သဘာဝသဟဇာတ ရာဘာလုပ်ငန်း | WWF

What would you like to search for?

မြန်မာနိုင်ငံဟာ ကမ္ဘာ့ ရာဘာ ဈေးကွက်အတွက် အဓိကအရေးပါတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ပါတယ်။

သဘာဝသဟဇာတ ရာဘာလုပ်ငန်း

သဘာဝ သဟဇာတ ရာဘာလုပ်ငန်း

၂၀၂၂ မှာ မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ သဘာဝရာဘာ ထုတ်လုပ်မှုရဲ့ ၇ ရာခိုင်နှုန်းနီးပါးကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပြီး ကမ္ဘာ့အဆင့် ၇ ဆင့်မြောက် အကြီးမားဆုံး ရာဘာထုတ်လုပ်သူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

စီမံကိန်းအကြောင်း

ကျွန်တော်တို့ရဲ့ သဘာဝသဟဇာတ စီးပွားရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ သဘာဝနှင့် လူသားတွေအတွက်ပါ နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိမယ့် ရေရှည်အကျိုးရှိတဲ့ ရာဘာ ကုန်ထုတ်ကွင်းဆက်ကို WWF အနေနဲ့ မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနနဲ့အတူ ပူးပေါင်းဆောင်ရွက် နေပါတယ်။ ကမ္ဘာ့စျေးကွက်က ရေရှည်အကျိုးရှိတဲ့ သဘာဝရာဘာ အရင်းအမြစ်ဆီကို ဝယ်လိုအား ပြောင်းရွှေ့လာသည်နှင့်အမျှ မြန်မာက ကမ္ဘာ့ သဘာဝသဟဇာတ ရာဘာကုန်သွယ်ရေးအတွက် အဓိကရောင်းချသူ ဖြစ်လာနိုင်ပြီး နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကို အဓိက မောင်းနှင်းပေးတဲ့ ထုတ်ကုန်ဖြစ်လာဖို့ အခွင့်အလမ်းရှိပါတယ်။

ရာဘာကို အဓိက ဝင်ငွေရလမ်းအဖြစ် အားထားနေရတဲ့ ကျေးလက်ဒေသနေ လူမှုအသိုင်းအဝိုင်းက နိုင်ငံအဝှမ်း စိုက်ပျိုး ထုတ်လုပ်နေကြသော်လည်း ရာဘာထုတ်လုပ်မှုက များသောအားဖြင့် ကိုယ်ပိုင်မြေယာ မပိုင်ဆိုင်ဘဲ ချေးငွေအပေါ်မှာ အထူးတလည် မှီခိုနေကြရတဲ့ လယ်သမားတွေအတွက် လူမှုစီးပွားရေး စိန်ခေါ်မှုတွေကြောင့် ဝရုန်းသုန်းကား ဖြစ်နေပါတယ်။ အထွက်နှုန်းမှာဆိုရင်လည်း စျေးကွက်တွေကို ရောက်ရှိမှု နည်းပါးပြီး မည်သို့မည်ပုံ လုပ်ကိုင်ရမည်ကို မသိတာကြောင့် အရည်အသွေးနှင့် အရေအတွက်ပိုင်းမှာလည်း မကြာခဏ နိမ့်ကျနေပါတယ်။ လက်ရှိ ရာဘာစိုက်ပျိုးရေးကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကလည်း သိသာ ထင်ရှားလှပါတယ်။ ရာဘာခြံ တိုးချဲ့စိုက်ပျိုးတာက မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုကို ပိုဆိုးရွားအောင် ပံ့ပိုးပေးနေပါတယ်။ အဲ့ဒါက လူနေမှုအသိုင်းအဝိုင်းနှင့် တောရိုင်းတိရစ္ဆာန်တွေ နှစ်ခုစလုံးအတွက် တန်ဖိုးမဖြတ်နိုင်သောသစ်တောများ ဖျက်ဆီးပစ်နေတာပါ။

ဘယ်လို လုပ်ဆောင်သွားမှာလဲ

ရေရှည်အကျိုးရှိသည့် ရာဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် WWF က တောင်သူများအပါအဝင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဆက်စပ် ပတ်သက်သူများ နှင့်အတူ အောက်ပါတို့ ပူးပေါင်း လုပ်ဆောင်နေပါတယ်။
  • မြေပိုင်ဆိုင်မှု နည်းပါးသူတွေအတွက် မြေယာ ပိုင်ဆိုင်ခွင့် လုံခြုံမှုကို ကောင်းမွန်စေခြင်းနှင့် မြေယာအသုံးပြုမှု စီစဉ်ရာတွင် ပူးပေါင်းပါဝင်နိုင်စေခြင်း
  • စိုက်ပျိုးရေး ချဲ့ထွင်မှုမှ ကာကွယ်ရန် ထိန်းသိမ်းရေး တန်ဖိုးမြင့် (HCV) သစ်တောများကို မှတ်သား မြေပုံရေးဆွဲခြင်း
  • ရေရှည်တည်တံ့သော သမဝါယမ အသင်းအဖွဲ့များကို အားဖြည့်ပေးပြီး လယ်သမားများကို ထောက်ပံ့ပေးခြင်း
  • လယ်ယာမြေ အခွင့်အလမ်း တိုးတက်စေရန် အသင်းအဖွဲ့ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်ခြင်းနှင့် ကောင်းမွန်သော စိုက်ပျိုးရေး အလေ့အထရရှိစေပြီး အစိမ်းရောင်ဘဏ္ဍာရေးကိုပါ အားကောင်းစေခြင်း
  • ရာဘာ ရေရှည်အကျိုးရှိစေသော ပုံစံဖြင့် ထုတ်လုပ်ကြောင်း သေချာစေရန် ခြေရာခံ စောင့်ကြည့်နိုင်သော နည်းစနစ်များ၏ အကူအညီကို အသုံးချခြင်း

ရည်မှန်းချက်များ

အရေးပါသော ဒေါန-တနင်္သာရီဒေသ တစ်လျှောက်တွင် ရာဘာနှင့် အခြားလူသုံးကုန်စည်များ ထုတ်လုပ်မှု အတွက် သစ်တောပြုန်းတီးရမှုနှင့် သစ်တော ပုံစံပြောင်းလဲခံရမှုတို့ကို လျော့ချနိုင်ရန်။
သစ်တောနယ်မြေများ တစ်ဆက်တစ်စပ်တည်း တည်ရှိမှုနှင့် ဌာနေလူထု၏ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းမှုတို့ နှစ်ခုစလုံး ကောင်းမွန်စွာ ရရှိနိုင်ရေးအတွက် မြေယာနှင့် အခြား သဘာဝသယံဇာတ များအား ရေရှည်တည်တံ့အောင် စီမံခန့်ခွဲရန်။
နိုင်ငံအဆင့် စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများနှင့် မဟာဗျူဟာတွင် ရေရှည်အကျိုးရှိသော မြေယာအသုံးပြုမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု အမြင်ပါ ထည့်သွင်းလုပ်ဆောင်သော စိုက်ပျိုးမှုပုံစံများ အထူးပြု နေရာယူနိုင်စေရန်။

မှတ်တိုင်များ

၂၀၁၆ နိုဝင်ဘာလ
မြန်မာနိုင်ငံ အစိုးရက ရာဘာစိုက်ပျိုးရန်အတွက် ထိန်းသိမ်းရေး တန်ဖိုးမြင့် (HCV) ဧရိယာများတွင် သစ်တောပြုန်းတီးစေခြင်းနှင့် သစ်တောပုံစံ ပြောင်းလဲအသုံးပြုခြင်းတို့ လုံးဝမရှိစေဖို့ ကတိပြုခဲ့သည်။
၂၀၁၇ နိုဝင်ဘာလ
WWF က စိုက်ပျိုးရေးဦးစီးဌာန၊ တနင်္သာရီ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (TRPPA) တို့နှင့် ပူးပေါင်း၍ ရေရှည်အကျိုးရှိသော ရာဘာစီမံကိန်းအတွက် အကောင်အထည်ဖော်မှု စတင်ခဲ့သည်။
၂၀၁၈ ဖေဖော်ဝါရီလ
WWF နှင့် တနင်္သာရီ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (TRPPA) တို့အကြား ၂၀၂၂ တွင် ၁၀၀ ရာခိုင်နှုန်း ရေရှည်အကျိုးရှိသော ရာဘာစိုက်ပျိုးမှု ဖြစ်ရေး သဘောတူညီချက်တစ်စောင် လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၈ မတ်လ
မြန်မာနိုင်ငံ ဒုတိယသမ္မတက ရေရှည်အကျိုးရှိသော ရာဘာ စိုက်ပျိုးထုတ်လုပ်မှု ဖြစ်ရေးနှင့် သစ်တောထိန်းသိမ်းရေးကို အရေးပါတဲ့ ကိစ္စရပ်များအဖြစ် အသိအမှတ်ပြုခဲ့သည်။
၂၀၂၀ တွင်
စိုက်ပျိုးရေးဦးစီးဌာန၏ မြေယာအသုံးပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ထိန်းသိမ်းရေး တန်ဖိုးမြင့် (HCV) ဧရိယာများ ထည့်သွင်းရေးဆွဲ၍ အလေးထား စဉ်းစားမှု ပြုလာရမည်။
၂၀၂၂ တွင်
ဒေါန-တနင်္သာရီဒေသတစ်လျှောက်ရှိ ရာဘာ ထုတ်လုပ်မှု၏ ၁၀၀ ရာခိုင်နှုန်းသည် ရေရှည်အကျိုးရှိသော နည်းလမ်းဖြင့် ထုတ်လုပ်ခြင်း ဖြစ်ရမည်။

အရင်းအမြစ်များ