The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
- France
ဇူလိုင် ၉၊ ၂၀၂၀ - COVID-19ကာလအတွင်း အစိုးရ၏ ကာကွယ်ရေး အကြံပေးချက်များနှင့် အတူ သဘာဝ စီမံကိန်းမှ မန္တလေး တိုင်းဒေသကြီး အတွင်းရှိ စားသောက်ကုန်နှင့် အဖျော်ယမကာ စီးပွားရေး လုပ်ငန်းများကို စွမ်းအင်ထိရောက်စွာ အသုံးချမှု အကဲဖြတ်ခြင်း/ စစ်ဆေးခြင်းဆိုင်ရာ အသိပညာ မြှင့်တင်ရေးကို onlineမှ တစ်ဆင့် သင်တန်းပို့ချပေးခဲ့သည်။ သဘာဝ စီမံကိန်းနှင့် စိတ်ဝင်စားသော အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အကြား COVID-19ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပြီးသည့် အချိန်ထိ ဆက်သွယ် ဆက်ဆံမှု ရှိနေစေရန် ရည်ရွယ် အဆိုပါ onlineသင်တန်းပို့ချခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းအနေဖြင့် ကန့်သတ်ချက်များ ဖြေလျှော့ပေးသည့်အချိန်တွင် မန္တလေးရှိ သတ်မှတ်ထားသော စက်ရုံများတွင် စီမံကိန်းမှ လေ့ကျင့်သင်ကြားပေးထားသော ပညာရှင်များနှင့် ပုံမှန် စွမ်းအင်ထိရောက်စွာ အသုံးချမှု အကဲဖြတ်မှုများကို ဆောင်ရွက် စိတ်အားထက်သန်ပါသည်။
SUSTENT Consulting Pvt. Ltd မှ ဒါရိုက်တာ Mr. Rajat Batra၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ Dr.မူမူဌေးနှင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အကြံပေး Mr. Calvin Linတို့က အဆိုပါ online သင်တန်းကို ပို့ချသင်ကြားပေးခဲ့သည်။ မန္တလေးမြို့ စားသောက်ကုန်နှင့် အဖျော်ယမကာ စက်မှု ကဏ္ဍမှ စီးပွားရေး လုပ်ငန်း၆ ခုက သင်တန်းတွင် ပါဝင်ခဲ့သည်။ COVID-19ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့သည် အထိ စီမံကိန်းအနေဖြင့် အလားတူ စွမ်းအင်ထိရောက်စွာ အသုံးချမှုဆိုင်ရာ အကဲဖြတ်မှုနှင့် စစ်ဆေးချက်များကို အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် အနာဂါတ်တွင် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်သည်။
သဘာဝစီမံကိန်းဆိုသည်မှာ ဥရောပသမဂ္ဂ၏ SWITCH-Asiaအစီအစဉ်မှ ရန်ပုံငွေ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ စီမံကိန်းအနေဖြင့် ရေဆိုးသန့်စင်စက်ရုံများ၊ စွမ်းအင်ထိရောက်စွာ အသုံးချခြင်းများနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တို့ကို မြှင့်တင်ခြင်းအားဖြင့်စားသောက်ကုန်နှင့် အဖျော်ယမကာ စက်မှုလုပ်ငန်းများအတွင်း သန့်စင်ကုန်ထုတ်လုပ်မှုကို အားပေးပံ့ပိုးနေခြင်းဖြစ်သည်။
သန့်စင်ကုန်ထုတ်မှုအတွက် သီးသန့်ဖန်တီးထားသော ဘဏ်များ၏ ထုတ်ကုန်များကို ငွေကြေးအဖွဲ့အစည်းများအား ကမ်းလှမ်းရာတွင်လည်း ပံ့ပိုးကူညီပေးနေသော စီမံကိန်းတစ်ခုလည်းဖြစ်ပါသည်။