The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
- France
COVID-19 ကပ်ရောဂါ ကန့်သတ်မှုများရှိနေသော်လည်း သဘာဝစီမံကိန်းမှ ဆန်စပါးလုပ်ငန်းရှင်များအတွက် စွမ်းအင်ထိရောက်စွာ အသုံးချမှုဆိုင်ရာ ထောက်ပံ့မှုများကို ဆက်လက်လုပ်ဆောင်ပေးနေ
အောက်တိုဘာလ ၁၄ရက်- သဘာဝစီမံကိန်းမှ ဆန်စက်လုပ်ငန်းများအတွက် သဘာဝနှင့် သဟဇာတကျသော ကုန်ထုတ်လုပ်မှုဆိုင်ရာ online အသိပညာပေးနှင့် လေ့ကျင့်သင်ကြားပေးသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို Helvetas Myanmar - Climate Smart Rice Projectနှင့် ပူးပေါင်း၍ ကျင်းပခဲ့ပါသည်။ ဆန်စက်လုပ်ငန်းရှင်များအား စွမ်းအင်ထိရောက်စွာ အသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုအကြောင်းပိုမိုနားလည်စေရန်၊ သဘာဝနှင့် သဟဇာတကျသော (သို့) အစိမ်းရောင် နည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စွမ်းအင်ထိရောက်စွာ အသုံးချမှု စစ်ဆေးမှုများအပေါ် စိတ်ဝင်စားမှုတိုးလာစေရန် ရည်ရွယ်၍ ယခု onlineသင်တန်းကို ကျင်းပပို့ချပေးခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးမှ ဆန်စက်လုပ်ငန်းများ ၁၇ဦးတက်ရောက်ခဲ့ပါသည်။ ဆန်စက်လုပ်ငန်းရှင် အများစုအနေဖြင့် စပါးခွံမှ စွမ်းအင်ရင်းမြစ်အဖြစ်ပြောင်းလဲအသုံးပြုမှု အပါအဝင် စွမ်းအင်ထိရောက်စွာ အသုံးချမှုနည်းလမ်းများကို အဆိုပါသူတို့၏ ကုန်ထုတ်လုပ်ငန်းစဥ်များတွင် အကောင်အထည်ဖော်ရန် စိတ်ဝင်စားသည်ကို တွေ့ရှိခဲ့ရပါသည်။
စွမ်းအင်ထိရောက်စွာ အသုံးချမှု စစ်ဆေးမှုများကို ဦးတည်သည့် အသေးစိတ် လေ့ကျင့်သင်ကြားပေးမည့် သင်တန်းတစ်ခုကိုလည်း စိတ်ဝင်စားသူဆန်စက်လုပ်ငန်းရှင်များအတွက် နိုဝင်ဘာလအတွင်း onlineမှ တစ်ဆင့်ကျင်းပပေးရန် စီစဥ်လျှက်ရှိပါသည်။

Climate Smart Rice project ကို UNEP၊ Sustainable Rice Platform (SRP)၊ Prime Agri နှင့် Helvetas Myanmarတို့မှ ပူးတွဲအကောင်အထည်ဖော်နေခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းအနေဖြင့် ရင်းမြစ်အသုံးပြုပြီး ထိရောက်စွာ အသုံးချနိုင်မှုတိုးတက်စေရန်နှင့် Sustainable Rice Platform (SRP) Standard ကို တိုးမြှင့်ခြင်းနှင့် ပြောင်းလဲလုပ်ဆောင်ခြင်း တို့ကို အသုံးပြု၍ ဆန်စပါး လယ်ယာစိုက်ပျိုးရေး စနစ်၏ သဘာဝနှင့် သဟဇာတကျမှုရှိစေရန် တို့ကို ရည်ရွယ်ပါသည်။
သဘာဝစီမံကိန်းဆိုသည်မှာ ဥရောပသမဂ္ဂ၏ SWITCH-Asiaအစီအစဉ်မှ ရန်ပုံငွေ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ စီမံကိန်းအနေဖြင့် ရေဆိုးသန့်စင်စက်ရုံများ၊ စွမ်းအင်ထိရောက်စွာ အသုံးချခြင်းများနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တို့ကို မြှင့်တင်ခြင်းအားဖြင့်စားသောက်ကုန်နှင့် အဖျော်ယမကာ စက်မှုလုပ်ငန်းများအတွင်း သန့်စင်ကုန်ထုတ်လုပ်မှုကို အားပေးပံ့ပိုးနေခြင်းဖြစ်သည်။ သန့်စင်ကုန်ထုတ်မှုအတွက် သီးသန့်ဖန်တီးထားသော ဘဏ်များ၏ ထုတ်ကုန်များကို ငွေကြေးအဖွဲ့အစည်းများအား ကမ်းလှမ်းရာတွင်လည်း ပံ့ပိုးကူညီပေးနေသော စီမံကိန်းတစ်ခုလည်းဖြစ်ပါသည်။