The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
ရပ်ဝန်းတစ်ခု လမ်းမတစ်ခု အစီအစဉ်ကို သဘာဝနှင့် သဟဇာတ ဖြစ်စေခြင်း
BRI အကြောင်း အကျဉ်းချုပ် ပြောပြရန်နှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ဖြစ်နိုင်ချေ မျှော်မှန်းထားမှုများကို ရှင်းပြရန် ကျွန်တော်တို့ရဲ့ အစိမ်းရောင် စီးပွားရေး အစီအစဉ် မန်နေဂျာကို မေးမြန်းခဲ့ပါသည်။
မေး - ရပ်ဝန်းတစ်ခု လမ်းမတစ်ခု အစီအစဉ် (BRI) ဆိုတာ ဘာပါလဲ။
BRI ဆိုတာက ‘တရုတ်နိုင်ငံအတွက် သမိုင်းကြောင်းတလျှောက် ရည်မှန်းချက်အကြီးဆုံး နိုင်ငံတကာ မူဝါဒရေးရာ အစီအစဉ်’ လို့ ဆိုကြပါတယ်။ ဒီအစီအစဉ်မှာ ‘ပိုးလမ်းမ စီးပွားရေး ရပ်ဝန်း’ နဲ့ ‘ရေကြောင်းပိုးလမ်းမ’ ဆိုပြီး အဓိက အဆိုပြုချက် နှစ်ရပ် ပေါင်းစပ်ပါဝင်ပါတယ်။ ဒီအဆိုပြုချက် နှစ်ရပ်ကို BRI အဖြ စ် ပေါင်းစပ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကို ချိတ်ဆက်ပေးပြီး သက်ရောက်မှု ရှိဖို့ ရည်ရွယ်ပါတယ်။ ဒီအစီအစဉ်ရဲ့ ဦးတည်ချက်က မူဝါဒရေးရာ ဆွေးနွေးမှု၊ အခြေခံအဆောက်အအုံများ တစ်ဆက်တစ်စပ်တည်း ဖြစ်မှု၊ လွတ်လပ်သော ကုန်သွယ်မှုနှင့် ပြည်သူအချင်းချင်း ကုန်သွယ်မှုတို့ကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ဒေသဖြတ်ကျော် အခြေခံအဆောက်အအုံ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။
မေး - မြန်မာနိုင်ငံရဲ့ ဘယ်အပိုင်းတွေ အပေါ် သက်ရောက်မှု ရှိမှာပါလဲ။
BRI ရဲ့ မြန်မာနိုင်ငံ အစိတ်အပိုင်းက လူဦးရေ ၂၄ သန်းလောက် နေထိုင်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနဲ့ ပတ်ဝန်းကျင် တောင်ကုန်းမြင့် ဒေသတွေကို ဖြတ်သွားမှာပါ။ ဒီဒေသတွေ က လူထုကသစ်တောတွေ ၊ မြစ်ချောင်းတွေ ၊ မြေယာတွေနဲ့ ပင်လယ်လို ကြွယ်ဝလှတဲ့ သဘာဝရင်းမြစ်တွေကို သန့်စင်တဲ့ သောက်သုံးရေ သို့မဟုတ် သဘာဝ ဘေးဒဏ်တွေ က ကာကွယ်ဖို့လို အရေးကြီးတဲ့ အကျိုး ကျေးဇူးတွေ အတွက် မှီခိုနေကြရပါတယ်။ ဒီဒေသတွေမှာ အရေးကြီးတဲ့ တိရစ္ဆာန် မျိုးစိတ်တွေလည်း ရှင်သန်နေထိုင်ကြပါတယ်။
မေး - ဒီအစီအစဉ်က မြန်မာနိုင်ငံအတွက် ဘယ်လို အခွင့်အလမ်းတွေ ယူဆောင်လာပေးနိုင်လဲ။
အခြားနိုင်ငံတွေမှာ တွေ့ရတဲ့ အထောက်အထားတွေ အရတော့ BRI လမ်းမ စီမံကိန်းတွေက အလေးထားလောက်တဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပေးနိုင်ပြီး မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ မျှော်မှန်းရပါတယ်။ ၂၀၁၅ ခုနှစ်က ကမ္ဘာ့ဘဏ်ရဲ့ သုံးသပ်ချက်အရ ဥပမာ လမ်းပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံက ကုန်ထုတ်လုပ်မှု တိုးတက်ခြင်း၊ ကုန်သွယ်မှု စရိတ်နှင့် အဟန့်အတားများ လျော့ကျခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးမြင့်ခြ င်း တို့ကဲ့သို့သော လူမှုစီးပွားဆိုင်ရာ အကျိုးကျေးဇူး များစွာကို ပေးစွမ်းနိုင်ပါတယ်။
မေး - ဘေးဖြ စ်နိုင်ချေတွေကရော ဘာတွေလဲ။
BRI လမ်းမ စီမံကိန်းရဲ့ အကျိုး ကျေးဇူးတွေက များလွန်းလို့ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ ဆုံးရှုံးရနိုင်တာတွေကို သတိမမူမိနိုင်လောက်တော့တဲ့ အနေအထားမျိုး ရှိနေပါတယ်။ တကယ်လို့ BRI လမ်းမစင်္ကြန်တွေနဲ့ တခြား အခြေခံအဆောက်အအုံတွေကို ဂေဟစနစ်တွေ အစိတ်အမွှာမွှာကွဲမှု၊ တောရိုင်းတိရစ္ဆာန်တွေ မျိုးသုဉ်းမှု၊ သစ်တော ပြုန်းတီးမှု၊ မြေပြိုမှုနဲ့ ညစ်ညမ်းမှုတွေ ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေနဲ့ ဆောက်လုပ်ခဲ့မယ် ဆိုရင်တော့ မြန်မာ့ သဘာဝ ရတနာတွေအတွက် အန္တရာယ် ရှိပါတယ်။ ကျွန်မတို့အနေနဲ့ ဒီအန္တရာယ်တို့ကို ရှောင်ရှားလို့ လျော့နည်းအောင်လုပ်လို့ ရတယ်ဆိုပေမယ့် BRI လမ်းမ စင်္ကြန်တွေအတွက် ကောင်းမွန်တဲ့ အစီအစဉ်နဲ့ ပုံစံထုတ်မှုတွေ ဖြစ်ဖို့ လိုပါတယ်။
မေး - WWF က ဘာတွေ လုပ်နေ လဲ။
တရုတ်နိုင်ငံ သမ္မတကြီး ရှီကျင်းပင်က ‘စိမ်းစို၊ ကျန်းမာ၊ အမျှော်အမြင်ရှိပြီး ငြိမ်းချမ်းတဲ့’ ပိုးလမ်းမတစ်ခု ဖြစ်ဖို့ အရေးကြီးကြောင်း အသားပေး ပြောထားပြီး ဖြစ်သလို WWF-မြန်မာ အနေနဲ့လဲ မြန်မာနိုင်ငံအတွင်းမှာ အလားတူပဲ ဖြစ်ဖို့ လုပ်ဆောင်နေပါတယ်။ ကျွန်မတို့ အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ BRI ရဲ့ သဘာဝအရင်းအနှီးအပေါ် ဘေးဖြ စ်စေနိုင်မှုကို မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုး ရှိတဲ့ ဖွံ့ဖြိုးမှုအတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံအဆောက်အအုံတွေရဲ့ သက်ရောက်မှုတွေနဲ့ သူတို့အပေါ် သဘာဝအရင်းအနှီးတွေရဲ့ သက်ရောက်မှုတွေ ကို အာရုံစိုက်ပြီး ဆန်းစစ်လေ့လာနေပါတယ်။ ဒီအချက်အလက်တွေ ကို BRI နဲ့ဆိုင်တဲ့ အစီအစဉ်ရေးဆွဲမှုနဲ့ ဆုံးဖြတ်ချက်ချမှုတွေ မှာ အသုံးပြုဖို့လည်း တိုက်တွန်းသွားပြီး ဒီအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုက လူထုနဲ့ သဘာဝပတ်ဝန်းကျင်ကို ဘေးမဖြစ်စေဘဲ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ ကောင်းတဲ့ အကျိုး ကျေးဇူးတွေပဲ သယ်ဆောင်လာတာ ဖြစ်ဖို့ အားထုတ်သွားမှာပါ။
မေး - WWF ရဲ့ အန္တိမ ရည်မှန်းချက်က ဘာလဲ။
ကျွန်မတို့ရဲ့ ရည်မှန်းချက်က BRI ရဲ့ မြန်မာနိုင်ငံအပိုင်းကို သဘာဝနဲ့ သဟဇာတဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်ဖို့ ကူညီရင်း ဒီနိုင်ငံရဲ့ လူထုနဲ့ သဘာဝကို ဘေးမဖြစ်စေဘဲ စီးပွားရေး အခွင့်အလမ်းတွေ ကိုပဲ ခံစားရစေဖို့ ဖြစ်ပါတယ်။