The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
တိုးချဲ့ပံပိုး
သဘာဝစီမံကိန်းမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း
သန့်စင်ကုန်ထုတ်လုပ်မှုနှင့်
ပတ်သတ်၍
တိုးချဲ့ ပံ့ပိုးမှု
စစ်ကိုင်း၊ ဖေဖော်ဝါရီလ ၂၆ရက်၊ ၂၀၂၀ခုနှစ်။ ။ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ သဘာဝစီမံကိန်းမှ စီမံကိန်းအကြောင်းအရာနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အစိမ်းရောင်ငွေကြေး ရယူရာတွင် စီမံကိန်းအနေဖြင့် မည်ကဲ့သို့ ကူညီပံ့ပိုးပေးနေသည်ကို အသိပညာ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အစိမ်းရောင်ငွေကြေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကိုကျင်းပခဲ့သည်။ ဆွေးနွေးပွဲအတွင်း သဘာဝစီမံကိန်း၏ မိတ်ဖက်များဖြစ်ကြ
သည့် Saving Banks Foundatin for International Cooperation-SBFICမှ Mr. Ilan Wolkov (green finance expert)၊ ဒေါ်ဆုသက်ရည် (banking expert)၊ မြန်မာနိုင်ငံထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း- MFPEAမှ ဒေါက်တာ မူမူဌေး (Cleaner Production Advisor)နှင့် သဘာဝစီမံကိန်းမှာ ဒေါ်ဖြိုးသက်ခိုင် (Sustainable Business Officer)တို့ ဦးဆောင်၍ ဆွေးနွေးခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲအတွင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ Mr. Calvin (Consultant)နှင့် Ms. Spring (Senior Expert Service)တို့ကလည်း စွမ်းအင်ထိရောင်စွာ အသုံးချမှုနှင့် ပတ်သတ်ပြီး တင်ပြပြောကြားခဲ့သည်။ အဆိုပါ အသင်းအနေဖြင့် စွမ်းအင်ထိရောက်စွာ အသုံးချမှုနှင့် ပတ်သတ်၍ စီးပွားရေးလုပ်ငန်းများကို မည်ကဲ့သို့ ဝန်ဆောင်မှုများကို ပံ့ပိုးနိုင်ကြောင်းနှင့် အဆိုပါဝန်ဆောင်မှုများကို မည်ကဲ့သို့ ရယူအသုံးချနိုင်ကြောင်းကို မျှဝေပေးခဲ့သည်။
၄င်း အလုပ်ရုံဆွေးနွေးပွဲကို အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင် ၅၀ဦး တက်ရောက်ခဲ့ကြသည်။ သဘာဝစီမံကိန်းဆိုသည်မှာ ဥရောပသမဂ္ဂ၏ SWITCH-Asiaအစီအစဉ်မှ ရန်ပုံငွေ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ စီမံကိန်းအနေဖြင့် ရေဆိုးသန့်စင်စက်ရုံများ၊ စွမ်းအင်ထိရောက်စွာ အသုံးချခြင်းများနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တို့ကို မြှင့်တင်ခြင်းအား
ဖြင့် စားသောက်ကုန်နှင့် အဖျော်ယမကာ စက်မှုလုပ်ငန်းများအတွင်း သန့်စင်ကုန်ထုတ်လုပ်မှုကို အားပေးပံ့ပိုးနေခြင်းဖြစ်သည်။ သန့်စင်ကုန်ထုတ်မှုအတွက် သီးသန့်ဖန်တီးထားသော ဘဏ်များ၏ ထုတ်ကုန်များကို ငွေကြေးအဖွဲ့အစည်းများအား ကမ်းလှမ်းရာတွင်လည်း ပံ့ပိုးကူညီပေးနေသော စီမံကိန်းတစ်ခုလည်းဖြစ်ပါသည်။