What would you like to search for?

ရေဆိုးသန့်စင်စနစ်များကို အကောင်အထည်ဖော်ရန် ကူညီပေးခြင်း

သဘာဝစီမံကိန်းမှ သန့်စင်ကုန်ထုတ်နည်းစနစ်ကို တိုးမြှင့်နေခြင်း

မြန်မာနိုင်ငံအတွက် ကျန်းမာတဲ့ မြစ်တွေက အလွန်အရေးပါပါတယ်။ မြစ်တွေက ငါးတွေကို ထောက်ပံပေးပြီး တော့ မြေတွေကို စိုက်ပျိုးဖြစ်ထွန်းအောင် ပြုလုပ်ပေးနေပါတယ်။ ၃၄သန်းသော လူဦးရေက ဧရာဝတီမြစ်ဝှမ်းဒေသကို မှီခိုနေရတာပါ- ဒါဟာ မြန်မာနိုင်ငံမှာနေထိုင်တဲ့ လူ၃ဦးမှာ ၂ဦးပမာနဲ့ ညီမျှပါတယ်။

စနစ်တကျ စည်းကြပ်နိုင်မှု ကင်းမဲ့ခြင်းနဲ့ အကျိုးထိထိရောက်တဲ့ အခြေအဆောက်အအုံတွေ မရှိတာကြောင့် စက်မှုလုပ်ငန်းမှလာတဲ့ ရေဆိုးတွေဟာ မြန်မာ့မြစ်များထဲကို နေ့စဉ် စီးဆင်းနေပါတယ်။ စားသောက်ကုန်နဲ့ အဖျော်ယမကာ ကဏ္ဍက မြန်မာနိုင်ငံမှာ အကြီးမားဆုံး စက်မှုလုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီး ဒီကိစ္စရပ်အပေါ်ကို ထိခိုက်စေတဲ့အကြောင်းကိုလည်း ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။

သဘာဝစီမံကိန်းက ဒီနေရာမှာ ပါဝင်လာရပါပြီ။ ဥရောပသမဂ္ဂမှ Switch - Asia အစီအစဥ်က တစ်ဆင့် ရန်ပုံငွေ ထောက်ပံထားပြီး စားသောက်ကုန်နဲ့ အဖျော်ယမကာ ကဏ္ဍမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို သန့်စင်ကုန်ထုတ်မှု အလေ့အကျင့်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် စီမံကိန်းကနေ ကူညီပေးနေပါတယ်။ စီမံကိန်း၏ အဓိက အစိတ်အပိုင်းတစ်ခုမှာ စီးပွားရေး လုပ်ငန်းများကို ရေဆိုးသန့်စင်စနစ်တွေ အသုံးပြုနိုင်အောင် ကူညီပံ့ပိုးပေးနေခြင်းပဲဖြစ်ပါတယ်။

ရေဆိုးသန့်စင်စက်ရုံဆိုတာကတော့ ရုပ်ဆိုင်ဆိုင်ရာဖြစ်စေ၊ ဓာတုဗေဒနည်း(သို့) ဇီဝဗေဒနည်းဖြင့်ဖြစ်စေ စက်မှုလုပ်ငန်းမှာထွက်လာတဲ့ ရေဆိုးတွေကနေ ညစ်ညမ်းမှုတွေကို ဖယ်ထုတ်ပေးတဲ့ ဖြစ်စဥ်ပြုလုပ်ပေးတဲ့ စက်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။
စက်ရုံတွေအနေနဲ့ တစ်နည်းတည်းအသုံးပြုပြီးတော့ဖြစ်ဖြစ် (သို့) နှစ်နည်းပေါင်းစပ်ပြီးပြုလုပ်တဲ့ ဖြစ်စဉ်ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ဘယ်လိုနည်းစနစ်ကို ရွေးချယ်လို့ ရတယ်ဆိုတာကတော့ လက်ရှိသတ်မှတ်ထားတဲ့ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု)လမ်းညွှန်ချက်တွေနဲ့ ချိန်ညှိပြီး ကိုယ်စက်ရုံအနေအထားနဲ့ ကိုက်ညီတဲ့ နည်းစနစ်ကို ရွေးချယ်ရတာပါ။

ငွေစင်ပုလဲနို့နှင့် နို့ထွက်ပစ္စည်း လုပ်ငန်းဆိုတာကတော့ ၁၉၉၉ခုနှစ်ကတည်းက မိသားစု စီးပွားရေးအနေနဲ့ စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်း လုပ်ကိုင် လည်ပတ်နေတာကတော့ နှစ်ပေါင်း ၂၀သက်တမ်းရှိပြီးဖြစ်ပါတယ်။ နေ့စဉ် ထုတ်လုပ်မှုကတော့ ပျှမ်းမျှအားဖြင့် ၅တန်ရှိပြီး အဲ့ဒီလုပ်ငန်းကနေ ထွက်လာတဲ့ စွန့်ပစ်ရေကတော့ တစ်နေ့လျှင် ၁၀ ကျူဗစ်မီတာမျှရှိပါတယ်။

 သဘာဝ စီမံကိန်း၏ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးတစ်ခုမှ<br> စတင်၍ ရေဆိုးသန့်စင်မှုပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို သဘောပေါက်နားလည်ခဲ့ပြီး<br> အခြားညှိုနှိုင်းအစည်းအဝေးတွေမှာ တက်ရောက်ပါဝင်ရင်း<br> နောက်ဆုံးစက်ရုံအတွက် ရေဆိုးသန့်စင်မှု စနစ်တည်ဆောက်မှု <br> ခရီးစဉ်ကို သဘာဝစီမံကိန်းနဲ့ စတင်ခဲ့ပါတယ်။
© Tha Bar Wa/ WWF-Myanmar
သဘာဝ စီမံကိန်းက ကျင်းပတဲ့ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးတစ်ခုမှ စတင်၍ ငွေစင်ပုလဲ နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းပိုင်ရှင် ဦးတင်ဝင်းက ရေဆိုးသန့်စင်မှုပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို သဘောပေါက်နားလည်လာခဲ့ပါတယ်။ ဒီလိုကနေ ဦးတင်ဝင်း အခြားသော ညှိုနှိုင်းအစည်းအဝေးတွေမှာ တက်ရောက်ပါဝင်ရင်း နောက်ဆုံး သူ့စက်ရုံအတွက် ရေဆိုးသန့်စင်မှု စနစ်တည်ဆောက်မှုအတွက် ခရီးစဉ်ကို သဘာဝစီမံကိန်းနဲ့ စတင်ခဲ့ပါတယ်။
 U Tin Win , Managing Director, Silver Pearl Dairy Products (Ngwe Sin Pearl)
© Bro's productions/ WWF-Myanmar
“အခုအသစ်ဆောက်လုပ်ထားတဲ့ ရေဆိုးသန့်စင်စက်ရုံကြောင့် ကျွန်တော်တို့အနေနဲ့ ရေဆိုးကို သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုးမဖြစ်ရလေအောင် အကျိုးရှိရှိ ထိထိရောက်ရောက် သန့်စင်နိုင်လာပါတယ်။ ဒီလုပ်ဆောင်မှုက ကျွန်တော့်လုပ်ငန်းအတွက်တော့ အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်။ အထင်ရှားဆုံးကတော့ သန့်ရှင်းမှုတိုးတက်စေပြီး သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု လျှော့ချပေးနိုင်တာပါ။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီစက်ရုံမှာ အလုပ်လုပ်နေရင်းကို ဂုဏ်ယူနိုင်ပါပြီ။ ကျွန်တော့် ဝန်ထမ်းတွေကို ဒီအသိက နေ့စဥ် စိတ်ဓာတ်တိုးမြှင့်ပေးနိုင်ပါတယ်။ စျေးကွက်ထဲမှာတော့ ကျွန်တော်တို့က အထိုက်အလျောက် အသိအမှတ် ပြုပြီးသားဆိုပေမဲ့ အခုဆိုရင် ကျွန်တော့် ကုန်ပစ္စည်းရဲ့ အမှတ်တံဆိပ်ပုံရိပ်ကို ယုံကြည်မှုရှိရှိနဲ့ မြှင့်တင်နိုင်ပြီး တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ စီးပွားရေးလုပ်ငန်းအနေနဲ့ ပိုရပ်တည်နိုင်လာပါတယ်။ ကျွန်တော်ကတော့ ဒီလိုကြိုးပမ်းမှုအတွက် ရလာဒ်ကောင်းရမယ်ဆိုတာ ယုံကြည်မှု အပြည့်ရှိပါတယ် ” ဦးတင်ဝင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ငွေစင်ပုလဲ နို့နှင့် နို့ထွက် ပစ္စည်းလုပ်ငန်း

ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ဖို့အတွက်က ဘာတွေလိုအပ်ပါသလဲ။

သဘာဝစီမံကိန်း နှင့် ငွေစင်ပုလဲ နို့နှင့် နို့ထွက်ပစ္စည်းစက်ရုံတို့ ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ရန်အတွက် ဖြတ်သန်းခဲ့ရသည့် အဆင့်များ

၁။ စက်ရုံသို့ကွင်းဆင်းလေ့လာခြင်းနှင့် အကဲဖြတ်မှုများ စစ်ဆေးဆောင်ရွက်ခြင်း

၂။ အသေးစိတ် ရှင်းလင်းတင်ပြသည့် သင်တန်းပို့ချမှုများတွင် ပါဝင်တက်ရောက်ခြင်း

၃။ အသေးစိတ် အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုများ ဆောင်ရွက်ခြင်း

၄။ ရေဆိုးသန့်စက်ရုံ တည်ဆောက်ရန်အတွက် ဒီဇိုင်းတွက်ချက်ခြင်း

 Prof. Dr. Lat Lat Tun (left) and Prof. Dr. Su Su Hlaing (middle) from Yangon Technological University (YTU) are designing and calculating the design for Silvery Pearl’s wastewater treatment plant.
© Bro's Productions/ WWF-Myanmar
သဘာဝစီမံကိန်းမှ သန့်စင်ကုန်ထုတ်လုပ်မှုနည်းပညာ အရာရှိမှ အချက်အလက်စုဆောင်းခြင်းနှင့် ရေအရည်အသွေး၊သတ်မှတ်ချက်နှင့် ဝိသေသလက္ခဏာများကိုစစ်ဆေးရန် ရေဆိုးနမူနာများကို စမ်းသပ်စစ်ဆေးခြင်း
 Professor Dr. Lat Lat Tun, Yangon Technological University (Department of Chemical Engineering)
© Bro's Productions/ WWF-Myanmar
“ စွန့်ပစ်တဲ့ ရေဆိုးကို လေ့လာရေးလုပ်ဖို့နဲ့ ရေဆိုးနမူနာစုဆောင်းဖို့ စက်ရုံကို ကွင်းဆင်းလေ့လာနဲ့ ကျွန်မတို့ စတင်ခဲ့ပါတယ်။ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု)လမ်းညွှန်ချက်နဲ့ ကိုက်ညီအောင် ဓာတုဗေဒနည်းနဲ့ရော ဇီဝဗေဒနည်းနဲ့ရော စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ပြီးတဲ့ အခါကြတော့ ဓာတုဗေဒနည်းနဲ့အတွက်ရော ဇီဝဗေဒနည်းနဲ့အတွက်ပါ ဒီဇိုင်းရေးဆွဲခဲ့တယ်။ ကုန်ကျစရိတ်လည်း ခန့်မှန်းခြေကို တွက်ချက်ပေးခဲ့ပါတယ်။ နောက်ဆုံး နည်းလမ်းနှစ်ခုစလုံးရဲ့ ကုန်ကျစရိတ်နဲ့ လုပ်ငန်းစဥ်ကို ပိုင်ရှင်( ငွေစင်ပုလဲ နို့နှင့် နို့ထွက် ပစ္စည်းလုပ်ငန်းမှ ဦးတင်ဝင်း) ကို ရှင်းပြပေးခဲ့တယ်။ ဦးတင်ဝင်းကတော့ ဇီဝဗေဒနည်းအသုံးပြုတဲ့ ရေဆိုးသန့်စင်စနစ်ကို သဘောကျတယ်။ အဲ့ဒါကြောင့် ဒီဇီဝဗေဒနည်းအသုံးပြုတဲ့ နည်းစနစ်ကိုပဲ ရွေးချယ်ခဲ့တယ်။ ဒီဇိုင်းတွက်ချက်ပေးတဲ့ အချိန်ကာလဆိုရင် ၃လောက်ကြာတယ် အကုန်ပြီးစီးဖို့အတွက်လေ- ငွေစင်ပုလဲအတွက်ပေါ့။” ပါမောက္ခ ဒေါက်တာ လတ်လတ်ထွန်း၊ ဓာတုအင်ဂျင်နီယာ ဌာန၊ ရန်ကုန် နည်းပညာတက္ကသိုလ်

၅။ လုပ်ငန်းရှင်ဆီသို့ ရေဆိုးသန့်စင်စက်ရုံအတွက် ဒီဇိုင်းမျှဝေခြင်း

၆။ ရေဆိုးသန့်စင်စက်ရုံ စတင်တည်ဆောက်ခြင်း

 The wastewater treatment plant in Silvery Pearl Dairy is using biological process and was built on 15 feet width space at the back of dairy factory. The installation of this wastewater treatment plant took only three days.
© Bro's Productions/ WWF-Myanmar
ငွေစင်ပုလဲ နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံအတွက် ရေဆိုးသန့်စင်စက်ရုံကို ဇီဝဗေဒနည်းစနစ် အသုံးပြုထားပြီး ပင်မ စက်ရုံ၏ အနောက်ဘက် မြေအကျယ် ၁၅ပေပေါ်မှာ တည်ဆောက်ထားပါတယ်။ ရေဆိုးသန့်စင်စက်ရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေတပ်ဆင်တာကတော့ အချိန် ၃ရက်သာ ကြာမြင့်ခဲ့ပါတယ်။
 
Ujjwal Pokhrel,Sustainable Production Manager, Tha Bar Wa
© Bro's Productions/ WWF-Myanmar
“သဘာဝ စီမံကိန်းက အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေအကြား သန့်စင်ကုန်ထုတ်လုပ်မှုကို အသိပညာမြှင့်တင်ပေးခြင်း၊ သင်တန်းပို့ချပေးခြင်း၊ ရေဆိုးစမ်းသပ်မှုပြုလုပ်ရန် ပံ့ပိုးကူညီပေးခြင်းနဲ့ ထုတ်လုပ်မှုဌာနတွေအတွက် သင့်တော်တဲ့ ဒီဇိုင်းတွေရေးဆွဲပေးခြင်း အစရှိတာတွေပြုလုပ်ပေးပြီး မြှင့်တင်ပေးနေတာပါ။ ဒီလိုလုပ်ပေးတာက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို သူတို့ရဲ့ ကုန်ထုတ်လုပ်မှုမှာ ရေဆိုးသန့်စင်နည်းစနစ်ကို အကောင်အထည်ဖော်ပေးဖို့ အားပေးရာရောက်ပါတယ်။ သဘာဝစီမံကိန်း အနေနဲ့လည်း စက်ရုံတွေမှာ စွမ်းအင်ထိရောက်စွာ အသုံးချမှုနဲ့ ပတ်သတ်တဲ့ စစ်ဆေးအကဲဖြတ်မှုတွေ လုပ်ဆောင်ပေးပြီးတော့ အစိမ်းရောင် ဘဏ္ဍာရေးကို မိတ်ဖက်ဘဏ်တွေက တစ်ဆင့်လည်း မြှင့်တင်ပေးနေပါတယ်။ ထပ်ဆောင်းအနေနဲ့ ပြောရရင်တော့ သန့်စင်ကုန်ထုတ်လုပ်မှု နည်းစနစ်နဲ့ သက်ဆိုင်တဲ့ စည်းမျဥ်းစည်းကမ်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ အစိုးရနဲ့ ပူးပေါင်းပြီးတော့လည်း လုပ်ဆောင်ပါတယ်။ ငွေစင်ပုလဲလိုမျိုး အခြားသော အသေးစားနဲ အလတ်စား စီးပွားရေးလုပ်ငန်းတွေက သန့်စင်ကုန်ထုတ်လုပ်မှု အလေ့အကျင့်အကောင်အထည်ဖော်တဲ ခရီးမှာ ပိုပြီးတော့ ပါဝင်လာလိမ့်မယ်လို ယုံကြည်ပါတယ်။ ဒီလုပ်ဆောင်ချက်ကတော့ အခြားစီးပွားရေး လုပ်ငန်းတွေကို လည်း ပါဝင်လုပ်ဆောင်ချင်လာအောင် လှုံ့ဆော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။" Ujjwal Pokhrel၊ သဘာဝသဟဇာတ ထုတ်လုပ်မှုဆိုင်ရာ မန်နေဂျာ၊ သဘာဝ စီမံကိန်း

၇။ ရေဆိုးသန့်စင်စက်ရုံ စတင်လုပ်ဆောင်လည်ပတ်ခြင်း

စက်ရုံရဲ့ နေ့စဉ်လုပ်ငန်းစဉ်ထဲက တစ်ခုဖြစ်တဲ့ တိုင်ကီ၊ ကန်တွေနဲ့ အသုံးပြုထားတဲ့ ပုလင်းတွေကို ရေနဲ့ ဆေးကြော သန့်စင်တာကို တစ်နေ့နှစ်ကြိမ် လုပ်ဆောင်ပေးရပါတယ်။ အခုဆိုရင်တော့ အသစ်ဆောက်လုပ်ထားတဲ့ ရေဆိုးသန့်စင်စက်ရုံကနေ အသုံးပြုထားတဲ့ တိုင်ကီ၊ ကန်တွေဆေးကြောထားတဲ့ ရေဆိုးတွေကို သန့်စင်စေပြီးမှ အများပြည်သူပိုင် ရေစီးမြောင်းထဲကို စွန့်ပစ်နိုင်ပြီဖြစ်ပါတယ်။

သဘာဝစီမံကိန်းအနေနဲ့ လက်ရှိမှာ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသရှိ စက်ရုံ ၁၁ခုရဲ့ ရေဆိုးသန့်စင်စက်ရုံဒီဇိုင်းကို ရေးဆွဲပေးဖို့ လုပ်ကိုင်ဆောင်ရွက်နေပြီးဖြစ်ပါတယ်။ သဘာဝစီမံကိန်းအကြောင်းပိုမို သိရှိချင်ရင်တော အသေးစိတ် ဝင်ရောက်ဖတ်ရှုကြည့်လို့ရပါတယ်။

MORE FROM THE FIELD