The WWF is run at a local level by the following offices...
စွမ်းအင်ထိရောက်စွာ အသုံးချနိုင်ရေး အတွက် “သဘာဝ” ရဲ့ ပံပိုးမှု
စွမ်းအင်ထိရောက်စွာ အသုံးချနိုင်ရေး အတွက် “သဘာဝ” ရဲ့ ပံပိုးမှု
သဘာဝ စီမံကိန်းမှ နိုင်ငံတကာ စွမ်းအင်ထိရောက်စွာ အသုံးချနိုင်မှုဆိုင်ရာပညာရှင် Mr. Rajat Batra ပို့ချသော စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍတွင် စွမ်းအင်ထိရောက်စွာ အသုံးချနိုင်မှုဆိုင်ရာ ဆရာဖြစ်သင်တန်း (Training of Trainers_-ToT)ကို ဖွင့်လှစ်ခဲ့ပါတယ်။ အင်ဂျင်နီယာ၊ စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာနည်းပညာ သို့မဟုတ် သင်ကြားလေ့ကျင့်ပေးမည့် ဘာသာရပ်နှင့် နောက်ခံအကြောင်းအရာ ဆက်စပ်မှုရှိသော စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား သင်တန်းသား (၁၀) တက်ရောက်ခဲ့ပါတယ်။
သင်တန်းကာလ (၆)ရက်ကြာမြင့်ခဲ့ပြီး စွမ်းအင်ထိရောက်စွာ အသုံးပြုနိုင်မှုဆိုင်ရာ အခြေခံအကြောင်းအရာများ၊
ယေဘူယျ စက်ရုံသုံး စက်ပစ္စည်း ကိရိယာများနှင့် သက်ဆိုင်သော စွမ်းအင် ထိရောက်စွာ အသုံးပြုနိုင်မှုဆိုင်ရာ နည်းပညာများ၊စွမ်းအင်ထိရောက်မှုဆိုင်ရာ အကြံပေးတစ်ဦး၏ အခန်းကဏ္ဍနှင့် ကွင်းဆင်းစစ်ဆေးအကဲဖြတ်မှုများ ဆောင်ရွက်ရာတွင် ချဉ်းကပ်ရမည့် နည်းလမ်းများ၊စက်ရုံအများစုတွင် အသုံးများသော စက်ပစ္စည်းကိရိယာများဖြစ်သည့် ဘွိုင်လာ၊ မော်တာ၊ မီးအလင်းပေးယူနစ် ကဲ့သို့သောပစ္စည်းများ၏ အသေးစိတ်တိကျသော အချက်အလက်များနှင့် စွမ်းအင်အသုံးပြုနေမှုများ၊
စက်ရုံများတွင် စွမ်းအင်ထိရောက်စွာ အသုံးပြုနိုင်မှုဆိုင်ရာ ကွင်းဆင်းစစ်ဆေး အကဲဖြတ်မှုများ ဆောင်ရွက်ရာတွင် အသုံးပြမည့် တိုင်းတာရေးကိရိယာများနှင့် အချက်အလက်ဖြည့်သွင်းရမည့် ပုံစံ(template) များ အသုံးပြူပုံ၊
စက်ရုံ စီမံခန့်ခွဲမှု တာဝန်ရှိသူထံသို့ တွေ့ရှိချက်များအား အကောင်အထည်ဖော် ဆောင်ရွက်စေရန် အစီရင်ခံစာတင်ပြရေးသားခြင်းများ၊စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်မည့်ပမာဏ တွက်ချက်ခြင်းနှင့် စက်ရုံစီမံခန့်ခွဲမှု တာဝန်ရှိသူထံသို့ အကြံပြုခြင်းများ၊ နှင့်အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် စွမ်းအင်လျှော့ချမှုလုပ်ငန်းစဉ်များ၏ အကျိုးထိရောက်မှု ခိုင်မာကြောင်း သေချာစေရန်လက်တွေ့ တိုင်းတာ တွက်ချက်နည်းများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပါတယ်။

စွမ်းအင်ထိရောက်စွာ အသုံးချနိုင်မှုကိုလေ့လာသင်ကြားရတဲ့ ဒီသင်တန်းကို softwareကုမ္ပဏီတစ်ခုရဲ့ IT အင်ဂျီနီယာတစ်ဦးဖြစ်တဲ့ မသက်မွန်အေးကတော့ တက်ရောက်သင်ကြားခွင့်ရတာကို သဘောကျနှစ်သက်နေပါတယ်။ မသက်မွန်အေးက စွမ်းအင်ထိရောက်စွာ အသုံးချနိုင်မှုဆိုတာကို အချိန်အတော်ကြာကတည်းက လေ့လာစူးစမ်းချင်နေခဲ့တဲ့ ဘာသာရပ်ပဲဖြစ်ပါတယ်။ နဂိုကတည်းက အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီးတဲ့ အလျောက် ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်ရင်တော့ အခြေခံသိထားတာလေးတွေတော့ရှိပါတယ်။ အဲ့ဒါကြောင့် အဲ့အကြောင်းအရာတွေကို စာအုပ်တွေထဲမှာ ရှာဖတ်တယ်။ နောက်ပြီး နေစွမ်းအင်(solar power) လုပ်နေတဲ့ သူငယ်ချင်းတွေကိုလည်း မေးဖြစ်တယ်။ နောက်ဆုံးမှာတော့ မသက်မွန်အေးတစ်ယောက် ဒီသင်တန်းမှာ သူ့အတွက် အသစ်ဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ “စွမ်းအင်ထိရောက်စွာ အသုံးချနိုင်မှု” အကြောင်းကို သင်ယူခွင့်ရခဲ့ပါတယ်။
“ကျွန်မကတော့ ဒီသင်တန်းကို တက်ရတာ သဘောကျတယ်။ မြန်မာနိုင်ငံမှာ factory တွေလည်းရှိတယ်။ အိမ်တွင်း စက်မှု လက်မှုတွေလည်းရှိတယ်။ အဲ့လူတွေက scienceသမားတွေမဟုတ်ဘူး ။ engineerတွေမဟုတ်ဘူး ။ ဥပမာ အာလူးကြော်စက်ရုံဆိုရင် အာလူးကြော်ဖို့နဲ့ အားလူကြော်ကို ဖြန့်ဖို့လောက်ပဲ စိတ်ဝင်စားလိမ့်မယ်။ အဲ့ဒါတွေမှာ energy efficient မဖြစ်လို့ အားလူးကြော်ရဲ့ စျေးနှုန်းမှာ ထိခိုက်တယ်။ သူတို့ အမြတ်တွေ မှာ ထိခိုက်တယ်ဆိုတာ သူတို့မမြင်တတ်ဘူးပေါ့နော်။ ဒီ courseကို သဘောကျတာကကြတော့ စားသောက်ကုန် လုပ်ငန်းပေါ့ အမှန်တိုင်းပြောလို့ရှိရင် ဒါမြန်မာနိုင်ငံမှာ အများဆုံးသော SME လုပ်ငန်းတွေကို ကူညီပေးတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့လဲ အစ်မတော့ အားရကျေနပ်မိတယ်။ အစ်မအဲ့မျိုးလည်းကူညီပေးချင်တယ်။ ဒီ Energy efficiency ကိုသိတော့မှပဲ အခုဆိုလည်း power breakdown တွေခဏခဏဖြစ်တယ်။ generator တွေလောင်သွားတယ်ဆိုတော့ EPC ကိုပဲ အစ်မတို့ အမြဲတမ်းအပြစ်ဖို့နေလို့မရဘူး။ ဘာလို့လဲဆိုတော့ အစ်မတို့မှာ power မှာ proficient ဖြစ်လားမဖြစ်ဖူးလား။ အစ်မတို့ရဲ့ loading တွေက သေချာရောဆက်သွယ်ထားရဲ့လား။တကယ်ရောလုပ်ထားရဲ့လားမလုပ်ထားဘဲနဲ့ အများကြီးဆွဲနေမယ်ဆိုရင် EPCလည်းခံနိုင်မှာ မဟုတ်ဘူး။ ဒါကတော့ အစ်မထင်တာ မြန်မာနိုင်ငံအတွက်ရော ကိုယ့် individual အတွက်ရော အရမ်းပဲ အကျိူးရှိပါတယ်။”
သင်တန်းသားတွေက သင်တန်းကာလအတွင်းမှာ စက်ရုံတွေကို လေ့လာခွင့်ရတာကိုလည်း ကျေနပ်သဘောကျပါတယ်။ သူတို့တွေအကုန်လုံးက သင်တန်းကာလပြီးဆုံးသွားလည်းပဲ စက်ရုံတွေမှာ စွမ်းအင်ထိရောက်စွာ အသုံးပြုနိုင်မှုဆိုင်ရာ ကွင်းဆင်းစစ်ဆေး အကဲဖြတ်မှုတွေကို စီမံကိန်းနဲ့ တွဲလုပ်ဖို့လည်း စိတ်အားထက်သန်နေကြပါတယ်။
ကိုရဲမင်းသူကတော့ လျှပ်စစ် စွမ်းအင်ကို အထူးပြုယူထားပြီး လက်ရှိလည်း လျှပ်စစ်စွမ်းအင်ပိုင်းကို အကြံပေးအနေနဲ့ရော ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲအင်ဂျင်နီယာ တစ်ဦး အနေနဲ့ပါ တာဝန်ထမ်းဆောင်နေပါတယ်။ သူကလည်း သင်တန်းသားတစ်ယောက်အနေနဲ့ ပါဝင်တက်ရောက်ခဲ့ပါတယ်။ သူ့အနေနဲ့ အရင်က ဖြတ်သွားဖြတ်လာမြင်နေရတဲ့ insulator failure တွေ၊ အဲ့ဒီ insulation တွေ အားနည်းလို့ ဖြစ်ရတာကြောင့် loss ဖြစ်နေတဲ့ အပိုင်းတွေနဲ့ ဒီ “စွမ်းအင်ထိရောက်စွာ အသုံးချနိုင်မှု”အကြောင်းကိုလည်း သဘောတရားပိုင်းတွေကို သင်တန်းကာလ ၆ရက်အတွင်းမှာ သင်ယူခွင့်ရခဲ့ပါတယ်။ သူကတော့ ဒီသင်တန်းမှာ သိလာတာတွေကနေ လုပ်ငန်းခွင်မှာ အသုံးချဖို့ အတွက် ဆိုပြီးတော့ စပြီးစိတ်ကူးနေပါပြီ။
“ကျွန်တော်တို့က လျှပ်စစ်ကို ဘယ်လို အသုံးပြု ရမယ်ဆိုတာပဲ သိခဲ့တာ။ efficiency ဖြစ်အောင်ရယ် ဘယ်လိုမျိုးစွမ်းအင်ချွေတာပြီး သုံးရမယ်ဆိုတဲ့ အပိုင်းကို မလေ့လာခဲ့ဖြစ်ဘူး။ စက်တွေကို ဘယ်လိုတပ်မယ်၊ အဲကွန်းတွေဘယ်လို တပ်မယ်ဆိုတာတွေပဲ သိခဲ့တာ။ သုံးစွဲမဲ့ အပိုင်းကိုပဲ တအားကို စဥ်းစားပြီးလုပ်ခဲ့ကြတာ။ လျှပ်စစ်ကို အသုံးပြုမဲ့အပေါ်ပဲ စဉ်းစားပြီးအလုပ်လုပ်ခဲ့တာ။ ဒီသင်တန်းမှာတော့ ဘယ်လိုမျိုးချွေတာပြီးသုံးရင် ဘယ်လို အကျိုးရှိတယ်ဆိုတာကို သိခဲ့တယ်။အများကြီးသဘောပေါက်လာတယ်။”
အခုသင်တန်းမှာ တက်ရောက်ပါဝင်ခဲ့တဲ့ သင်တန်းသားတွေအနေနဲ့ကတော့ “စွမ်းအင်ထိရောက်စွာ အသုံးချနိုင်မှု”ဆိုင်ရာ တဆင့်မြှင့်သင်တန်းကိုလည်း ဆက်လက်တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။ သဘာဝ စီမံကိန်းက စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍမှာ စွမ်းအင်အသုံးပြုမှုနှင့် ဆက်စပ်နေသော ကုန်ကျစရိတ်များ လျှော့ချနိုင်စေရန် အကြံပေးနိုင်သော နိုင်ငံသား ပညာရှင်အစုအဝေးကိုလည်း ဖော်ဆောင်နိုင်ရန် မျှော်မှန်းထားတာကြောင့် ယခုပညာရှင်များ အနေဖြင့် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MFPEA)၌ စာရင်းသွင်းမှတ်ပုံတင်နိုင်ခြင်းပြီး စွမ်းအင်အကျိုးရှိစွာ အသုံးပြုနိုင်ရန် အကြံပေးဝန်ဆောင်မှုများကို အခကြေးငွေဖြင့် ဆောင်ရွက်နိုင်မည့် အခွင့်အရေးကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
MORE FROM THE FIELD