PR:မြန်မာ့ ဘဏ်လုပ်ငန်းကဏ္ဍအတွက် ရေရှည်တည်တံ့သော အနာဂါတ် မောင်းနှင်နိုင်ရန် uabဘဏ် WWFနှင့်ပူးပေါင်း | WWF

What would you like to search for?

PR:မြန်မာ့ ဘဏ်လုပ်ငန်းကဏ္ဍအတွက် ရေရှည်တည်တံ့သော အနာဂါတ် မောင်းနှင်နိုင်ရန် uabဘဏ် WWFနှင့်ပူးပေါင်း

27 February 2020

ရန်ကုန်မြို့၊ ၂၀၂၀ခုနှစ်၊ဖေဖော်ဝါရီလ (၈)ရက်- Uab ဘဏ်နှင့် WWF တို့သည် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာမူဝါဒ (ESG)ကို uabဘဏ်၏ အုပ်ချုပ်မှုနှင့် စီးပွားရေးပုံစံတို့တွင် ပေါင်းစပ်ရန် နားလည်မှု စာချွန်လွှာကို ယနေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ မူဝါဒ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းသည် ကုမ္ပဏီတစ်ခု၏ စွန့်ပစ်ပစ္စည်း၊ညစ်ညမ်းမှုနှင့် သဘာဝရင်းမြစ်အပေါ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုစသည့် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ကာကွယ်မှု လုပ်ဆောင်ချက်အပေါ် ဆန်းစစ်ခြင်း နှင့် uabဘဏ်အနေဖြင့် ၄င်း၏ စီးပွားရေးပုံစံအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်ရှိနိုင်ချေတို့ကို ဆန်းစစ်နိုင်ရန် ကူညီပေးမည်ဖြစ်သည်။

ရေရှည်တည်တံ့သော စီးပွားရေးတစ်ခုသည် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်ရေး (ESG) အကာအကွယ်များကို ၎င်း၏ အဓိကဘဏ်လုပ်ငန်း လုပ်ဆောင်မှုများတွင် ပေါင်းစပ်ရန် လိုအပ်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများတွင် ထုတ်လွှတ်မှု လျော့နည်းသော စွမ်းအင်ဆိုင်ရာ နည်းလမ်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြုသဘောဆောင်သော အကျိုးကျေးဇူးများ ရှိစေသည့် ဒေသခံများက ထိန်းချုပ်ထားသော သစ်တော ပြန်လည်တိုးပွားရေး လှုပ်ရှားမှုများ ထည့်သွင်းပေါင်းစပ်နိုင်သည်။
 
“ရေရှည်တည်တံ့တဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ကျွန်တော်တို့ရဲ့ အလုပ်တွေ တိုးချဲ့ လုပ်ဆောင်နိုင်တာကို ဝမ်းသာပါတယ်။ uab ဘဏ်လိုမျိုး ထိပ်တန်းဘဏ်နဲ့ နားလည်မှု စာချွန်လွှာရေးထိုးနိုင်တာဟာ အစိမ်းရောင် စီးပွားရေးကို ဦးတည်တဲ့ နောက်ထပ် အောင်မြင်မှု မှတ်တမ်းကို ကိုယ်စားပြုနေပါတယ်။ အခုလို လုပ်ဆောင်မှုကလည်း မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့တဲ့ အနာဂါတ်ကို ဦးတည်နေပါတယ်” လို့ WWF၏ ရေရှည်တည်တံ့သော ကုန်ထုတ်လုပ်မှုနှင့် ဘဏ္ဍာရေး စီမံကိန်းများ၏ မန်နေဂျာ Ujjwal Pokhrelကပြောပါသည်။
 
ယခု WWF၏ ရေရှည်တည်တံ့သော ဘဏ္ဍာရေး စီမံကိန်း (Sustainable Finance Project)သည် မြန်မာ့ ဘဏ္ဍာရေး စနစ်ကို နိုင်ငံတကာ အကောင်းဆုံး အလေ့အကျင့်များနှင့် လိုက်လျော ညီထွေဖြစ်ရန် ရည်ရွယ်ပါသည်။ စနစ်ထဲတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စီမံမှုကို အရေးပေး ထည့်သွင်း လုပ်ဆောင်လာခြင်းဖြင့် ဘဏ်များသည် ဆုံးရှုံး/ပြန်ရနိုင်ချေ ချိန်ညှိတွက်ချက်ရာ၌ သဘာဝ၏ တန်ဖိုးကို ထည့်သွင်း စဉ်းစားနိုင်လာမည်ဖြစ်သည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ၏ အစိုးရ ဆောင်ရွက်နေသော အစိမ်းရောင် စီးပွားရေး မူဝါဒဆိုင်ရာမူဘောင်၏ အခြေခံကို တည်ထောင်ခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကာအကွယ်များသည် ဘဏ်များကို အမျိုးသား ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ မူဝါဒများနှင့် မဟာဗျူဟာများ အောင်မြင်ရရှိရန် အထောက့်အပံပေးခြင်းနှင့် တစ်ချိန်တည်းမှာပဲ လူပုဂ္ဂိုဟ် (သို့) အဖွဲ့အစည်းတစ်ခုခု၏ ရင်းနှီးမြှုပ်နှံမှု အစုအဝေးများ အန္တရာယ်နည်းစေရန် ပံ့ပိုးကူညီပေးနေသည်။

နိုင်ငံတစ်ခုရဲ့ အရင်းအမြစ်များရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ထိန်သိမ်း ကာကွယ် စောင့်ရှာက်ရေး ဆိုတာက အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အရေးပါပါတယ်။ ဘဏ်များရဲ့ အခန်းကဏ္ဍကနေ ပိုမိုမြင့်မားတဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့်အုပ်ချုပ်မှုဆိုင်ရာ မူဝါဒ စံချိန်စံညွှန်း အလေ့အကျင့်များကို လက်ခံ ကျင့်သုံးတာတွေ ကူညီပံ့ပိုးပေးတာတွေ အဲ့ဒါတွေကို လုပ်ခြင်းအားဖြင့် စဉ်ဆက်မပြတ် တိုးတက်ဖို့ အတွက် လွှမ်းမိုးမှုရှိအောင် ကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ အုပ်ချုပ်မှုနဲ့ စီးပွားရေးပုံစံမှာ WWFရဲ့ ပံ့ပိုးမှုနဲ့  ESG မူဝါဒ ထည်သွင်းနိုင်ရန် လုပ်ဆောင်မှုအတွက် ဂုဏ်ယူပါတယ်။ နောက်ပြီး ဒီအတွေ့အကြုံကရတဲ့ အကျိုးကျေးဇူးတွေက ပြန်လည်မျှဝေဖို့နဲ့ မြန်မာ့ ဘဏ်လုပ်ငန်းကဏ္ဍမှာ ESG လက်ခံ ကျင့်သုံးဖို့အတွက် မောင်းနှင်စေမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကတော့ ပြောင်းလဲမှုနဲ့ လူသားချင်းစာနာ ထောက်ထားမှုတွေအပေါ် ဦးဆောင်တဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထင်ဟပ်စေပါတယ်လို့ uab ဘဏ်၏ MD & CEO Christopher Lohက ပြောခဲ့ပါသည်။
 
ဤပူးပေါင်းဆောင်ရွက်မှု၏ အတိုင်းအတာအရ WWF သည် Uab ဘဏ်အတွက် ESG မူဝါဒချမှတ်ရန် ဖွံ့ဖြိုး တိုးတက်မှုနှင့် ESG ကိစ္စရပ်များနှင့်ပတ်သက်၍ ဗဟုသုတတိုးမြှင့်စေရန် ၀န်ထမ်းများကို သင်တန်းပေးခြင်း အစရှိသည့် နည်းပညာအကူအညီများ ထောက်ပံ့ပေးမည်ဖြစ်သည်။ အခြားသော ငွေကြေးအဖွဲ့အစည်များအကြား ပြောင်းလဲမှုကို ဦးဆောင်နိုင်ရန် WWFသည် ESGမူဝါဒ ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆိုပါဖြစ်စဉ် တိုးတက်ဖွံ့ဖြိုးမှု၊ အခြားအဖွဲ့အစည်းများမှ အတွေ့အကြုံများကိုလည်း ပံ့ပိုးကူညီသွားမည်ဖြစ်သည်။
 

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးစီးပွားရေးဖွံဖြိုးတိုးတက်မှုနှုန်း ၈.၆ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပြီး ၂၀၃၀ ခုနှစ်တွင် လက်ရှိဖွံဖြိုးတိုးတက်မှုနှုန်းထက် သုံးဆ (အမေရိကန်ဒေါ်လာ ၂၀၀ဘီလီယံ) ပိုမို တိုးတက် လာမည်ဟု မျှော်မှန်းထားကြပါသည်။ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကပံပိုးထောက်ပံ့ပေးမည့်  ကဏ္ဍများ ကတော့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး နှင့် အခြေခံအဆောက်အအုံစတဲ့ ကဏ္ဍတွေဖြစ်ပြီး သေချာစွာ စီမံခန့်ခွဲမှု မပြုလုပ်နိုင်လျှင် သိသိသာသာ သစ်တောပြုန်းတီးမှုနှင့် ရာသီဥတုပြောင်းလဲမှု အပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်စေပါသည်။ ထိုကဏ္ဍများထဲသို့ ရင်းနှီးမြုပ်နှံမှု၏ ၇၅ရာခိုင်နှုန်းသည် ပြည်တွင်း ရင်းမြစ်များဖြစ်သော အခြေခံအားဖြင့် ဘဏ်များမှ လာခြင်းဖြစ်သည်ဟု ခန့်မှန်းရပါသည်။ သို့ဖြစ်ပါ၍ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများသည် သဘာဝနှင့် သဟဇာတဖြစ်စေသည့် ကုန်ထုတ်လုပ်မှုနှင့် ဘဏ္ဍာရေး ဖြစ်ရန်လိုအပ်ပြီး မြန်မာနိုင်ငံအနေဖြင့် အလယ်အလတ်မှ ရေရှည်ကာလအထိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် ထိန်းသိမ်းဖို့ လိုအပ်ပါသည်။
 
မြန်မာနိုင်ငံတွင် uabဘဏ်သည် ငွေကြေးအဖွဲ့အစည်းများအကြား အစောဆုံး အနေဖြင့် ESGမူဝါဒ ဖွံ့ဖြိုး တိုးတက်ရန်နှင့် အကောင်အထည်ဖော်ရန် ခြေလှမ်း လှမ်းခဲ့သော ဘဏ်တစ်ခုလည်းဖြစ်ပါသည်။ ဤအားထုတ်မှုကို ရှေ့ဆက် လုပ်ဆောင်ရန်  WWF သည် ESGအကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ လိုအပ်သော နည်းပညာ အကူအညီများ နားလည်မှုစာချွန်လွှာ သဘောတူထားသည့်ကာလ ၂၀၂၁ ခုနှစ် မတ်လအထိ အကူအညီ ပေးသွားမည် ဖြစ်သည်။
Media Contact
Saw Linn Htet
+95 1 229331