The WWF is run at a local level by the following offices...
စက်မှုလုပ်များ ကို
ပံ့ပိုးပေးနေသော
သဘာဝစီမံကိန်း
ပံ့ပိုးပေးနေသော
သဘာဝစီမံကိန်း
စွမ်းအင်ထိရောက်စွာ အသုံးချမှုဆိုင်ရာ ဆရာဖြစ်သင်တန်း၏ နောက်ဆက်တွဲသင်တန်းတစ်ခုကို သဘာဝစီမံကိန်းမှ စက်တင်ဘာလ ၁၉ရက်နေ့မှ ၂၇ရက်နေ့အထိကျင်းပခဲ့ပါသည်။ စက်ရုံများတွင် လက်တွေ့ စွမ်းအင်အကဲဖြတ်မှုများ လုပ်ဆောင်မှုအပေါ် အလေးထားသင်ကြားပေးသော သင်တန်းဖြစ်သည်။ စွမ်းအင်ထိရောက်စွာ အသုံးချမှုဆိုင်ရာ ဆရာဖြစ်သင်တန်း၏ အစောပိုင်းတွင် ပို့ချခဲ့သော သင်တန်းများတွင် ပါဝင်ဖူးသူ ၁၀ဦး ယခု နောက်ဆက်တွဲသင်တန်းတွင် တက်ရောက်ပါဝင်ခဲ့ပြီး စားသောက်ကုန်နှင့် အဖျော်ယမကာ စက်ရုံ ၉ခုကို စွမ်းအင်သုံးစွဲမှုဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပေးခဲ့ပါသည်။
အဆိုပါစက်ရုံ ၉ခုတွင် စွမ်းအင်သုံးစွဲမှုဆိုင်ရာ စစ်ဆေးမှုများမပြုလုပ်မီ စက်ရုံပိုင်ရှင်များနှင့် နည်းပညာရှင်များကို စွမ်းအင်ထိရောက်စွာအသုံးချမှုဆိုင်ရာ အကဲဖြတ်စစ်ဆေးမှုနှင့် ပတ်သတ်ပြီး အကျိုးကျေးဇူးများနှင့် ယခုလို အကဲဖြတ်စစ်ဆေးမှုများ လုပ်ဆောင်ပုံနှင့် အကောင်အထည်ဖော်ပုံများကို နားလည်စေရန် ၂ရက်တာ သင်တန်း ဦးစွာ ကျင်းပခဲ့သည်။ စက်ရုံပိုင်ရှင်နှင့် နည်းပညာရှင် စုစုပေါင်း ၂၀ဦး တက်ရောက်ပါဝင်ခဲ့သည်။

ဒေါ်မြတ်ဝတ်ရည်သည် B.E mechanicalနှင့် MBA ဘွဲ့များရရှိထားသည့် အမျိုးသမီး အင်ဂျင်နီယာတစ်ဦးဖြစ်သည်။ သူမက စွမ်းအင်ထိရောက်စွာ အသုံးချမှုဆိုင်ရာ ဆရာဖြစ်သင်တန်း၏ သင်တန်းသားတစ်ဦးဖြစ်ပြီး အချက်အလက်ထည့်သွင်းခြင်း၊ တွက်ချက်ခြင်းနှင့် စက်ရုံအတွက် နောက်ဆုံး အစီရင်ခံစာပြင်ဆင်ခြင်းများ ပြုလုပ်ခြင်းဖြင့် ယခု သင်တန်းတွင် တက်ရောက်ပါဝင်ခဲ့သည်။
“အခုစက်ရုံမှာဆိုရင် overall ကို အရင်လိုက်ကြည့်တယ်။ အကြမ်းဖျင်းမှတ်တယ်။ process flowကို နားလည်အောင်လိုက်ကြည့်တယ်။ တစ်ခုချင်းစီရဲ့ ဘယ်အပိုင်းက consumption အများဆုံးလဲ။ energy consumptionမှာ ဘယ်အပိုင်းက driver ဖြစ်နေလဲ အဲ့တာတွေပါတာပေါ့။တိုင်းတာ တာကတော့ device တွေသုံးပြီး ဆန်းစစ်တယ်။ အခက်အခဲကတော့ data တွေ မရှိရင် တိကျတဲ့ ဆန်းစစ်မှုတွေမလုပ်နိုင်ဘူး။ သေသေချာချာ ပုံမှန် မှတ်တမ်းတင်ထားရင်တော့ ကောင်းတာပေါ့။”
စက်ရုံများအနေဖြင့် အစပိုင်းတွင် စွမ်းအင်သုံးစွဲမှုကို ထုတ်လုပ်မှုလုပ်ငန်းစဉ် ကုန်ကျစရိတ်၏ အစိတ်အပိုင်းတစ်ခု အနေဖြင့်သာ သဘောထားခဲ့ခြင်းကြောင့် အလေးနက်မထားဖြစ်ခဲ့ပေ။ သို့သော် ၂၀၁၉ ဇူလိုင်လမှစတင်၍ လျှစ်စစ်အသုံးပြု တစ်နည်းအားဖြင့် မီတာခသည် ယူနစ်၁၀၀လျှင် ခန်းမှန်းခြေအားဖြင့် ၇၀ ရာခိုင်နှုန်းခန့်မျှ မြင့်တက်သွားခဲ့သည်။ သို့ဖြစ်၍ စက်ရုံများအနေဖြင့် စွမ်းအင်ချွေတာမှုဆိုင်ရာ နည်းလမ်းများကို အားတက်သရော ရှာဖွေလာခဲ့သည်။
ဒေါ်မေသဲအောင်သည် ယခု ဗင်နီဂါစက်ရုံ၏ ကုန်ထုတ်လုပ်မှု တစ်ခုလုံးကို စီမံခန့်ခွဲနေသူတစ်ဦးဖြစ်ပြီး ယခုအတိုင်းတူညီသော ထုတ်လုပ်မှုလုပ်ငန်းစဉ် ရလဒ်များရရှိအောင် စွမ်းအင်ကို ထိရောက်စွာ အသုံးချရင်းသည့် နည်းလမ်းသိချင်နေသူတစ်ဦးလည်း ဖြစ်သည်။

“သဘာဝစီမံကိန်းက ပံ့ပိုးကူညီတာကြောင့် အသေးစိတ်သိသွားတယ်။ ဒီဇယ်ဆိုလည်း မီးစက်မောင်းရင် အကြမ်းဖျင်းလောက်တော့ ဘယ်လောက်ကုန်တယ်ဆိုတာ သိတယ်။ ဘယ်သလိုလုပ်ရင် သက်သာမလဲဆိုတာကို တွက်ချက်တာမျိုးတော့ မရှိခဲ့ဘူး။ တစ်နှစ်စာ plan လုပ်ထားတာလည်း မရှိဘူး။ ဘယ်အပိုင်း ဘယ်နေရာမှာ waste ဖြစ်နေပြီး ဘယ်လိုပြန်အသုံးချလို့ရလဲဆိုတာ အခုသိရတော့ ပိုကောင်းတာပေါ့။”
ယခု စက်ရုံ၉ခု၏ အကဲဖြတ်အစီရင်ခံစာများ မပြီးစီးသေးမီ ယခုသင်တန်းတွင်ပါဝင်ခဲ့ကြသော သင်တန်းသားပညာရှင်များသည် စွမ်းအင်သုံးစွဲမှုဆိုင်ရာ အဆင့်မြင့်သင်တန်းကိုလည်း တက်ရောက်ရမည်ဖြစ်သည်။ သဘာဝ စီမံကိန်းအနေဖြင့် စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍမှာ စွမ်းအင်အသုံးပြုမှုနှင့် ဆက်စပ်နေသော ကုန်ကျစရိတ်များ လျှော့ချနိုင်စေရန် အကြံပေးနိုင်သော နိုင်ငံသား ပညာရှင်အစုအဝေးကိုလည်း ဖော်ဆောင်နိုင်ရန် မျှော်မှန်းထားသောကြောင့် ယခုပညာရှင်များ အနေဖြင့် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MFPEA)၌ စာရင်းသွင်းမှတ်ပုံတင်နိုင်ခြင်းပြီး စွမ်းအင်အကျိုးရှိစွာ အသုံးပြုနိုင်ရန် အကြံပေးဝန်ဆောင်မှုများကို အခကြေးငွေဖြင့် ဆောင်ရွက်နိုင်မည့် အခွင့်အရေးကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
သဘာဝစီမံကိန်းဆိုသည်မှာ ဥရောသမဂ္ဂ၏ SWITCH-Asia အစီအစဉ်မှ ရန်ပုံငွေပံ့ပိုးပေးထားပါသည်။ ရေဆိုးသန့်စင်စွန့်ထုတ်မှု စနစ်၊ စွမ်းအင်ထိရောက်စွာ အသုံးပြုမှုနှင့် ပြန်ပြည့်မြဲ စွမ်းအင် ကဏ္ဍများကို မြှင့်တင်ခြင်းအားဖြင့် စားသောက်ကုန်နှင့်အဖျော်ယမကာ ကဏ္ဍအတွင်းရှိ သန့်စင်ကုန်ထုတ်လုပ်မှုများကို ပံပိုးပေးပါသည်။ သန့်စင်ကုန်ထုတ်လုပ်မှုကို ဦးစားပေးသော ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ပေးသော ငွေကြေးအဖွဲ့အစည်းများကိုလည်း ပံ့ပိုးကူညီပါသည်။

MORE FROM THE FIELD