The WWF is run at a local level by the following offices...
ဝါးအသုံးချမှုဖြင့်
သစ်တောများကို
ထိန်းသိမ်းခြင်း
သစ်တောများကို
ထိန်းသိမ်းခြင်း
မိုးရာသီ ကနေ ဆောင်းရာသီ ဆက်ကြားကာလတစ်ခု။ မိုးလက်ကျန်ရှိသေးပေမယ့် ရာသီဥတုကတော့ မအေးဘဲ ပူပြင်းလှသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းက ကျိုက်ဖီးလန်ရွာကလေး၏ အဝင်ဝ မြေကွက်လပ်တစ်ခုတွင် ရွာသားအချို့ အလုပ်ရှုပ်နေကြသည်။ အသင့် ခွဲခြမ်းထားသော ဝါးခြမ်းပြားများကို တစ်ခုနှင့် တစ်ခု အစီအရီထပ်ပြီး ကွေးအောင် ဘောင်ခွေကာ ပုံစံတစ်ခုကို ပုံဖော်နေကြသည်။ ပူပြင်းလှသော နေရောင်အောက်တွင် အလုပ်လုပ်နေသူတို့မှာ ချွေးဒီးဒီးကျလို့ နေကြသည်။ သူတို့ ပုံဖော်နေကြသည့် အရာမှာ အဆောက်အအုံတစ်ခု၏ အမိုးကိုင်းများ ဖြစ်ပုံရသည်။

သူတို့သည် ဝါးအသုံးပြု အခြေခံ ဆောက်လုပ်ရေးသင်တန်းကို တက်ရောက်နေကြသည့် သင်တန်းသားများ ဖြစ်ကြပြီး သူတို့၏ နေ့စဉ် လုပ်ငန်းဆောင်တာများကို ခဏ ပစ်ထားကာ ၁၀ ရက်ကြာ ဖွင့်လှစ်သည့် ဤသင်တန်းကို တက်ရောက်ရန် ကျိုက်ဖီးလန်ရွာသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။
အခြားဒေသကနေ သင်တန်းလာတက်ကြသူတွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က စောရဲလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ သူကတော့ KNU ရဲ့ သစ်တောဌာနအောက်က ဝန်ထမ်းမဟုတ်ဘဲ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဌာန (Karen Department of Health and Welfare) က ဝန်ထမ်းတစ်ဦး ဖြစ်ပေမယ့် ယခုသင်တန်းကို စိတ်ပါဝင်စားသောကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ကနေ လာရောက် တက်ရောက်သူတစ်ဦးဖြစ်သည်။ ယခင်က ကျိုက်ဖီးလန်ရွာမှာ ပြုလုပ်ခဲ့ဖူးတဲ့ ဝါးသင်တန်းကိုလည်း လာရောက်တက်ရောက်ဖူးသူတစ်ဦးဖြစ်သည်။
ဝါးအဆောက်အအုံ တည်ဆောက်နေသည့် ကြမ်းပြင်ပေါ်၌ ပယ်ပယ်နှယ်နှယ်ထိုင်ကာ အလုပ်လုပ်နေသည့် သူ့အနားသွားကာ စကားပြောကြည့်သည့်အခါ “ဒီသင်တန်းက ကျွန်တော့် အတွက်တော့ အများကြီး ပညာရတယ်။ အကျိုးလည်းရှိတယ်။ အခြားသူတွေကို လည်း ပြန်မျှဝေသွားဖို့လည်း စဉ်းစားထားတယ်” ဟု ပြောလာခဲ့သည်။
ဝါးပေါများစွာ ပေါက်ရောက် သောနေရာက ဒေသခံတွေကို စနစ်တကျ ဝါးများ ထုတ်ယူသုံးစွဲတတ်စေပြီး ဝါးအသုံးပြု အဆောက်အအုံများကို နည်းစနစ်တကျ ဆောက်တတ်စေရန် ရည်ရွယ်လျက် ဝါးအသုံး ပြု ဆောက်လုပ်ရေးသင်တန်းကို WWF-မြန်မာမှ BIF (Business Innovation Facility) နဲ့ ပူးပေါင်းကာ Pounamu (ပူနားမူ) ဝါးကုမ္ပဏီက ပညာရှင်များက လာရောက်ပို့ချခြင်းဖြစ်သည်။ ထို့အပြင် ပူနာမှုကုမ္ပဏီ၏ မိတ်ဖက်ဖြစ်သော အင်ဒိုနီးရှားနိုင်ငံမှ ဝါးပညာရှင်များကလည်း နည်းပညာများလာရောက်မျှဝေခဲ့ကြသည်။
“ကျွန်တော်တို့ အကြံပေးတွေရဲ့ တွေ့ရှိချက်အရ ဒီဒေသက ဝါးပေါတယ်။ နည်းပညာတော့ မရှိဘူး။ ဝါးနဲ့ ပတ်သက်တဲ့ စီးပွားရေးဈေးကွက်က အလားအလာရှိတယ်။ ဒါကြောင့် BIF တို့လိုအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ဝါးရုံတစ်ရုံကို ပြုစုစောင့်ရှောက်ပုံကအစ ထိန်းသိမ်းနည်း အလယ် ဆောက်လုပ်ရေးအဆုံး လိုအပ်တဲ့ နည်းပညာတွေပံ့ပိုးပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ Sustainable bamboo forestry ဖြစ်အောင်ပေါ့။ ဒီရွာမှာလုပ်တဲ့ သင်တန်းတွေကိုလည်း ဒီကရွာသားတွေအပြင် အခြားဒေသက စိတ်ဝင်စားသူတွေကို ဖိတ်ကြားပြီးတက်ရောက်စေခဲ့ပါတယ်”
“ဒါဟာ ဒေသခံတွေရဲ့ စီးပွားရေးအခွင့်အလမ်းတိုးတတ်စေသလို တဖက်တစ်လမ်းနည်းအရ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အကျိုးရှိစေမှာဖြစ်ပါတယ်။ အဓိကက ရေရှည်တည်တံ့ခိုင်မြဲတာဖြစ်ဖို့ပါ” ဟု WWF မြန်မာ၏ သစ်တောအရာရှိတစ်ဦးဖြစ်သူ ဦးဇင်လင်းထွန်းက ပြောပြသည်။
ဝါးဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်နေရင်းနှင့် ပူနားမှုး ဝါးကုမ္ပဏီက ဦးခွန်မြတ်မင်းသူက “ကျွန်တော်တို့က ဘယ်လိုမျိုးပုံစံ၊ ဘယ်လိုအတိုင်းအတာနဲ့ ဘယ်လိုလုပ်ရတယ်ဆိုတာကိုပြောပြတယ်။ နောက်ပိုင်း သူတို့ကိုယ်တိုင်လုပ်တယ်။ အဓိကက သူတို့ကိုယ်တိုင်လုပ်ပြီး သူတို့ ကိုယ်တိုင်တတ်သွားတာမျိုးကို လိုချင်တာဗျ။”

ထုရိုက်သံ တစ်ဖြောင်းဖြောင်း၊ မီးစက်သံတစ်ညံညံနှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံနေသလို နေရောင်ခြ ည်ကလည်း ဆူညံသံနှင့် အပြိုင်ပူပြင်းလှသည်။ သင်တန်းသားများ နဖူးကချွေး ခြေမကျသည်အထိ အလုပ်လုပ်ရင်း ဆောက်လုပ်လက်စ အဆောက်အဦးရဲ့ အပြီးသတ်ပုံစံကို စိတ်ကူးနှင့် ပုံဖော်နေကြပုံရသည်။
WWF Myanmar အထောက်အပံ့ဖြင့် ဆောက်လုပ်နေသော ၄င်းတို့ရပ်ရွာအတွက် အသုံးဝင်သော စုဝေးရာအရပ်တစ်ခုဖြစ်လာမည့် ဝါးအသုံးပြုအဆောက်အဦး၏ တည်ဆောက်ပြီးစီးမည့် တကယ့်ပုံစံကိုကိုမျှော်မှန်းကာ ရွာသားများစိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။
ကျိုက်ဖီးလန်ရွာ လူငယ်ခေါင်းဆောင်ဖြစ်သူ စောဒီမို တစ်ယောက် ဆောက်လက်စ အဆောက်အ ဦးကို ငေးကြည့်ရင်း ပြောလိုက်သည်မှာ
“ကျွန်တော်ကတော့ သိပ်ဂုဏ်ယူတာပဲ။ ဒီအဆောက်အဦးဆောက်တာမှာပါဝင်ခွင့်ရခဲ့လို့။ ကျွန်တော်တို့ ရွာအတွက်လည်း ဂုဏ်ယူစရာအရာတစ်ခုအပြင် အလွန်အသုံးဝင်တဲ့ အဆောက်အဦးဖြစ်လာမှာပါ”
WWF Myanmar က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သော တရားမဝင်သစ်ခိုးထုတ်မှုများလျော့နည်းအောင်လုပ်ဆောင်ခြင်း၊ တောရိုင်းတိရိစ္ဆာန်များအား တရားမဝင်အမဲလိုက်ခြင်းမှ ကာကွယ်နိုင်ရန်လုပ်ဆောင်ပေးခြင်း၊ အစုအဖွဲ့ပိုင် သစ်တောဧရိယာများ သတ်မှတ်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ကူညီလုပ်ဆောင်ပေးခြင်းအပြင် သစ်မဟုတ်သောသစ်တောထွက် ပစ္စည်းများအပေါ်အခြေခံပြီး ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများ အဆင်ပြေလာစေရန် လိုအပ်သောအကူအညီနဲ့ နည်းပညာများကို ထောက်ပံ့ပေးလျက်ရှိသည်။

MORE FROM THE FIELD