The WWF is run at a local level by the following offices...
မြန်မာ့စွမ်းအင်သုံးစွဲမှု နေ၊လေ၊ ရေ၊ ဘူမိအပူ၊ ဇီဝလောင်စာ နှင့် သမုဒ္ဒရာ စွမ်းအင် ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို ၂၀၅၀ ခုနှစ်တွင် နောက်ဆုံးထားပြီး သုံးစွဲနိုင်ရန်မျှော်လင့်ထားပါတယ်။
မြန်မာ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ မျှော်မှန်းချက် အစီရင်ခံစာအသစ်ကို
ယခုဒေါင်းလုဒ်လုပ်ရန်ရရှိနိုင်ပါပြီ။
စီမံကိန်းအကြောင်း
မြန်မာနိုင်ငံ၏ စွမ်းအင်အနာဂတ် မည်သို့မည်ပုံရှိမည်ကို နိုင်ငံဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှု စတင်နိုင်ရန်အတွက် REAM၊ SPECTRUM နှင့် WWF တို့သည် ၂၀၁၆ ခုနှစ်တွင် မြန်မာ့လျှပ်စစ်ကဏ္ဍမျှော်မှန်းချက် (Myanmar's Electricity Vision) ဟု လူသိများသော အသေးစိတ် လေ့လာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါမျှော်မှန်းချက်အရ မြန်မာနိုင်ငံတွင် ၂၀၅၀ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရရှိရန် နည်းပညာပိုင်းနှင့် စီးပွားရေးအရ ဖြစ်နိုင်ချေရှိသည်ကို တွေ့ရှိခဲ့သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ အကျိုးကျေးဇူးများသည် စွမ်းအင်လုံခြုံရေးတိုးမြှင့်မှု၊ ကုန်ကျစရိတ်ရလဒ်များ တည်ငြိမ်မှု၊ ပိုမိုသော အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများ အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေမည် ဖြစ်သည်။
မြန်မာ့လျှပ်စစ်ကဏ္ဍမျှော်မှန်းချက်ကို ကနဦးထုတ်ဝေပြီးကတည်းက ကမ္ဘာလုံးဆိုင်ရာ ဆိုလာကုန်ကျစရိတ်သည် မျှော်လင့်ထားသည်ထက် ပိုမိုမြန်မြန်ဆန်ဆန် ကျဆင်းလာပြီး မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်မှာ ပြောင်းလဲလာကာ အဆင့်မြှင့်တင်မှုများ လိုအပ်လာသည်။ ၂၀၂၁ နောက်ဆက်တွဲအစီရင်ခံစာတွင် နေရောင်ခြည်နှင့် အခြားရေရှည်တည်တံ့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များ၏ ပါဝင်မှုကို မြှင့်တင်ပေးကာ ရည်မှန်းချက် ကြီးမားသော်လည်း ဖြစ်နိုင်ချေရှိသော၊ ကုန်ကျစရိတ်သက်သာသော အဖြေများကို မီးမောင်းထိုးပြကာ မြန်မာနိုင်ငံ၏ ကြီးထွားလာနေသော လျှပ်စစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး တတ်နိုင်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အနာဂတ်ဆီသို့ တွန်းပို့ပေးပါသည်။ .
ဒီလို ရေရှည်အကျိုးရှိတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်ရင် ရုပ်ကြွင်းလောင်စာနဲ့ အကြီးစား ရေအားလျှပ်စစ်ဆည်တွေကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးဝါးတဲ့ ရေရှည် အကျိုးသက်ရောက်မှုတွေကို လျှော့ချနိုင်မှာဖြစ်ပြီး နိုင်ငံရှိ ကာဗွန်ထုတ်လုပ်မှု အဆမတန် မြင့်တက်လာနိုင်ချေကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါသည်။
David Allan (Spectrum)၊ Gill Pattison (New Zealand MFAT Renewable Energy Programme)၊ Nick Cox (WWF-Myanmar)၊ Richard Harrison (Smart Power Myanmar) နှင့် ဦးသန်းဌေး (REAM)တို့ကိုလည်း လမ်းညွှန်မှုနှင့် ပံ့ပိုးပါဝင်ပေးမှုအတွက် အထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါသည်။
ဤ အစီရင်ခံစာတွင် ပံ့ပိုးပါဝင်ကူညီပေးထားသော အမည်ဖော်ပြထားခြင်းမရှိသော လူမှုအဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောလိုပါသည်။
၂၀၅၀ ခုနှစ်မှာ ပြန်ပြည့်မြဲစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်မှု ၁၀၀%၂၀၅၀ မှာ ပြည်သူအားလုံး လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်ဖို့အတွက် ပြန်ပြည့်မြဲ စွမ်းအင်ရင်အမြစ်တွေကနေ ၁၀၀% ထုတ်လုပ်ရရှိဖို့ နည်းပညာအရ ဖြစ်နိုင်တယ်လို့ WWF ရဲ့ သုတေသန ရလဒ်တွေက သက်သေပြထားပါတယ်။ ၂၀၂၁ လေ့လာမှုအရ ရေအားလျှပ်စစ် ဆည်တွေကနေ ၉ ရာခိုင်နှုန်းထက် ပိုပြီး လျှပ်စစ်ထုတ်ယူတော့မှာ မဟုတ်ဘဲ ရေအားလျှပ်စစ် ဆည်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို ထိန်းထားမှာ ဖြစ်ပါတယ်။
အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃.၂ သန်း ပေါ်ပေါက်လာနိုင်မယ်။၂၀၁၅ မှာ ပြန်ပြည့်မြဲ စွမ်းအင်တွေကြောင့် အလုပ်အကိုင် အခွင့်အလမ်း ၇.၇ သန်း ကမ္ဘာအဝှမ်းမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ထုတ်လုပ်မှု၊ တည်ဆောက်မှု၊ လုပ်ငန်းလည်ပတ်မှုတွေနဲ့ ပြုပြင်ထိန်းသိမ်းမှု စတဲ့နေရာတွေမှာ ရုပ်ကြွင်းလောင်စာရဲ့ နည်းပညာနဲ့ယှဉ်ရင် သူတို့တွေက အလုပ်အကိုင် အခွင့်အလမ်း ၃-၄ ဆလောက် ပိုပြီးတော့ ဖန်တီးပေးနိုင်တယ်။ ဒါကလည်း မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေနိုင်ပြီး နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက်လည်း အားတစ်ရပ် ဖြစ်စေပါတယ်။
နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၇၅ သန်း ရှောင်ရှားနိုင်မယ်။ရာသီဥတုပြောင်းလဲမှုက ဖြစ်နေခဲ့တာ ကြာပါပြီ။ မဲခေါင်မြစ်ဝှမ်းဒေသ တစ်လျှောက်မှာ အပူချိန်တွေ မြင့်တက်လာတာဟာ လွန်ခဲ့တဲ့နှစ် ၅၀ ကတည်းက ၀.၅ ကနေ ၁.၅ ºC အထိ မြင့်တက်နေခဲ့တာပါ။ မိုးတွင်းတွေဆိုရင် အဲဒီဒေသတစ်ချို့မှာ အပူချိန်လျော့ကျပေမဲ့ စုစုပေါင်း မိုးရေချိန်ကတော့ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ပိုပြီးတော့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်လာမယ်လို့ ဆိုလိုတာပါ။ ပိုဆိုးလာမယ့် အကျိုးရလဒ်တွေကို ရှောင်ရှားဖို့ သိပ္ပံပညာရှင်တွေနဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်က ကမ္ဘာကြီး ပူနွေးလာမှုကို ၁.၅ ºC အောက်မှာ ထိန်းထားနိုင်အောင် ကြိုးပမ်းဖို့ သဘောတူထားပါတယ်။ ဒီလိုဆောင်ရွက်ဖို့ ၂၀၅၀ မှာ ကမ္ဘာတစ်ဝှမ်းက ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထိ လျော့ကျအောင် တစ်ကမ္ဘာလုံး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါ့ထက် ပိုပြီးတော့တောင် ဆောင်ရွက်ဖို့ လိုကောင်း လိုပါလိမ့်မယ်။ ကျောက်မီးသွေးနဲ့ ရေအားလျှပ်စစ်ကိုပဲ အဓိကထား သုံးစွဲတဲ့ သမားရိုးကျ လမ်းစဉ်နဲ့ ယှဉ်ရင်တော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် မျှော်မှန်းချက်က ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန် ၇၅ သန်းလောက် နှစ်စဉ် ရှောင်ရှားသွားနိုင်မှာပါ။ ၂၀၂၁ခုနှစ် အစီရင်ခံစာအရ ၂၀၅၀ခုနှစ်တွင် ပုံမှန် အနေအထားတွင်ရှိသည့် ဓာတ်အားလိုင်းသည် ၀.၄ t-CO2e/MWhရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြင့် သုံးစွဲတွင် အနေအထားတွင် ၀.၁ t-CO2e/MWhရှိသည်ဟု နှိုင်းယှဉ်ပြထားသည်။
မြန်မာ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် မျှော်မှန်းချက် သည် မြန်မာ့ စွမ်းအင် မျှော်မှန်းချက်ကို ပြန်လည်ပြုပြင် ဆန်းစစ်ထားခြင်းဖြစ်သည်။ (မှတ်ချက် - အစိုးရ အဖွဲ့အစည်းများနှင့် အပြန်အလှန်ဆက်ဆံမှုသည် ၂၀၂၁ ဇန်နဝါရီလတွင် အဆုံးသတ်ခဲ့ပြီး စီမံကိန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနှင့် ဇူလိုင်လအကြားတွင် ရပ်တန့်နေခဲ့သည်။)
တင်သွင်းခဲ့သည်။