The WWF is run at a local level by the following offices...
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးအားလုံးအပါအဝင် သက်ရှိသတ္တဝါများအတွက် တီထွင်ဆန်းသစ်မှု လျှောက်လွှာ နောက်ဆုတ်ပေးပို့ရမည့်နေ့ကို ဇွန်လ ၃ ရက်နေ့ထိ တိုးမြှင့်ထားပါသည်။
တီထွင်ဆန်းသစ်မှုဆိုတာဘာလဲ
မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ကျေးရွာလူထုများအတွက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ရေရှည်တည်တံ့သောနည်းဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ နှင့် ဝင်ငွေဖန်တီးမှု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူ ပြုပေးနိုင်သည့် စီးပွားရေးဆိုင်ရာ အကြံဉာဏ် အသစ်များ၊ စိတ်ကူးသစ်များအား ကျေးရွာအခြေပြု စီးပွားရေး လုပ်ငန်းစုများ၊ လူမှုစီးပွားရေး လုပ်ငန်းလုပ်ဆောင်သူများ နှင့် စီးပွားရေး စတင် လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များ ထံမှ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။
- သစ် မဟုတ်သော သစ်တောထွက်ကုန်များမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို စျေးကွက်ရရှိရေး ဆောင်ရွက်ခြင်းဖြင့် ရပ်ရွာလူထုများအတွက် ဝင်ငွေတိုး အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းကောင်းလာစေခြင်း။
- စျေးကွက်ရရှိပြီး ရေရှည်တည်တံ့သော ဝင်ငွေ ရရှိရေး အတွက် ကျေးရွာလူထုများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်း။
- အသေးစား တောင်သူလယ်သမားများအကြား ရေရှည်တည်တံ့မှု မရှိသော ထုတ်လုပ်မှု အလေ့အကျင့်များကို ကိုင်တွယ်ဖြေရှင်းပြီး အစိမ်းရောင်စီးပွားရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေမည့် ကုန်ကျစရိတ်သက်သာသော ဖြေရှင်းနည်းများကို ဖော်ဆောင်ပေးခြင်း။
- ကျေးရွာအခြေပြု စီးပွားရေး လုပ်ငန်းစုများ၊ လူမှုစီးပွားရေး လုပ်ငန်းလုပ်ဆောင်သူများနှင့် စီးပွားရေး စတင် လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များ သာလျှင် ပေးပို့နိုင်သည်။
- COVID-19 ပြန်လည်ထူထောင်ရေးကို ဦးတည်ပြီး ဌာနေတိုင်းရင်းသားများနှင့် ကျေးရွာ လူထုများ အတွက် ဝင်ငွေတိုးလာစေရန် ဦးတည်ရမည်။
- ဌာနေတိုင်းရင်းသားများနှင့် ကျေးရွာလူထုများအတွက် လုပ်ပိုင်ခွင့် အခွင့်အာဏာများ/ ပူးပေါင်းပါဝင်ခွင့်များနှင့် လွှမ်းမိုးချုပ်ကိုင်ခွင့် ပိုမိုရရှိရန် တွန်းအားပေးနိုင်ရမည်။
- စျေးကွက် လက်လှမ်းမှီမှုနှင့် စျေးကွက် စီးဆင်းမှုကို မြှင့်တင်ပေးနိုင်ရမည်။
- သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကိုလည်း ပံ့ပိုးပေးနိုင်ရမည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များဆီသို့ အရောက်လှမ်းနိုင်ရန် ကူညီနိုင်ရမည်။
- ရေရှည်ခိုင်မာသော စီးပွားရေးအကြံဉာဏ်ဖြစ်ရမည်။
- ဆန်းသစ်တီထွင်မှုဖြစ်ရမည်။
ဘာကြောင့်လျှောက်ထားသင့်သလဲ
- ရံပုံငွေရရှိမည့် အခွင့်အလမ်း - မိမိတို့၏ စိတ်ကူးအကြံဉာဏ်များကို အကောင်အထည်ဖော်ရန် ငွေကြေး ထောက်ပံ့မှုကို ရယူနိုင်မည်။
- နည်းပြများထံမှသင်တန်းရရှိမည် - ဒီဇိုင်းတွေးခေါ်မှုနှင့် စီးပွားရေးနှင့် စွန့်ဦးတီထွင်မှုကဲ့သို့သော ကျွမ်းကျင်သူများနှင့် ဆန်းသစ်တီထွင်မှုနှင့်ဆက်နွယ်သည့် နည်းပညာများနှင့်အတူ နည်းပြ သင်တန်းများမှ အကျိုးကျေးဇူးများရရှိမည်။
- အကူအညီရယူနိုင်သည် - WWF-မြန်မာ လုပ်ဖော်ကိုင်ဖက်များထံမှ လမ်းညွှန်မှု ရယူနိုင်မည်။
ပြိုင်ပွဲတွင် အနိုင်ရရှိသူများသည် သုံးလကြာ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး ၎င်းတို့၏ စိတ်ကူးအကြံညာဏ်များကို နမူနာ ပုံစံ စမ်းသပ်လုပ်ဆောင်ရန်အတွက် ဒေါ်လာ ၃၀၀၀ အထိ ဆုကြေးငွေ ပံ့ပိုးမှု ရရှိမည်ဖြစ်သည် (ဆုကြေးငွေပမာဏသည် ရွေးချယ်လိုက်သော စိတ်ကူးအကြံဉာဏ်များအပေါ်တွင် မူတည်လိမ့်မည်)။
အနိုင်ရရှိသူများအားရွေးချယ်စီစစ်ရာတွင်အဆင့် ၂ ဆင့်ရှိသည်။
(၁) ဆန်းသစ်တီထွင်မှုကို အထောက်အကူပြု ပံ့ပိုးပေးနိုင်သည့် စဉ်းစား တွေးခေါ်နည်းများ (Design Thinking Methodology) နှင့် စီးပွားရေး လုပ်ငန်းပုံစံများ ရေးဆွဲခြင်း စသည့် မိမိတို့၏ စိတ်ကူးအကြံဉာဏ်များ ပိုမို ကောင်းမွန်စွာ ဖန်တီးလာနိုင်စေရန် အကူအညီပေးမည့် (၅) ရက်ကြာ သင်တန်းအစီအစဉ်တွင် ပါဝင်ရန်အတွက် စိတ်ပါဝင်စားသူအားလုံးသည် မိမိတို့၏ ကနဦး စိတ်ကူး အကြံဉာဏ်များအား စိတ်ဝင်စားမှု ဖော်ပြပေးသည့် ပုံစံတွင် ရေးသားဖော်ပြပြီး လျှောက်ထားနိုင်ပါသည်။
(၂) အထက်ဖော်ပြပါ သင်တန်း အစီအစဉ် မှတဆင့် ပြိုင်ပွဲဝင်များ၏ စိတ်ကူးအကြံဉာဏ်များကို အနိုင်ရရှိသူကို ရွေးချယ်မည့် အကဲဖြတ်အဖွဲ့ထံ တင်သွင်းမည် ဖြစ်သည်။
အထက်ဖော်ပြပါ သင်တန်း အစီအစဉ်တွင် ပါဝင်သူအားလုံးကို ပြိုင်ပွဲတွင် အနိုင်ရရှိသူအဖြစ် ရွေးချယ်ခံရမည် မဟုတ်သော်လည်း ထိုသင်တန်းအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် မိမိတို့၏ စီးပွားလုပ်ငန်းကို အထောက်အကူပြု ပေးနိုင်သည့် စွမ်းဆောင်ရည် တိုးတက်မှုများကို ရရှိမည်ဖြစ်ပါသည်။
ဘယ်သူတွေလျှောက်ထားနိုင်သလဲ
လျှောက်ထားသူများသည် ကျေးရွာအခြေပြု စီးပွားရေးလုပ်ငန်းများ၊ လူမှုစီးပွားရေးလုပ်ငန်းများသို့မဟုတ် စီးပွားရေး အစပြု တည်ထောင်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖြစ်ရမည်။
လူမှုစီးပွားရေးလုပ်ငန်း- အမြတ်အစွန်းရရန် ရည်ရွယ်ပြီး လူသား နှင့်/သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ များကို တချိန်တည်းတွင် ဖြေရှင်းပေးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။
စီးပွားရေးလုပ်ငန်း စတင် လုပ်ဆောင်နေသည့် လုပ်ငန်းရှင် - ဝယ်လိုအားရှိနေသည်ဟု ယုံကြည်သည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လိုသည့် လုပ်ငန်းရှင် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လုပ်ငန်းရှင်များ။
ဘယ်လိုလျှောက်ထားမလဲ
- အိုင်ဒီယာတင်ပြမှုပုံစံကို ဤနေရာတွင် ဒေါင်းလုပ် ရယူပါ
- လျှေက်လွှာကို ဇွန်လ ၃ ရက် နောက်ဆုံးထား၍ ပေးပို့ပါ
- ပြည့်စုံစွာဖြည့်စွက်ပြီးသော စိတ်ကူးတင်ပြမှုပုံစံကို innovation@wwf.org.mm သို့ အီးမေးလ်ပေးပို့ရန် သို့မဟုတ် လက်ရေးလျောက်လွှာဖြင့် စာတိုက်မှပို့ရန်
- ရွေးချယ်ခံရသူစာရင်းကို ဇူလိုင်လတွင် ကြေငြာမည်