The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
- France
မန္တလေးရှိ စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းများအတွက် ပံ့ပိုးမှုများ
Green Myanmar Environmental Serviceမှ ဓါတ်ခွဲခန်းဆိုင်ရာ ပညာရှင်နှင့် ‘သဘာဝ’ စီမံကိန်းမှ ဒေါက်တာ မူမူဌေးတို့ ဦးဆောင်၍ ရေဆိုးစမ်းသပ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ ၃ရက်တာသင်တန်းကို မန္တလေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားများကို ပို့ချသင်ကြားခဲ့ပါသည်။ သင်တန်း၏ရည်ရွယ်ချက်မှာ မန္တလေးနှင့် ပြင်ဦးလွင်ရှိ သတ်မှတ်ထားသော စက်ရုံများတွင် စက်ရုံအကဲဖြတ်မှုနှင့် ရေဆိုးခွဲခြမ်းစိတ်ဖြာမှုလုပ်ဆောင်နိုင်ရန်ရည်ရွယ်ပါသည်။
လေ့ကျင့်ထားသော သင်တန်းသားကျောင်းသားများသည် ပညာရှင်များနှင့်အတူ စားသောက်ကုန်နှင့် အဖျော်ယမကာစက်ရုံ ၁၅ခုကို လေ့လာအကဲဖြတ်မှုများပြုလုပ်ခဲ့ပါသည်။ ရေသုံးစွဲမှုပမာဏ၊ ရေဆိုးစွန့်ထုတ်မှုပမာဏနှင့် ရေနမူနာစုဆောင်းခြင်းများကို အကဲဖြတ်လုပ်ဆောင်ရာတွင် ပြုလုပ်ခဲ့သည်။ ရေဆိုးစမ်းသပ်မှုကို မန္တလေးနည်းပညာတက္ကသိုလ် ဓာတုအင်ဂျင်နီယာ ဌာနမှ ကျောင်းသားများက လုပ်ဆောင်ခဲ့ပါသည်။
ရေဆိုးသန့်စင်မှုဆိုင်ရာ နည်းပညာများနှင့် ဒီဇိုင်းတွက်ချက်မှုများကို မန္တလေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားများနှင့် ဆရာ၊ဆရာမကို ၄ရက်တာ သင်တန်းပို့ချခဲ့ပါသည်။ သင်တန်းသားများမှ စမ်းသပ်မှုများမှရရှိသော အဖြေများအပေါ်မူတည်၍ စက်ရုံများအတွက် ရေဆိုးသန့်စင်မှုစက်ရုံ ဒီဇိုင်းရေးသွားပါမည်။
သဘာဝစီမံကိန်းအနေနှင့် သန့်စင်ကုန်ထုတ်လုပ်မှုကို အားပေးနေခြင်းဖြစ်သောကြောင့် အထက်ပါ လှုပ်ရှားမှုသည် အသေးစားနှင့် အလတ်စား စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းများနှင့် စပ်ဆက် စီးပွားရေးလုပ်ငန်းများကို ရေရှည်တည်တံသော ရေနှင့် စွမ်းအင်စီမံခန့်ခွဲမှုများကို အကောင်အထည်ဖော်နိုင်ရန် ဗဟုသုတနှင့် အရည်အသွေးပိုင်းဆိုင်ရာ ပံပိုးပေးပါသည်။
MORE FROM THE FIELD