What would you like to search for?

တော်ဝင် တိရစ္ဆာန်ကြီးများအား လည်ပတ်တပ်ခြင်း

အဖွဲ့သားအားလုံး ဝါးတောတစ်ခုရဲ့ အစပ်က အရိပ်အောက်မှာ ငိုက်သူငိုက်လျှက် တိတ်ဆိတ်စွာ ထိုင်နေကြ သည်။ အချိန်မှာ ပူပြင်းသည့် ဧပြီလ၏ မွန်းလွဲပိုင်း ၄ နာရီအချိန် ဖြစ်ပြီး ခြေရာခံအဖွဲ့မှာ အာရုံတက်ကတည်းက တောတွင်း ဝင်သွားကြခြင်း ဖြစ်ပါသည်။ ရုတ်တရက်ဆိုသလို စကားပြော စက်က တဂျစ်ဂျစ် မြည်လာကာ အားလုံး ချက်ချင်း ခေါင်းထောင် ကြည့်ကြသည်။

မီတာ ၂၅၀ အကွာတွင် ဆင်ထီးကြီး တစ်ကောင်ကို မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းထားပြီး ဖြစ်ပါသည်။


"သွားမယ်၊ သွားမယ်၊ သွားမယ်"

တိရစ္ဆာန်ဆိုင်ရာ ဆေးပညာရှင်က အော်ဟစ်ကာ ထူထဲလှသည့် ဝါးတောအတွင်းသို့ ရှေ့မှ ဦးဆောင်၍ ပြေးဝင်သွားလေသည်။ ၎င်းသည် မေ့ဆေးပစ် အဖမ်းခံရသည့် ဆင်၏ ကျန်းမာ ဘေးကင်းရေးကို တာဝန်ယူရသူ ဖြစ်ပြီး နေရာသို့ ၎င်းအမြန်ဆုံး ရောက်ရှိရန် လိုအပ်ပါသည်။ အဖြ စ်အပျက်မှာ မြန ်ဆန်လွန်းလှပြီး ကျွန်တော်တို့ အားလုံး ထူထဲလှသည့် ဝါးရုံများကို တိုးဝှေ့ရင်း ကွက်လပ်တစ်ခုကို ရောက်သည်အထိ ပြေးလွှားခဲ့ကြ သည်။ ထိုနေရာတွင် ခန့်ညားလှသည့် ဆင်ထီးကြီးတစ်ကောင် လှဲလျှက်သားအနေအထား အိပ်ချင်မူးတူး မျက်လုံးများဖြင့် ရှိနေကာ နားရွက်များမှာ ရံဖန်ရံခါ ရှေ့နောက် လှုပ်ခပ်နေသည်ကို တွေ့ရသည်။ ဆေးပညာရှင်က ဆင်ကြီး၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးနေချိန်တွင် အဖွဲ့သားများက ယင်း၏ အရပ်အမြင့်နှင့် ခန့်မှန်း အသက်တို့ကို တိုင်းတာ တွက်ချက်ကြသည်။ ထို့နောက် လည်ပတ် တပ်ဆင်ရန် အလျင်အမြန် လုပ်ဆောင်ကြပါတော့သည်။ ဆင်ကြီးအနေဖြင့် တတ်နိုင်သမျှ အမြန်ဆုံး မတ်တပ် ပြန်ရပ်နိုင်ရန် အထူးအရေးကြီးသဖြင့် အဖွဲ့သားများသည် လုပ်ငန်းစဉ် တစ်ခုလုံးကို တစ်နာရီပင် မကြာအောင် ရည်မှန်း လုပ်ဆောင်နေကြသည်။

 With a collar now fitted, the bull elephant heads back out into the forest.
© Julia Thiemann WWF-Germany
လည်ပတ် တပ်ဆင်ပြီးသည်နှင့် ဆရာဝန်က ဖြေဆေးထိုးပေးလိုက်သည်။ မကြာမီ ဆင်ကြီးလည်း မတ်တပ် ပြန်ထ၍ သစ်တောအတွင်း ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ယင်း GPS လည်ပတ်များက တစ်နာရီ တစ်ကြိမ် တည်နေရာကို ပေးပို့မည် ဖြစ်သဖြ င့် သစ်တော ပြုန်းတီးမှုကြောင့် စားကျက်မြေများ ဆုံးရှုံးရကာ ကျေးရွာများနှင့် ပိုမို နီးကပ်သည်အထိ ရွှေ့ပြောင်း ရောက်ရှိလာကြချိန်တွင် အရေးကြီးလှသည့် အချက်အနေဖြင့် ဆင်များ၏ ရွေ့လျား သွားလာမှုကို စောင့်ကြ ည့် လေ့လာနိုင်စေသည်။

ဒေသခံ အများစုသည် တောဆင်ရိုင်းများ ဖြတ်သန်းသွားကြသည့်အခါ ပုန်းခိုရာအဖြစ် သစ်ပင်ပေါ်တွင် အိမ်များ ဆောက်လုပ်ကြသော်လည်း ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အတွက်မှု အဆင်မပြေလှပေ။ အာရှဆင် တစ်ကောင်သည် တစ်နေ့လျှင် အစာ ပေါင် ၃၀၀ အထိ စားသုံးနိုင်သဖ င့် ဆင်အုပ်တစ်အုပ်အတွက် တစ်ရွာလုံး၏ စိုက်ပျိုး သီးနှံများကို စားသုံးပစ်ရန် အချိန်များများ မလိုအပ်ပေ ။

ဆင်များ သွားလာမှုကို မှတ်တမ်းတင်နိုင်ခြင်းဖြင့် လူသားနှင့် ဆင်တို့ အတူယှဉ်တွဲ နေထိုင်နိုင်စေမည့် ဘေးစီးရန်ကာများ လုပ်ဆောင်နိုင်စေမည် ဖြစ်သည်။ GPS လည်ပတ်များက ဆင်၏ ရွေ့လျားသွားလာမှု ရုတ်တရက် ပြောင်းလဲသွားသည်ကို အချက်ပြနိုင်ပြီး အမဲလိုက်မုဆိုးများ အလိုက်ခံ နေရသည် သို့မဟုတ် အဆိပ်မြားဖြင့် အပစ်ခံရသည်ကို ညွှန်ပြနေခြင်း ဖြစ်နိုင်သည်။ ထိုအခါ ကင်းလှည့်ဝန်ထမ်းအဖွဲ့ကို ယင်းဧရိယာသို့ ချက်ခြင်း စေလွှတ်၍ စစ်ဆေးစေနိုင်မည် ဖြစ်ပါသည်။ လည်ပတ်ကို တပ်ဆင်ပြီးသည်နှင့် ဆေးပညာရှင်က ဖြေဆေး ထိုးပေးချိန်တွင် နေရာမှ ထွက်လာကြသည်။ ယခုအခါ ဆင်သတ်ခံရနှုန်း အထူးမြင့်တက်နေရာ မြန်မာ့ တော်ဝင် နိုင်ငံ့ရတနာကြီးများကို ထိန်းသိမ်းထားလိုပါက လူနှင့် ဆင်တို့ ယှဉ်တွဲနေနိုင်ရေးက အရေးကြီးလှသည်။

 The collaring team
© Samir Jung Thapa WWF-Myanmar