The WWF is run at a local level by the following offices...
ရာသီဥတု
ပြောင်းလဲမှုအကြောင်း
တစေ့တစောင်း
ပြောင်းလဲမှုအကြောင်း
တစေ့တစောင်း
“ရှမ်းစ တန်ဆောင်မုန်း
ရှမ်းတုန်း နတ်တော်
ရှမ်းအို တပိုတွဲ ကျွဲမအို ဗိုင်းဗိုင်းလဲ”
ဆိုတဲ့ ထားဝယ် ဆောင်းရာသီ မည်မျှ အချမ်းပိုပုံကို ညွှန်းဆိုထားတဲ့ စကားပုံလေးကတော့ ဆောင်းရာသီကို သက်သေထူလို့ မရလောက်အောင် အအေးပျောက်နေတဲ့ ယနေ့မျက်မှောက်ခေတ် အခြေအနေရဲ့ ပျက်ရယ်ပြုမှုကို ခံနေရပါပြီ။
“ကျွန်တော်တို့ ငယ်ငယ်က တအားချမ်းတာ။ အခုတော့ ဆောင်းရာသီဆိုတာ ပျောက်နေပါပြီ” လို့ ကားမောင်းရင်း ဆိုလာသူက အသက်(၆၀) ခန့်ရှိပြီဖြစ်တဲ့ အငှားယာဉ်မောင်းရင်း အသက်မွေးဝမ်းကြောင်းပြုနေသူ ထားဝယ်သားကြီး ဦးကြည်စွမ်ပါ။
“ဆောင်းရာသီတွေကပိုပြီးဆိုးလာပါပြီ။ အဲ့တာကခါးသီးတဲ့အမှန်တရားပါ။ ဒါပေမယ့်အဲ့တာက အခုအချိန်မှာ ကိစ္စတစ်ခုဆိုတာထက် ပိုလေးနက်လာပါပြီ။”
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုတာ ဒေသအဝှမ်း၊ နိုင်ငံအဝှမ်း သာမက ကမ္ဘာအဝှမ်း ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တာကြောင့် မြန်မာနိုင်ငံမှာလည်း ရှောင်လွှဲလို့မရပါဘူး။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်ကတည်းက လေ့လာတွေ့ရှိရတဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေဖြစ်တဲ့ အပူချိန်မြင့်တက်လာခြင်း၊ နေရာတစ်ချို့မှာမိုးကြီးပြီး တစ်ချို့နေရာတွေမှာ မိုးခေါင်ခြင်းကို ကြုံတွေ့နေရပါပြီ။ အများသောအားဖြင့် မိုးရာသီကတိုလာပေမယ့် မိုးရွာတဲ့နှုန်းများတာကြောင့် ရေကြီးရေလျှံမှုတွေပိုဖြစ်လာပါတယ်။
ကမ္ဘာအနှံ့မှာ ပြင်းထန်တဲ့ရာသီဥတုပုံစံတွေက မကြာခဏ ပိုမိုဖြစ်ပွားလာပြီ ပင်လယ်ရေမျက်နှာပြင်ကလည်း မြင့်တက်လာနေပါတယ်။ မြန်မာနိုင်ငံက ရာသီဥတုပြောင်းလဲမှုတွေရဲ့အကျိူးဆက်တွေကြာင့် အန္တရာယ်ကျရောက်လုနီးနီး အနေအထားကို ရောက်နေပါပြီ။ ၂၀၁၆ခုနှစ် ရာသီဥတုပြောင်းလဲအန္တရာယ်ကျရောက်မှု အဆင့်သတ်မှတ်ချက်အရ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ ဒုတိယအဆင့် ရာသီဥတုပြောင်းလဲမှု ဒဏ်ကိုအခံရနိုင်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုတာဘာလဲ။
ရာသီဥတုပြောင်းလဲမှုဆိုတာ သိသာထင်ရှားပြီး ရေရှည်ပြောင်းလဲမှုဖြစ်နေတဲ့ ဒေသ ဒါမှမဟုတ် ကမ္ဘာတစ်ဝှမ်းမှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်ဖြစ်ပါတယ်။ အကြောင်းအရင်းတစ်ခုကတော့ လေထုထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့ တွေများပြားလာတာကြောင့်ဖြစ်ပါတယ်။ တို့တွေရဲ့ အိမ်လို့ခေါ်တဲ့ ကမ္ဘာကြီးက ဆိုးရွားတဲ့ ရာသီဥတုပြောင်းလဲမှုအခြအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ခန့်မှန်းချက်အရ အပူချိန်က ၄ ဒီဂရီ စင်တီဂရိတ်နဲ့ အထက်ကိုတိုးလာနိုင်ပါတယ်။ အဲ့တာကမများဘူးလို့ထင်ရပေမယ့် အပူချိန်ပြောင်းလဲမှုမှာ သေးငယ်တဲ့အစိတ်အပိုင်းကတောင် ဆိုးကျိုးကြီးကြီးမားမားဖြစ်စေပြီး ကမ္ဘာမြေကြီးရဲ့ညီမျှနေတဲ့ ဂေဟစနစ်ကို ထိခိုက်စေပါတယ်။ အဲ့တာက လူသားတွေနဲ့ကမ္ဘာပေါ်က သက်ရှိအားလုံးအတွက် သတင်းဆိုးပါပဲ။
ဘာကြောင့် ရာသီဥတုပြောင်းလဲမှုကိုသိဖို့လိုအပ်လဲ။
ကမ္ဘာကြီးမှာကြုံတွေ့နေရတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်က တစ်ဦးတစ်ယောက်ချင်းစီအတွက် ဖြေရှင်းဖို့ခက်ခဲတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လူတိုင်းက အဲ့ဒီအကြောင်းကိုသိရှိခွင့်နဲ့ တာဝန်ရှိပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ပြဿနာတွေက လူသားတွေရဲ့လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပေါ်လာတာပါ။ အဲ့တာတွေကို ရပ်တန့်ဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်။

ရာသီဥတုပြောင်းလဲမှုကိုဘယ်အရာတွေကဖြစ်ပေါ်စေသလဲ။
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်မှာ နည်းလမ်းနှစ်မျိုးဖြစ်တဲ့ စက်ရုံတွေက ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့နဲ့ သစ်တောပြုန်းတီးမှုကိုတားဆီးရာမှာ ပါဝင်ဖို့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတွေကို လောင်မြိုက်စေပြီးတော့ တိုးပွားလာတဲ့လူဦးရေအတွက် လုံလောက်တဲ့စွမ်းအင်ကို ထုတ်လွှတ်ပေးပြီးတော့ ကဗွန်စက်ဝန်းကို ညီမျှစေပါတယ်။အသားနဲ့ နို့ထွက်ပစ္စည်းအတွက် မွေးမြူးရေးဆိုင်ရာ စက်မှုလုပ်ငန်းကုန်ထုတ်လုပ်မှု၊ နိုက်ထရိုဂျင်ဓာတ်မြေသြဇာ တွေ အလွန်အကျွံသုံးစွဲမှုတွေက မီသိန်းဓာတ်ငွေ့နဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို သိသိသာသာ တိုးလာစေပါတယ်။
သစ်တောတွေက ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အပင်တွေအစာချက်လုပ်တဲ့လုပ်ငန်းစဥ်မှာ သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီး သန့်ရှင်းတဲ့အောက်ဆီဂျင်ကို ပြန်ထုတ်ပေးပါတယ်။ ပြဿနာကတော့ ဖန်လုံအိမ်ဓာတ်ငွေ့တွေမြင့်တက်လာတဲ့အချိန်မှာပဲ မြို့ပြနဲ့စက်မှုလုပ်ငန်းများပြားလာမှုကြောင့် သစ်တောပြုန်းတီးမှုနှုန်းကလည်း မြင့်မားနေပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပေးနိုင်တဲ့ သစ်ပင်တွေကိုဖျက်ဆီးလိုက်တာကြောင့် အခုအချိန်မှာ တို့တွေက ရာသီဥတုပြောင်းလဲမှုကို အရှိန်အဟုန် မြှင့်ပေးလိုက်သလိုဖြစ်နေပါတယ်။

ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကဘာတွေလဲ။
ရာသီဥတုပြောင်းလဲမှုက ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးအတွက် ထင်ထားတာထက်ပိုတဲ့စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ပြောင်းလဲမှုတွေကြောင့် မညီမျှပဲခန့်မှန်းရခက်တဲ့ ရာသီဥတုပုံစံနဲ့ ကမ္ဘာကြီးရဲ့အပူချိန်ကို သိသိသာသာမြင့်တက်လာစေပါတယ်။ အပူချိန်ပြောင်းလဲမှုက ရှုပ်ထွေးတဲ့ကမ္ဘာကြီးပေါ်မှာနေထိုင်ကြတဲ့ မရေတွက်နိုင်တဲ့ တိရစ္ဆာန်နဲ့ အပင်မျိုးစိတ်တွေကို မျိုးတုန်းပျောက်ကွယ်အောင် ဂေဟစနစ်ညီမျှနေမှုကို ပြောင်းလဲစေပါတယ်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း ဖြစ်စဉ်များကြောင့် ကမ္ဘာ့ အပူချိန် နှစ်စဉ် မြင့်တက်နေသလို မိုးခေါင်ခြင်း၊ မြေအောက် ရေများ ခမ်းခြောက်လာခြင်း၊ မြစ်၊ချောင်း၊ အင်းအိုင်များ တိမ်ကောပျောက်ကွယ်လာခြင်း မြေဆီလွှာ ခြောက်ခမ်းလာခြင်း တို့သာမက ရေကြီး၊ ရေလျှံမူများ ဖြစ်ပေါ်ခြင်း၊ ရေခဲတောင်များ အရည်ပျော်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ အင်အားပြင်းသော မုန်တိုင်းများ၊ ငလျင်များ ဖြစ်ပေါ်လာခြင်း၊ တောမီးများ လောင်ခြင်း စတဲ့ သဘာဝဘေးအန္တရာယ် ဆိုးကျိုးများစွာကပါ ယနေ့ ကမ္ဘာကြီးကို ခြိမ်းခြောက်လျှက်ရှိပါတယ်။ ဒီလို ပြင်းထန်တဲ့ ရာသီဥတု ဖြစ်စဉ်တွေနဲ့ ရာသီအလိုက် ဖြစ်နေတဲ့ ပုံစံတွေရဲ့ သိသာမှုနည်းတဲ့ ပြောင်းလဲမှုတွေက လယ်သမားတွေအတွက် စိုက်ပျိုးနေကြပုံစံတွေ၊ ကမ္ဘာလုံးဆိုင်ရာ အစာထုတ်လုပ်မှုကို ခြိမ်းခြောက်တာတွေ၊ စီးပွားကို ပျက်စီးစေတာတွေ နဲ့ ချက်ခြင်းအနေနဲ့ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတွေရဲ့ တည်ရှိမှုကို အကျိုးသက်ရောက်မှုရှိတာတွေကို တံခါးခေါက်သလိုဖြစ်နေပါတယ်။

စိန်ခေါ်မှုတွေရှိနေတဲ့ လူသားတွေ
“ဒီမြစ်က သူ့အနားမှာရှိတဲ့ ဒီ၉ရွာ အတွက်တော့ အသက်သွေးကြောပါပဲ။ ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းတာက တဖြည်းဖြည်းခမ်းခြောက်လာတယ်။ အထူးသဖြင့် ဒီနှစ်ပေါ့။ ရာသီဥတုကတော့ ပြောင်းလဲလာပါတယ်။ ပိုပြီးတော့လည်း ပူလာပါတယ်။ ဒါက သစ်တောတွေပြုန်းတီးမှုကြောင့်ပဲ ဖြစ်ရမယ်။ ကျွန်တော်တို့ဆီမှာတော့ စကားပုံတစ်ခုရှိတယ်။ ‘ဥတုရာသီ တောကိုမှီ’ ဆိုတာပဲဖြစ်တယ်။ အခုတော့ ကျွန်တော်တို့ရဲ့ စိုက်ခင်းတွေနဲ့ စပါးတွေအတွက် ရေရတာ နည်းနည်းပဲရှိတော့တယ်” လို့ ဖောင်တော်ရွာနေ အသက် ၄၄နှစ်အရွယ်ရှိတဲ့ ဦးမျိုးဝင်းကပြောပါတယ်။

WWF လုပ်ဆောင်နေမှုများ
WWF ကတစ်ခြားအဖွဲ့အစည်းတွေ၊ အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ ရာသီဥတုဆိုင်ရာ ဖောက်ပြန်ပြောင်းလဲခြင်းကို တုန့်ပြန်ဆောင်ရွက်နိုင်တဲ့ အစီအစဉ်တွေကို လုပ်ဆောင်လျှက်ရှိပါတယ်။
မြန်မာနိုင်ငံနဲ့ကမ္ဘာအနှံ့မှာ အဲ့ဒီကြီးမားတဲ့စိန်ခေါ်မှုအတွက် အသိပညာပေးမှုတွေက မြင့်မားလာနေပါတယ်။ WWF က အစိုးရတွေ၊ ဒေသခံတွေ၊ တစ်ခြားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မြန်မာရဲ့အဖိုးတန်တဲ့သစ်တောတွေကိုထိန်းသိမ်းပြီး တစ်ချို့ဒေသတွေမှာ သစ်တောပြန်လည်ထူထောင်ခြင်းကို လုပ်ဆောင်နေပါတယ်။ သစ်တောပြုန်းတီးမှုကို တားဆီးဖို့အတွက်လည်း သစ်မဟုတ်တဲ့တစ်ခြားနည်းတွေကို စားဝတ်နေရေးအတွက်ဖန်တီးပေးပြီး စျေးကွက်ရှာဖွေပေးပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာ အသိပညာပေးအစီအစဉ်တွေကို ကျောင်းတွေမှာသာမက ရပ်ရွာတွေမှာပါ လုပ်ဆောင်ပေးလျှက်ရှိပါတယ်။ ဒါ့အပြင် သစ်တောထိန်းသိမ်းခြင်း၊ သစ်တောများ ပြန်လည်ပြုစုပျိုးထောင်ခြင်း၊ သစ်မဟုတ်တဲ့ အခြားသော သစ်တောထွက်ပစ္စည်းတွေအတွက် ဈေးကွက် အခွင့်အလမ်းရှာဖွေပေးခြင်း၊ မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်ကြုံတွေ့နေရတဲ့ ရှားပါးမျိုးစိတ်တွေကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုနိုင်ဖို့ အားပေးကူညီခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်စေမှုပိုနည်းပြီး သဘာဝနဲ့ သဟဇာတဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပေါ်လာဖို့ ပံ့ပိုးကူညီပေးခြင်း အစရှိတဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ ဒေသခံတွေ၊ အခြား မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲကာ လုပ်ဆောင်နေလျှက်ရှိပါတယ်။ ဒါ့အပြင်ဂေဟစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့ မျိုးသုဉ်းတော့မဲ့ မျိုးစိတ်တွေကို ကာကွယ်ဖို့လည်းလုပ်ဆောင်နေပါတယ်။

သင့်အနေနဲ့ဘယ်လိုပါဝင်လုပ်ဆောင်မလဲ။
သိသာထင်ရှားတဲ့ ကမ္ဘာလုံးဆိုင်ရာလုပ်ဆောင်မှုတွေက ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်ဖို့အတွက်လိုအပ်ပါတယ်။ အတူပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရွေးချယ်မှုကလည်း မှန်ကန်တဲ့ရလဒ်ဖြစ်လာမှာပါ။ တစ်ယောက်ချင်းစီကသာ ရေရှည်တည်တဲ့မှုရှိတဲ့ နေထိုင်မှုပုံစံကိုရွေးမယ်ဆိုရင် သဘာဝတရားကနေ ရယူခြင်းထက် ပိုပြီးပေးဆပ်နိုင်မှာပါ။ အဲ့လိုနည်းနဲ့ရာသီဥတုပြောင်းလဲမှုကိုလည်း တားဆီးနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့အမူအကျင့်တွေကိုသတိပြုနိုင်ရင် ကမ္ဘာကြီးကိုကာကွယ်တဲ့ နေရာတစ်နေရာက ပါဝင်နိုင်မှာဖြစ်ပါတယ်။ ကားမောင်းမယ့်အစား လမ်းလျှောက်တာ စက်ဘီးစီးတာတွေလုပ်ပြီးတော့ ကိုယ့်ရဲ့ကာဗွန်ထုတ်လုပ်မှုကို လျှော့ချနိုင်ပါတယ်။ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုတဲ့အချိန်မှာပိတ်ထားခြင်းကလည်း စိမ်းလန်းတဲ့စွမ်းအင်ထုတ်လုပ်မှုကို ပြောင်းလဲပေးနိုင်ပါတယ်။ အသားနဲ့နို့ထွက်ပစ္စည်းတွေစားသုံးတဲ့အရေအတွက်ကို လျော့ချပြီး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတဲ့နည်းကို ရွေးချယ်နိုင်ပါတယ်။
အဲ့တာအပြင် တစ်ခြားအရာတွေကိုလုပ်ဖို့အဆင်သင့်ဖြစ်နေရင်တော့ မြန်မာ့သစ်တောတွေကို ပြန်လည်ထိန်းသိမ်းတဲ့နေရာမှာ ပါဝင်နိုင်ပါတယ်။ လူငယ်အုပ်စုတစ်စုကတော့ သစ်ပင်တွေကို ဒီနှစ်ရဲ့မိုးရာသီအစမှာ စတင်စိုက်ပျိုးဖို့ ပြုလုပ်ခဲ့ပါတယ်။
တို့တွေကရာသီဥတုပြောင်းလဲမှုဘေးအန္တရာယ်ကို ကြုံတွေ့နေရပြီး သက်ရောက်မှုတွေကလည်း စိုးရိမ်ဖွယ်အခြေအနေဖြစ်နေပါပြီ။ WWF အနေနဲ့ အကုန်လုံးကို ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံးအတူ ပူးပေါင်းဆောင်ရွက်ကြရင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ကမ္ဘာပေါ်ကလူတွေက သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ရာသီဥတုပြောင်းလဲမှုကို ပိုပြီးတော့သိချင်ပြီး သင့်အနေနဲ့ ဘာလုပ်ပေးနိုင်သလဲဆိုတာသိချင်ရင်တော့ ဒီမှာ ဆက်လက်အသေးစိတ်ဖတ်ရှုကြည့်လို့ရပါတယ်။

MORE FROM THE FIELD