What would you like to search for?

© WWF- US

တောတောင်ထဲမှစျေးထဲသို့
သဘာ၀တရားထိခိုက်ဆုံးရှုံးမှုက ကပ်ရောဂါများအားမည်သို့ဆိုးရွားလာစေပုံ

ကိုဗစ်-၁၉ ကပ်ရောဂါ၏မူလဇစ်မြစ်ကိုအတိအကျမသိရသေးသော်လည်း ယင်းရောဂါကဲ့သို့ တိရိစ္ဆာန်မှတစ်ဆင့်လူသားထံကူးစက်တတ်သော ရောဂါများသည် လူသားနှင့်သဘာ၀တရားအကြားမည်သို့အပြန်အလှန်ဆက်စပ်နေကြောင်း အတိအလင်းသတိပေးချက်တစ်ခုဖြစ်သည်။ ဆားစ်ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါနှင့်မားစ်ရောဂါများကဲ့သို့ အခြားပြင်းထန်သောရောဂါဖြစ်ပွားမှုများသည် မူလအားဖြင့် တိရိစ္ဆာန်မှတစ်ဆင့်လူသို့ကူးစက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြစ်ပွားမှုများအတွက် တိရိစ္ဆာန်များကိုအပြစ်တင်ရမည်မဟုတ်ပါ။ အကြောင်းရင်းမှာ လူသားတို့၏လုပ်ရပ်များဖြစ်သည့် တောကြီး မျက်မည်းများထဲ အဆင်အခြင်မဲ့ကျူးကျော်ဝင်ရောက်ခြင်းနှင့် ဘေးအန္တရာယ်ပိုရှိစေနိုင်သောတောရိုင်းတိရိစ္ဆာန်များနှင့် ဘေးမကင်းသည့်ထိတွေ့မှု များကြောင့်ပင်ဖြစ်သည်။

© WWF- US

ရောဂါပိုးတစ်ခုသည် အိမ်မွေးတိရိစ္ဆာန်ဖြစ်စေ၊ တောရိုင်းတိရိစ္ဆာန်ဖြစ်စေ တိရိစ္ဆာန်များထံမှလူသားများထံသို့ကူးပြောင်းရောက်ရှိသွားသောအခါ ဤသို့ တိရိစ္ဆာန်မှလူသို့ရောဂါကူးစက်မှုများဖြစ်ပေါ်လာသည်။ ထိတွေ့မှုအကြိမ်အရေအတွက်မည်သို့ပင်ဖြစ်ပါစေ ကူးစက်မှုများပေါ်ပေါက်စေနိုင်ရာ အိမ်အနီး တောထဲမှပစ်ခတ်ရရှိသောတောကောင်သားကိုသယ်ဆောင်သောမုဆိုးတစ်ဦး၊ တောအုပ်အစွန်ရှိမိသားစုမွေးမြူရေးခြံထဲသို့သွားတတ်သောလယ်သမား တစ်ဦး သို့မဟုတ် မြို့ပေါ်စျေးတစ်ခု၌ကုန်ပစ္စည်းရောင်းချသောစျေးသည်တစ်ဦးဟူ၍ အမျိုးမျိုးဖြစ်နိုင်သည်။
 

© WWF- US

လူတစ်ဦးသည် တောရိုင်းတိရိစ္ဆာန်တစ်ကောင်အကိုက်ခံရသောအခါဖြစ်စေ၊ တောရိုင်းတိရိစ္ဆာန်တစ်ကောင် သို့မဟုတ် တောရိုင်းတိရိစ္ဆာန်နှင့်အထိအစပ် ရှိသောအိမ်မွေးတိရိစ္ဆာန်တစ်ကောင်၏ မစင်၊ သွေး နှင့်သွားရည်စသည်တို့ကိုထိတွေ့မိသောအခါဖြစ်စေ ၊ တောရိုင်းတိရိစ္ဆာန်စျေးတစ်ခု သို့မဟုတ် အခြား တစ်နေရာရာ၌ နာမကျန်းဖြစ်နေသောတိရိစ္ဆာန်များမှထွက်ရှိပြီးလေထဲရောက်ရှိနေသည့်ဗိုင်းရပ်စ်ကိုရှူမိသောအခါဖြစ်စေ တိရိစ္ဆာန်မှတစ်ဆင့်လူတစ်ဦးသို့ ရောဂါကူးစက်ခြင်းဖြစ်ပေါ်လာပါသည်။
တိရိစ္ဆာန်များ၌ရှိနေသောရောဂါပိုးအများစုသည် လူတို့အတွက်မပြောပလောက်သောခြိမ်းခြောက်မှုသာဖြစ်သည်။ သို့သော် တိရိစ္ဆာန်မှလူသို့ကူးစက် တတ်သောရောဂါဖြစ်သော်ငြား ယခင်ကဖော်ထုတ်တွေ့ရှိခဲ့ခြင်းမရှိသေးသောရောဂါများမှာမူ ပို၍ပို၍ထွက်ပေါ်လာလျက်ရှိသည်။
 

© WWF- US
နှစ်စဉ် ကူးစစ်ရောဂါအသစ် ၃ ခုမှ ၄ ခု ဖြစ်ပွားနေပါသည်။
ယင်းတို့အနက် ၇၆ ရာခိုင်နှုန်းအထိမှာ တိရိစ္ဆာန်များထံမှဖြစ်သည်။ [၁]

ကပ်ရောဂါကျရောက်သောနေရာများဆိုသည်မှာ ရောဂါကူးစက်မှုများအတွက် အန္တရာယ်ကြီးမားစေမည့်အခြေအနေများ ပိုမို၍များပြားစုဆုံလာ မိသောနေရာများဖြစ်သည်ဟု ကျွမ်းကျင်သူများကသတ်မှတ်ကြသည်။ [၂]
ဤသိပ္ပံသုတေသနနယ်ပယ်မှာဆက်လက်၍တိုးတက်ဆဲဖြစ်သော်လည်း အောက်ပါနေရာများတွင်ဖြစ်ပွားသည့် တိရိစ္ဆာန်မှတစ်ဆင့်လူသို့ကူးစက်သော ရောဂါများသည် ပိုမို၍အန္တရာယ်ကြီးမားကြောင်းသုတေသနများကပြဆိုနေပါသည်။
 

© WWF- US

သစ်တောပြုန်းတီးမှုများအကြီးအကျယ်ဖြစ်ပေါ်နေသည့်အပူပိုင်းဒေသများကဲ့သို့ ဇီ၀မျိုးစုံမျိုးကွဲမြင့်မားသည့်နေရာများ။ [၃] [၄]
တိရိစ္ဆာန်ရိုင်းများ ကုန်သွယ်လေ့၊ မွေးမြူလေ့ရှိပြီး လူနှင့်အိမ်မွေးတိရိစ္ဆာန်များကိုအဝင်အထွက်ရှိစေမည့်၊ တောရိုင်းတိရိစ္ဆာန်များနှင့်အနီးကပ် ထိတွေ့မှုရှိစေမည့်နေရာများ။

© WWF- US

တိရိစ္ဆာန်ရိုင်းများ ကုန်သွယ်လေ့၊ မွေးမြူလေ့ရှိပြီး လူနှင့်အိမ်မွေးတိရိစ္ဆာန်များကိုအဝင်အထွက်ရှိစေမည့်၊ တောရိုင်းတိရိစ္ဆာန်များနှင့်အနီးကပ် ထိတွေ့မှုရှိစေမည့်နေရာများ။ [၅]
လွန်ခဲ့သောနှစ်ပေါင်း ၂၀ - ၃၀ အတွင်း ထိုသို့ရောဂါကူးစက်ဖြစ်ပွားမှုများ အဘယ်ကြောင့်သုံးဆနီးပါးမြင့်တက်လာသနည်း။ ယခုက ဘာများကွာခြားနေ သနည်း။
သဘာ၀တရားနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏ပြောင်းလဲနေသောဆက်ဆံရေးကိုပိုမိုသဘောပေါက်နားလည်ခြင်းဖြင့် ဤမေးခွန်းအတွက်အဖြေကိုရှာတွေ့ နိုင်သည်။ လူသားများအနေဖြင့် သဘာ၀နေရင်းဒေသများ၏နောက်ဆုံးသောအပိုင်းများထဲသို့ အထူးသဖြင့် အပူပိုင်းဒေသသစ်တောများထဲသို့  ဇွတ်အတင်း ချင်းနင်းဝင်ရောက်ကြသဖြင့် လူသားများအတွက်အန္တရာယ်တစ်ခုဖြစ်နိုင်သော ဗိုင်းရပ်စ်ပိုးအသစ်များ၊ ရောဂါပိုးမွှားများနှင့်ကျွန်ုပ်တို့ ပိုပို၍ရင်ဆိုင်လာရ သည်။ အသစ်ခွင့်ပြုပေးလိုက်သောသစ်တောများ၌နေထိုင်လုပ်ကိုင်သူများသည် ယင်းရောဂါပိုးအသစ်များနှင့်အပြန်အလှန်တုံ့ပြန်မှုရှိနေကြပါသည်။  

သစ်တောပြုန်းတီးမှုသည် အန္တရာယ်ပိုရှိလာမည့်ပြဿနာများကိုဖိတ်ခေါ်လိုက်ခြင်းဖြစ်ရာ အသိဉာဏ်မဲ့စွာလုပ်ကိုင်ခြင်း၏အကျိုးဆက် ရှုပ်ထွေးသော ပြဿနာများစွာဖြစ်လာခြင်းဟုဆိုလိုသောပန်ဒိုရာသေတ္တာကို ဖွင့်လိုက်မိသကဲ့သို့ပင်ဖြစ်သည်။ တစ်ကွဲတစ်ပြားစီဖြစ်နေသောသစ်တောများ၊ အမဲလိုက် နေရာများသည် ဂေဟစနစ်များကိုပြောင်းလဲစေကြောင်း၊ တိရိစ္ဆာန်မှတစ်ဆင့်လူသို့ကူးစက်နိုင်သည့် အဆင့်ပြောင်းရောဂါများကိုသယ်ဆောင်နိုင်သော ကြွက်ကဲ့သို့ အချို့ကိုက်ဖြတ်သတ္တဝါများကိုအလွန်အမင်းတိုးပွားစေကြောင်း သိပ္ပံသုတေသနများကထုတ်ဖော်ထားပါသည်။ [၆]
အခြေခံအဆောက်အအုံများတိုးချဲ့ခြင်းနှင့် တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ သစ်ထုတ်ခြင်းတို့အတွက် လမ်းများဖောက်လုပ်ရန်လိုအပ်ပြီး သစ်တောများကို တစ်ကွဲတစ်ပြားစီဖြစ်စေနိုင်ပါသည်။ ပိုမိုပြန့်ကားလာသောကွန်ရက်သဖွယ်ကားလမ်းများနှင့်အတူ စီးပွားဖြစ် ဆီအုန်း၊ ရာဘာနှင့် စက္ကူပျော့ဖတ်အတွက်စိုက်ပျိုးလုပ်ကိုင်ခြင်းတို့တွဲဖက်ပါလာကြသည်။ [၇]
တောရိုင်းတိရိစ္ဆာန်များအနေဖြင့် ၎င်းတို့ကြာရှည်စွာမှီတင်းနေထိုင်ခဲ့သောနေရာများပျောက်ကွယ်သွားခြင်း သို့မဟုတ် မှီခိုအားထားနိုင်စွမ်းကျဆင်း လာခြင်းတို့ကြောင့် အမူအကျင့်အသစ်များကို ပြုမူလာနိုင်ပါသည်။ [၈] ဤအချက်ကပင် ၎င်းတို့ကို လူသားများနှင့်ပိုမိုထိတွေ့ မိစေရန် တွန်းပို့လိုက်နိုင် သည်။ သစ်တောပြုန်းတီးမှုလောလောလတ်လတ်ဖြစ်ထားသောနေရာများ၌ တိရိစ္ဆာန်များမွေးမြူခြင်းသည်လည်း တောရိုင်းတိရိစ္ဆာန်များနှင့် လူတို့ မွေးမြူသောတိရိစ္ဆာန်များအကြားထိတွေ့မှုတိုးပွားစေပြီး ရောဂါဗီဇပြောင်းလဲခြင်းများနှင့် နောက်ဆုံးအဆင့် လူသားများထံရောဂါကူးစက်ရောက်ရှိ သွားခြင်းတို့ကိုဖြစ်စေနိုင်ပါသည်။ [၉] ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ၊ နီပါးဗိုင်းရပ်စ် နှင့် ဝက်တုပ်ကွေးရောဂါ H1N1 ကဲ့သို့သောရောဂါများ ဖြစ်ပွားမှုသည် တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းများနှင့်ဆက်စပ်နေပါသည်။

စိုက်ပျိုးရေးချဲ့ထွင်ခြင်း၊ လူအခြေချနေထိုင်မှုတိုးချဲ့ခြင်းနှင့်ကမ္ဘာ့စျေးကွက်တွန်းအားတို့သည် သစ်တောပြုန်းတီးမှုများပိုမိုတိုးပွားလာစေသလို နေရင်း ဒေသများအသွင်ပြောင်းလဲမှုတို့ကိုလည်း ပိုပို၍ဖြစ်လာစေပါသည်။ ထို့ပြင် အဆိုပါသစ်တောပြုန်းတီးမှုနှင့် နေရင်းဒေသအသွင်ပြောင်းလဲမှုတို့သည် လမ်းကွန်ရက်များတိုးချဲ့လျက်ရှိသောနေရာများ၌ ပိုမို၍ဖြစ်ပေါ်လာနိုင်ခြေရှိပါသည်။ [၁၀]
 

လမ်းများကြောင့် လူတို့အတွက် သစ်တောထဲသို့ရောက်ရှိပြီး တောရိုင်းတိရိစ္ဆာန်များနှင့်ထိတွေ့မှုဖြစ်လာရေး ပို၍လွယ်ကူသွားစေသည်။ သစ်ထုတ်လုပ်ငန်း များလုပ်ကိုင်ရန်၊ စိုက်ပျိုးရေးချဲ့ထွင်ရန်နှင့်သတ္တုတူးဖော်မှုပြုရန်အတွက် လမ်းများအတိုင်းရောက်ရှိသွားသူများသည် တောရိုင်းတိရိစ္ဆာန်ကုန်သွယ်ရန် အလို့ငှာ အမဲလိုက်ခြင်းကိုဆက်လက်လုပ်ကိုင်ကြသည်။ ၎င်းတို့က ကုမ္ပဏီများ၊ လူများကို သစ်တောများနှင့်ယင်းတို့အနီးအနားဆီသို့ခေါ်ဆောင်လာကြရာ သစ်တောများမှအဝေးသို့သယ်ယူပို့ဆောင်ရန်အတွက်လည်း လမ်းများကပို၍လွယ်ကူသွားစေသည်။ ထိုသို့သယ်ယူပို့ဆောင်မှုများတွင်တောတွင်းနေ တိရိစ္ဆာန်များပါဝင်တတ်ပြီး ယင်းတို့အနက်အချို့သည် လူစည်ကားရာစျေးများအတွင်း အရှင်ရောင်းချခံရခြင်း သို့မဟုတ် ရက်စက်စွာသတ်ဖြတ်ရောင်းချ ခံရခြင်းတို့ဖြင့်အဆုံးသတ်သွားရသည်။
တောရိုင်းတိရိစ္ဆာန်ကုန်သွယ်မှုက နေထိုင်ရာတောထဲမှမည်သည့်အခါမျှစွန့်ခွာလေ့မရှိသည့်တိရိစ္တာန်များကို လူနေထူထပ်ရာမြို့ပြဒေသများသို့ ရွှေ့ပြောင်းပစ်လိုက်ပြီး တောထဲနေတိရိစ္ဆာန်များနှင့်မည်သည့်အခါမျှအထိအစပ်မရှိသောအခြားမျိုးစိတ်များနှင့် ထိတွေ့မှုဖြစ်စေပါသည်။ နိုင်ငံအတော် များများတွင် လူတို့စားသုံးရန်၊ တိုင်းရင်းဆေးဖော်စပ်ရန်၊ ထူးခြားဆန်းပြားသည့်အိမ်မွေးတိရိစ္ဆာန်များနှင့်လူကုံထံအသုံးအဆောင်များအလို့ငှာ တိရိစ္ဆာန် မျိုးစိတ်များစွာတို့ကို ဘေးချင်းယှဉ်လွတ်လွတ်လပ်လပ်ရောင်းဝယ်နေကြသော တောရိုင်းတိရိစ္ဆာန်အရှင်စျေးကွက်များကိုတွေ့မြင်နိုင်သည်။ ထိုသို့သော အခြေအနေမျိုးသည် အလွန်စိတ်ဖိစီးမှုရှိနေသောတိရိစ္ဆာန်များအနေဖြင့် သန့်ရှင်းမှုမရှိသလို လူထူထပ်များပြားပြီး ကျဉ်းကျပ်စွာပိတ်လှောင်ခံရသော အခြေအနေမျိုး၌ ဗိုင်းရပ်စ်များထွက်ရှိတတ်ခြင်း၊ အခြားမျိုးစိတ်များထံမှနာမကျန်းမှုများကူးစက်ခံရခြင်းတို့ဖြင့် အန္တရာယ်ရှိသောအခြေအနေမျိုးဖြစ်သည်။ တိရိစ္ဆာန်မှတစ်ဆင့်လူသို့ကူးစက်သောရောဂါဖြစ်ပေါ်မှုအတွက် အဓိကအကြောင်းရင်းတစ်ရပ်မှာ လူနှင့်တိရိစ္ဆာန်အကြား နက်နက်ရှိုင်းရှိုင်းထိတွေ့မှု ဖြစ်ကြောင်း၊ အထူးသဖြင့် အမြဲတမ်းရှိတတ်သည့်တိရိစ္ဆာန်အရှင်စျေးများဖြစ်ကြောင်း ပူပူနွေးနွေးအစီရင်ခံစာများက တွေ့ရှိခဲ့သည်။ [၁၁]
အန္တရာယ်မြင့်မားသောတောရိုင်းတိရိစ္ဆာန်မျိုးစိတ်အုပ်စုဆိုသည်မှာ တိရိစ္ဆာန်မှတစ်ဆင့်လူသို့ကူးစက်နိုင်သောရောဂါများ၏ကူးပြောင်းမှုအတွက် အန္တရာယ်တစ်စုံတစ်ရာကျရောက်စေမည့် မျိုးစိတ်အုပ်စုများဖြစ်ကြသည်။ သုတေသနများပြုရန်ထပ်မံလိုအပ်နေသော်လည်း ကျွန်ုပ်တို့သိရှိထားသည့် စာရင်းတွင် အခြားမျိုးစိတ်များစွာအနက် လင်းနို့များ၊ အဆင့်မြင့်နို့တိုက်သတ္တဝါများ၊ ကိုက်ဖြတ်သတ္တဝါများနှင့်တောငှက်များပါဝင်နေသည်။ လူတို့မွေးမြူ သောတိရိစ္ဆာန်မျိုးစိတ်များသည်လည်း အန္တရာယ်ကြီးမားသည့်တောရိုင်းတိရိစ္ဆာန်စျေးများရှိတိရိစ္ဆာန်ရိုင်းများထံမှ ရောဂါပိုးမွှားများလက်ခံရရှိနိုင်ခြေရှိ သောကြောင့် အရေးကြီးသည့်ရောဂါဖြစ်ပွားမှုများ၌ပါဝင်ပတ်သက်နေကြရာ ဤသို့ဗိုင်းရပ်စ်မျိုးဗီဇပြောင်းလဲမှုမျိုးနှင့်လူတို့အားကူးစက်မှုမျိုးအတွက် သေကြေစေနိုင်လောက်သောအကျိုးဆက်များနှင့်တကွ ရေခံမြေခံကောင်းပံ့ပိုးနိုင်ပါသည်။ ကိုဗစ်-၁၉ ရောဂါနှင့်ဆားစ်ရောဂါဖြစ်ပွားမှုတို့ကို တိရိစ္ဆာန် အရှင်ရောင်းချသောစျေးကွက်များ၌ ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အိတ်ချ်အိုင်ဗွီနှင့်အီဘိုလာရောဂါများမှာ တောကောင်သားများစားသောက်ခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။
ရောဂါကူးစက်ခံထားရသူများ၏ရွှေ့ပြောင်းသွားလာမှုများကို အလျင်အမြန်တိုးတက်နေသော သယ်ယူပို့ဆောင်ရေးနှင့်ခရီးသွားကဏ္ဍတို့ကအထောက်အကူ ပေးခဲ့ပြီး ယင်းအချက်ကပင် ဒေသတွင်းဖြစ်ပွားမှုကို ကမ္ဘာ့ကပ်ရောဂါအသွင်သို့ အချိန်တိုအတွင်းပြောင်းလဲပေးလိုက်ပါသည်။
မကြာသေးမီအချိန်သမိုင်းကြောင်းအတွင်း ကိုဗစ်-၁၉ ရောဂါ။ ဆားစ်ရောဂါ၊ မားစ်ရောဂါနှင့် အခြားအလားတူရောဂါဖြစ်ပွားမှုများပျံ့နှံ့သွားခြင်းက ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာကာလရှည်စိန်ခေါ်မှုများအတွက် အပူတပြင်းအရေးယူဖြေရှင်းရန်လိုအပ်နေကြောင်းနှင့် လူသားအားလုံးအတွက် ဘေးကင်းစိတ်ချရသည့်အစားအစာစနစ်များဖြစ်ရန်လိုအပ်နေကြောင်း မီးမောင်းထိုးပြနေသည်။ မည်သည့်အခါမျှ ထိထိရောက်ရောက်မလုပ်ခဲ့ခြင်း၏ အကျိုးဆက်ကပို၍ထင်ရှားလာပါသည်။
အန္တရာယ်များပြားသည့်တောရိုင်းတိရိစ္ဆာန်ကုန်သွယ်မှု၊ သစ်တောပြုန်းတီးမှုနှင့် တောရိုင်းတိရိစ္ဆာန်များကျက်စားရာနေရာများသို့ စိုက်ပျိုးရေးချဲ့ထွင် လုပ်ကိုင်ခြင်းတို့နှင့်စပ်လျဉ်း၍ အမြဲတစေရှိနေသောစိန်ခေါ်မှုများအားရင်ဆိုင်ဖြေရှင်းရန်ပျက်ကွက်ခြင်း၌ သိသာထင်ရှားသည့်လူ့ကျန်းမာရေးအန္တရာယ် များရှိရာ အနာဂတ်ကာလတွင် တိရိစ္ဆာန်မှလူသို့ရောဂါကူးစက်ဖြစ်ပွားမှုများမှဖြစ်သည်။
ကျွန်ုပ်တို့အနေဖြင့် ကူးစက်ရောဂါများ နောက်ထပ်မည်သည့်နေရာတွင်ဖြစ်ပွားလာမည်ဟုအတိအကျဖော်ထုတ်နိုင်ခြင်းငှာမစွမ်းနိုင်စဉ် အန္တရာယ်ကိုပို၍ များပြားစေမည့်အကြောင်းရင်းများတွဲဖက်နေမှုကို စိစစ်ဖော်ထုတ်ကြည့်နိုင်ပါသည်။
 

အရေးတယူလုပ်ဆောင်ရမည်မှာ ယခုပင်ဖြစ်သည်။
သဘာ၀တရားကိုလေးစားပါ၊
အကာအကွယ်ပေးပါ။
မိမိတို့၏ကျန်းမာရေးကိုစောင့်ရှောက်ပါ။
မိသားစုကိုကာကွယ်ပါ။

တောတောင်ထဲမှစျေးထဲသို့
လူသားတွေရဲ့အလိုလောဘကြီးပုံ

SOURCES:
 
[1] Jones, K.E., Patel, N.G., Levy, M.A., Storeygard, A., Balk, D., Gittleman, J.L. & Daszak, P. (2008). Global trends in emerging infectious diseases. Nature, 451, 990–993.
[2] https://www.publichealth.columbia.edu/research/population-health-methods/hot-spot-spatial-analysis
[3] https://mol.org/patterns/richnessrarity Species richness data summarized from Map of Life, more detailed information available at www.mol.org.
[4] https://wwf.panda.org/discover/our_focus/forests_practice/deforestation_fronts_/
[5] http://www.routesdashboard.org/
[6] Estrada-Peña, A., Ostfeld, R.S., Peterson, A.T., Poulin, R. & de la Fuente, J. (2014). Effects of environmental change on zoonotic disease risk: an ecological primer. Trends in Parasitology, 30, 205–214.
[7] Rohr, J. R., Barrett, C. B., Civitello, D. J., Craft, M. E., Delius, B., DeLeo, G. A., Hudson, P. J., Jouanard, N., Nguyen, K. H., Ostfeld, R. S., Remais, J. V., Riveau, G., Sokolow, S. H., & Tilman, D. (2019). Emerging human infectious diseases and the links to global food production. Nature Sustainability, 2, 445– 456.
[8] (Faust et al., 2018; Gibb et al., 2020; Gillespie & Chapman, 2006). As pulled from https://www.onlinelibrary.wiley.com/doi/full/10.1111/gcb.15508
[9] (Jones et al. 2013)
[10] Pacheco, P., Mo, K., Dudley, N., Shapiro, A., Aguilar-Amuchastegui, N., Ling, P.Y., Anderson, C. and Marx, A. 2021. Deforestation fronts: Drivers and responses in a changing world. WWF, Gland, Switzerland
[11] Hong-Ying Li, Guang-Jian Zhu, Yun-Zhi Zhang, Li-Biao Zhang, Emily A Hagan, Stephanie Martinez, Aleksei A Chmura, Leilani Francisco, Hina Tai, Maureen Miller, Peter Daszak, A qualitative study of zoonotic risk factors among rural communities in southern China, International Health, Volume 12, Issue 2, March 2020, Pages 77–85, https://doi.org/10.1093/inthealth/ihaa001