The WWF is run at a local level by the following offices...
ကင်းလှည့်ဝန်ထမ်းဘဝ
"မြန်မာ့အနာဂတ်အတွက် ထိန်းသိမ်းရေး ကင်းလှည့်ဝန်ထမ်းတွေက အသက်တမျှ အရေးပါပါတယ်" ဟု တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် WWF နှင့် လက်တွဲ ကြိုးပမ်းနေသူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး ဒန်နီယယ်ချက်က ဆိုသည်။ သို့သော်လည်း တောရိုင်းတိရစ္ဆာန်များအား ကာကွယ်ရန် ၎င်းတို့ နေ့စဉ် လုပ်ဆောင်နေမှုနှင့် စွန့်လွှတ် အနစ်နာခံမှုများကိုမူ သတိထားမိသူ နည်းပါသည်။
မြန်မာနိုင်ငံမှ ထိန်းသိမ်းရေး ကင်းလှည့်ဝန်ထမ်းများ၏ အဖိုးမဖြတ်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို အသားပေး ဖော်ပြလိုတဲ့အတွက် သံအမတ်ကြီး ဒန်နီယယ်ချက်နှင့်အတူ ကင်းလှည့်လုပ်ငန်းတွေကို မျက်မြင်ကိုယ်တွေ့ လေ့လာရန် ဆင်ထိန်းသိမ်းရေး ကင်းစခန်းများအနက် တစ်ခုသို့ သွားရောက်ခဲ့ကြသည်။ မြန်မာ့ ထိန်းသိမ်းရေး ကင်းလှည့်ဝန်ထမ်းတစ်ဦး၏ ဘဝအကြောင်း တစ်စေ့တစ်စောင့် သိရှိနိုင်ရန် အောက်ပါ ဗီဒီယိုကို ရှုစားနိုင်ပါသည်။