What would you like to search for?

တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုတွေကို
တိုက်ဖျက်မယ့် အောင်လ

"ကျွန်တော်တို့ နိုင်ငံတွင်းက တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့နဲ့ သူတို့ ဖမ်းဆီး သတ်ဖြတ်ခံနေရတာကို တားဆီးဖို့က ကျွန်တော့်ရဲ့ ရင်ထဲကလာတဲ့ တိုက်ပွဲတစ်ခုပါ"

မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံး အားကစားသမားဖြစ်ပြီး One Championship ရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ အောင်လကို ကျွန်တော်တို့ရဲ့ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်ရေး သံတမန် ဖြစ်ကြောင်း ဂုဏ်ယူစွာကြေညာလိုပါတယ်။ အောင်လကတော့ မြန်မာ့တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်ရင် တက်ကြွစွာ တိုက်တွန်းအားပေးသူ တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ “မိုမိုတို့ရဲ့ ရင်တွင်းစကားသံ” တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုဆိုင်ရာ အသိပညာမြှင့်တင်ရေး လူထုလှုပ်ရှားမှုကိုလည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ စတင် ပြုလုပ်ခဲ့စဉ်ကတည်းက တက်ကြွစွာ ထောက်ခံသူ တစ်ယောက် ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုတွေကို တိုက်ဖျက်ရာမှာ ကျွန်တော်တို့နဲ့အတူ အခုလို အောင်လ ပါဝင်ပေးတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရပါကြောင်း ပြောကြားလိုပါတယ်။ WWF-မြန်မာမှ အောင်လကို ကြိုဆိုပါတယ်။

ဂေဟရုပ်စုံ