲ့ အိမ်ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဇီဝမျိုးစုံမျိုးကွဲ အများပြားဆုံး နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒေသရဲ့ ၈၃ ရာခိုင်နှုန်းကို သစ်တောတွေနဲ့ ဖုံးလွှမ်းနေဆဲ ဖြစ်ပါတယ်။ DTL ဟာ ထိန်းသိမ်းစောင့်ရှောက်ဖို့ အလွန်ထိုက်တန်တဲ့ နယ်မြေတစ်ခု ဖြစ်တာကြောင့် WWF က ဦးစားပေးဒေသ တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

လူထုအဖွဲ့အစည်းကတဆင့် သဘာဝကို စောင့်ရှောက်ခြင်း Read More

“မြန်မာနိုင်ငံက ကျေးလက်ပြည်သူတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုအတွက် သစ်တွေတွေနဲ့ မြစ်တွေကို အထူး အားထားမှီခိုကြရပါတယ်။”

သစ်တောတွေရဲ့ ထူးခြားအရေးပါမှုကို သူတို့တွေက မွေးရာပါ အတွေ့အကြုံတွေကြောင့် နားလည်ကြပါတယ်။ သစ်တောတွေက နောင်လာနောင်သားတွေအတွက် အစားအစာ၊ ခိုလှုံရာနဲ့ အသက်မွေး ဝမ်းကျောင်းမှုကို ထောက်ပံ့ပေးပါတယ်။ အခုဆိုရင် ရွာတွေကနေ သူတို့ရဲ့ မှီခိုရာ သစ်တောတွေကို ကာကွယ်ဖို့ တက်ကြွစွာ လုပ်ဆောင်နေကြပါပြီ၊ ဒါမှသာ သူတို့ရဲ့မိသားစုတွေကို နောင်လာမယ့် မျိုးဆက်တွေအထိ ဆက်ပြီး ထောက်ပံ့ပေးနိုင်မှာပါ။

သဘာဝနဲ့ သဟဇာတဖြစ်စွာ ထုတ်လုပ်တဲ့ ရာဘာကို ပိုဝယ်လိုတဲ့ ကမ္ဘာ့ဈေးကွက်
Read more

“မြန်မာနိုင်ငံဟာ ရာဘာကို သဘာဝနဲ့ သဟဇာတဖြစ်စွာ ထုတ်လုပ်နိုင်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာနိုင်သလား။”

နိုင်ငံတကာကနေ သဘာဝနှင့် သဟဇာတဖြစ်တဲ့ ရာဘာစိုက်ပျိုးမှုပုံစံကို ပိုမိုလိုလားတာကြောင့် မြန်မာနိုင်ငံ အနေနဲ့ အဆင်သင့်စွာ ကမ္ဘာ့ ပထမဆုံး စိစစ်အတည်ပြုနိုင်တဲ့ ရာဘာထုတ်လုပ်သူ ဖြစ်လာနိုင်ပါတယ်။

အတူကြိုးပမ်းကြရင် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုနဲ့ သစ်တောတွေ ထိန်းသိမ်းနိုင်မှု နှစ်ခုစလုံးကြားက မျှခြေကို ရရှိနိုင်စေမှာပါ။

ဒီရည်မှန်းချက်တွေကို ဦးတည်ပြီး လုပ်ဆောင်နေတဲ့ အစီအစဉ် သုံးခုကတော့ - သစ်တောကဏ္ဍ၊ သဘာဝသဟဇာတ စီးပွားရေးနဲ့ အစိမ်းရောင်စီးပွားရေးတို့ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေက အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်သူလူထု၊ အရပ်ဘက်အဖွဲ့အစည်း စတာတွေ အပါအဝင် ကျွန်တော်တို့ သစ်တောတွေရဲ့ အနာဂတ်အတွက် ဆုံးဖြတ်လုပ်ဆောင်သွားမယ့်သူတွေနဲ့ အတူတကွ စုစည်းလုပ်ကိုင်ဖို့၊ ဒါ့အပြင် သူတို့တွေကို သစ်တောတွေက ဘယ်လောက်ထိ အရေးပါကြောင်း နားလည်သဘောပေါက်စေဖို့ လုပ်ဆောင်နေပါတယ်။

WWF Today