What would you like to search for?

လူသားများနှင့်တောရိုင်းတိရိစ္ဆာန်များအတွက်သဘာ၀သဟဇာတအခြေခံအဆောက်အအုံ
© Shutterstock / WWF-Myanmar
သဘာ၀သဟဇာတ အခြေခံအဆောက်အအုံ

သဘာ၀သဟဇာတ အခြေခံအဆောက်အအုံ
လုပ်ငန်းအစီအစဉ်

ဘာကြောင့်သဘာ၀သဟဇာတအခြေခံအဆောက်အအုံဆိုတာ
အရေးပါရသလဲ။

လာမည့်နှစ်ပေါင်း ၂၀ အတွင်း အရှည်ကီလိုမီတာ ၃၄,၄၀၀ ရှိ လမ်းများဖောက်လုပ်သွားရန် မြန်မာနိုင်ငံအစိုးရက စီစဉ်ထားသည်။ လမ်းများကိုအရေးတကြီးလိုအပ်နေသော်လည်း သင့်တင့်လျောက်ပတ်စွာစီစဉ်ထားခြင်းမရှိ ပါက မြန်မာနိုင်ငံ၏လှပကြီးကျယ်သည့်ရေမြေတောတောင်သဘာ၀များအပြင် ယင်းတို့ကိုမှီခိုနေသောလူများ၊ တောရိုင်းတိရိစ္ဆာန်များကို အကြီးအကျယ်ထိခိုက်ပျက်စီးစေမည်ဖြစ်သည်။ အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ ဤအရေးကြီးသည့်အဆင့်တွင် မြန်မာနိုင်ငံ၏ရင်းနှီးမြုပ်နှံမှုများအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာရေရှည် တည်တံ့နိုင်စွမ်းနှင့်လူမှုရေးတရားမျှတမှုတို့ကိုထည့်သွင်းပေါင်းစပ်ရန်လိုအပ်ပါသည်။ သို့မဟုတ်လျှင် မည်သည့် ရေတိုအကျိုးအမြတ်ထက်မဆိုအပြတ်အသတ်သာလွန်နေသည့် ရေရှည်အကျိုးဆက်များဖြစ်စေမည့်အန္တရာယ် ၎င်းတို့တွင်ရှိနေပါသည်။

ကျွန်ုပ်တို့ဘာတွေလုပ်နေသလဲ။

ကျွန်ုပ်တို့အနေဖြင့် မိတ်ဖက်များ၊ အစိုးရဌာနဆိုင်ရာများနှင့်လက်တွဲပြီး အခြေခံဆောက်အအုံနှင့် တောရိုင်း တိရိစ္ဆာန်များ၊ သဘာ၀ပတ်ဝန်းကျင်တို့အပေါ် ယင်းတို့၏သက်ရောက်မှုများအပြင် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံနှင့်ဆက်စပ်နေသည့် ဂေဟဗေဒပြဿနာများ၏ကျယ်ပြန့်သောအတိုင်းအတာကို သိရှိအလေးပေးခြင်းနှင့်နားလည်သဘောပေါက်ခြင်းဆိုင်ရာအရေးပါသည့်အချက်အလက်များ ကောက်ယူ ဆန်းစစ်နိုင်ရေးလုပ်ဆောင်နေရုံသာမက အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဆိုင်ရာ အစအဦးဆွေးနွေးပြောဆိုမှု များ၌လည်း ရေရှည်တည်တံ့နိုင်စွမ်းနှင့်ပတ်သက်ပြီးထည့်သွင်းပြောဆိုစေရန် ကူညီလုပ်ဆောင်ပေးနေပါသည်။

စီမံကိန်းအဖွဲ့မိတ်ဆက်
Urvana Menon
Urvana Menon
သဘာ၀သဟဇာတ အခြေခံအဆောက်အအုံ လုပ်ငန်းအစီအစဉ် မန်နေဂျာ
ဘာတွေ လုပ်သလဲ

ဘာဖြစ်လို့ လုပ်တာလဲ

ရင်းမြစ်များ