သဘာဝသဟဇာတ စီးပွားရေးဆိုင်ရာ အစီအစဉ် | WWF

What would you like to search for?

"စီးပွားရေးကိုပဲ တိုးတက်စေပြီး
ပတ်ဝန်းကျင် ထိခိုက်စေမှု မတိုးတက်လာဖို့ လိုပါတယ်။"

သဘာဝသဟဇာတ စီးပွားရေးဆိုင်ရာ အစီအစဉ်

သဘာဝသဟဇာတ စီးပွားရေးဆိုင်ရာ အစီအစဉ်

ကမ္ဘာမြေရဲ့ အရင်းအမြစ်တွေဟာ ထိတ်လန့်စရာ နှုန်းနဲ့ ပျက်သုဉ်း ညစ်ညမ်းလာနေပါတယ်။ ဒါက စက်မှုလုပ်ငန်းတွေ၊ လုပ်ပုဂ္ဂိုလ် တစ်ဦးချင်းစီနဲ့ သဘာဝတရားအတွက် ပြဿနာတစ်ရပ် ဖြစ်စေပြီး ကမ္ဘာအဝှမ်းက စီးပွားရေးလုပ်ငန်းတွေဟာ ဒီအချက်ကို သတိပြုစ ရှိလာပါပြီ။ လူဦးရေ တိုးပွားလာတာနဲ့ ထုတ်ကုန်တွေအတွက် ဝယ်လိုအား မြင့်တက်လာနေမှုကြောင့် သဘာဝနဲ့ သဟဇာတဖြစ်တဲ့ ကုန်ထုတ်စက်ဝန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အတွက် သင့်လျော်တဲ့ အမူအကျင့်ကောင်းတွေကို လိုအပ်မှုက အရေးအကြီးဆုံးအချိန် ဖြစ်နေပါတယ်။ အချုပ်အားဖြင့် စက်မှုလုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုအတွက် လိုအပ်တဲ့ ဂေဟစနစ်တွေနဲ့ သဘာဝ အရင်းအမြစ်တွေကို ရေရှည်အကျိုးရှိအောင် အသုံးချနိုင်ရေးကို မဟာဗျူဟာအရ စိတ်ဝင်စားမှု ရှိလာနေပါပြီ။

မြန်မာဟာလည်း ခြွင်းချက်အဖြစ် ကျန်မနေခဲ့ပါဘူး။ ကမ္ဘာ့ အမြန်ဆုံးနှုန်းနဲ့ ဖွံ့ဖြိုးလာနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့အညီ ပုဂ္ဂလိက ကဏ္ဍအနေနဲ့ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် စီးပွားရေးကဏ္ဍ အရေးပါပုံကို နားလည်သဘောပေါက်ပြီး ပူးပေါင်းလိုက်နာဖို့ ယခုအချိန်ဟာ အရေးအကြီးဆုံးအချိန် ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘာတွေ လုပ်နေလဲ

ရာဘာကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍနဲ့ အစားအစာနဲ့ အဖျော်ယမကာ ထုတ်လုပ်ရေးကဏ္ဍတို့မှာ သဘာဝနဲ့ သဟဇာတဖြစ်တဲ့ စီးပွားရေး လုပ်ထုံးလုပ်နည်းတွေကို စီစဉ်ရေးဆွဲ ပံ့ပိုးပေးပြီး စက်မှုကဏ္ဍတွေ ကြီးထွားတိုးတက်လာစေမယ့် ရေရှည်အကျိုးရှိတဲ့ ကုန်ထုတ်စက်ဝန်း အသစ်တွေ ဖန်တီးဖို့ လုပ်ဆောင်နေပါတယ်။

ဒီကိစ္စရပ်က စိန်ခေါ်မှုကြီးတစ်ခုလို့ မြင်နိုင်သလို မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ကျွန်တော်တို့အားလုံး ရှင်သန်ရေးအတွက် မှီခိုနေရတဲ့ သဘာဝ ဂေဟစနစ်တွေကို မပျက်စီးစေဘဲ လိုအပ်တဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ထုတ်လုပ်နိုင်ကြောင်း ပြသဖို့ အခွင့်အလမ်းကောင်းပဲ ဖြစ်ပါတယ်။

စီမံကိန်းအဖွဲ့ မိတ်ဆက်

ဂေါရုဖ် ဂုပ်တား
ဂေါရုဖ် ဂုပ်တား
သဘာဝ သဟဇာတ စီးပွားရေး အစီအစဉ် မန်နေဂျာ

ဘာတွေ လုပ်သလဲ

“ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို ကုန်ကြမ်းရယူတာ၊ ကုန်ထုတ်လုပ်တာနဲ့ ကုန်ချောသန့်စင်တာတွဗကို သဘာဝနဲ့ သဟဇာတဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ ကူညီပေးရင်း မြန်မာ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းနေပါတယ်။”

ဘာဖြစ်လို့ လုပ်တာလဲ

“တောရိုင်းတိရစ္ဆာန်တွေ အတွက်ရော လူတွေအတွက်ပါ မျှတတဲ့ အနာဂတ်တစ်ခုကို ကျွန်တော် အိပ်မက် မက်ထားပါတယ်။ ကျွန်တော့် အိပ်မက်တွေကို မသေဆုံးစေချင်ပါဘူး။ သေလို့လည်း မဖြစ်သေးဘူး။”

ဆီလ်ဗီယာ ဆာတိုးရီ
ဆီလ်ဗီယာ ဆာတိုးရီ
“သဘာဝ” စီမံကိန်းမန်နေဂျာ

ဘာတွေ လုပ်သလဲ

စက်မှုဖွံ့ဖြိုးလာတာနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာတာကို ဒွန်တွဲမနေအောင် ကူညီပေးပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

သဘာဝပတ်ဝန်းကျင်ကို မဖျက်ဆီးဘဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရတယ်ဆိုတာကို ယုံကြည်လို့ပါ။

မေဇော်ထက်
မေဇော်ထက်
“သဘာဝ” စီမံကိန်း အရာရှိ

ဘာတွေ လုပ်သလဲ

“မြန်မာ့ ပုဂ္ဂလိက ကဏ္ဍမှာ ရေရှည်အကျိုးဖြစ်ထွန်းစေဖို့ ဆန်းသစ်တွေ နည်းစနစ်တွေ ဖွံ့ဖြိုးလာအောင် ကူညီပေးပါတယ်။”

ဘာဖြစ်လို့ လုပ်တာလဲ

“လူတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ သဟဇာတဖြစ်စွာ နေထိုင်တဲ့ အနာဂတ်တစ်ခု တည်ဆောက်ပြီး နိုင်ငံရဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းကာကွယ်ရာမှာ ကူညီပေးချင်လို့ပါ။”

အရင်းအမြစ်များ