The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
- France
သဘာဝစီမံကိန်းမှ မန္တလေးမြို့ရှိ F & B စက်ရုံ ၆ရုံတွင် စွမ်းအင်ထိရောက်စွာ အသုံးချမှု အကဲဖြတ်စစ်ဆေးခြင်းကို လုပ်ဆောင်ပေးခဲ့သည်။
သဘာဝ စီမံကိန်းအနေဖြင့် စွမ်းအင်ထိရောက်စွာ အသုံးချမှု စစ်ဆေးခြင်း၏ ဒုတိယအဆင့်ကို မန္တလေးမြို့ရှိ စားသောက်ကုန်နှင့် အဖျော်ယမကာ စက်ရုံ ၆ရုံတွင် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအတူ ပူးပေါင်း လုပ်ဆောင်ခဲ့သည်။ ယခု အကဲဖြတ်စစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ စက်ရုံများအနေဖြင့် ၄င်းတို့၏ စက်ရုံများတွင် စွမ်းအင်သုံးစွဲမှု စရိတ်လျှော့ချနိုင်သည့်နေရာများကို သိရှိနိုင်ရန်နှင့် သဘာဝနှင့် သဟဇာတဖြစ်သော ကုန်ထုတ်လုပ်မှုအတွက် လက်တွေ့နှင့် အကောင်အထည်ဖော်နိုင်သော စွမ်းအင်ထိရောက်စွာ အသုံးချခြင်း နည်းလမ်းများကို စီမံကိန်းမှ
ထောက်ပံ့ပေးနိုင်ရန် ဖြစ်သည်။
အကဲဖြတ်စစ်ဆေးခြင်းကို သြဂုတ်လ ၂၆ရက်မှ စက်တင်ဘာလ ၄ရက်နေ့အထိ နိုင်ငံတကာ ပညာရှင်များအဖွဲ့မှ ပံ့ပိုးပြီး ပြည်တွင်း အကြံပေးပညာရှင် ၃ဦးကဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြည်တွင်း အကြံပေးပညာရှင် ၃ဦးကိုလည်း သဘာဝ စီမံကိန်းမှ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
ပြဿနာနှင့် ဖြေရှင်းနည်းများပါဝင်သော စက်ရုံတစ်ခုချင်းစီ၏ အကဲဖြတ် အစီအရင်ခံစာ အပြည့်အစုံကို ဆက်လက်ပြင်ဆင်သွားမည်ဖြစ်ပြီး စက်ရုံပိုင်ရှင်များသို့ တင်ပြသွားမည်ဖြစ်သည်။ စီမံကိန်းအနေဖြင့် စွမ်းအင်ထိရောက်စွာ အသုံးချခြင်းနည်းလမ်းများကို အကောင်အထည်ဖော်ရာတွင်လည်း ကူညီပေးသွားမည်ဖြစ်သည်။
သဘာဝစီမံကိန်းဆိုသည်မှာ ဥရောပသမဂ္ဂ၏ SWITCH-Asiaအစီအစဉ်မှ ရန်ပုံငွေ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ စီမံကိန်းအနေဖြင့် ရေဆိုးသန့်စင်စက်ရုံများ၊ စွမ်းအင်ထိရောက်စွာ အသုံးချခြင်းများနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တို့ကို မြှင့်တင်ခြင်းအားဖြင့်စားသောက်ကုန်နှင့် အဖျော်ယမကာ စက်မှုလုပ်ငန်းများအတွင်း သန့်စင်ကုန်ထုတ်လုပ်မှုကို အားပေးပံ့ပိုးနေခြင်းဖြစ်သည်။ သန့်စင်ကုန်ထုတ်မှုအတွက် သီးသန့်ဖန်တီးထားသော ဘဏ်များ၏ ထုတ်ကုန်များကို ငွေကြေးအဖွဲ့အစည်းများအား ကမ်းလှမ်းရာတွင်လည်း ပံ့ပိုးကူညီပေးနေသော စီမံကိန်းတစ်ခုလည်းဖြစ်ပါသည်။