The WWF is run at a local level by the following offices...
သဘာဝစိမ်းလန်းမှုဆိုင်ရာ နည်းပညာများအတွက် ဘဏ်ချေးငွေများ
ရန်ကုန်၊ နိုဝင်ဘာ ၂၇ရက်၊ ၂၀၁၈။ ။ရေရှည်တည်တံ့သော စက်မှုထုတ်လုပ်ရေးအတွက် အစိမ်းရောင်ဘဏ္ဍာရေး (Green Finance) ဖြစ်ပေါ်လာစေရန် မြန်မာနိုင်ငံ၏ ထိပ်သီးဘဏ်(၄)ခုနှင့်အတူ သဘာဝစီမံကိန်းနှင့် Saving Banks Foundation for International Cooperation(SBFIC)တို့မှ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။အဆိုပါ နားလည်မှုစာချွန်လွှာသည် လာမည့်နောက်(၃)နှစ်ကာလတွင် ရေရှည်တည်တံ့သည့် စက်မှုထုတ်လုပ်ရေးအတွက် သဘာဝစိမ်းလန်းမှုဆိုင်ရာ အသေးစားနှင့် အလတ်စား စီးပွားလုပ်ငန်းများအတွက် ချေးငွေများနှင့် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများ တိုးတက်ဖွံ့ဖြိုးလာစေရန် ဘဏ်များအတွက် နည်းပညာဆိုင်ရာ အထောက်အပံ့များပံ့ပိုးသွားရန်ဖြစ်သည်။ ၄င်းအပြင် သဘာဝစိမ်းလန်းမှုဆိုင်ရာချေးငွေများအတွက် ဘဏ်များနှင့် အသေးစားနှင့် အလတ်စား စီးပွားလုပ်ငန်းများ အကြား ချိတ်ဆက်မှုကို အဆင်ပြေချောမွေ့ စေရန်အတွက်လည်းဖြစ်သည်။
မိတ်ဘက်အဖွဲ့အစည်းများ၊ တွဲဘက်အဖွဲ့အစည်းများနှင့် သံရုံးများမှ ကိုယ်စားလှယ်(၅၀)ကျော် နှင့် မီဒီယာ အဖွဲ့အစည်း (၇)ခုတို့သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးချုပ်၌ ကျင်းပခဲ့သော နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးသည့် အခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
“သဘာဝ” စီမံကိန်းသည် ဥရောပသမဂ္ဂ၏ SWITCH-Asia Programmeမှ ရန်ပုံငွေပံ့ပိုးထားပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF)၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA)နှင့် Savings Banks Foundation for International Cooperation(SBFIC) တို့၏ ပူးပေါင်းဆောင်ရွက်မှု မှတဆင့် အသေးစားနှင့် အလတ်စားစီးပွားလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဘဏ်လုပ်ငန်းများ၏ စွမ်းရည်ကို မြင့်တင်ရန် နည်းပညာဆိုင်ရာအကူအညီများ ပံ့ပိုးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၏ ပူးပေါင်းဆောင်ရွက်ရေး ဌာနအကြီးအကဲ Johann Hesseက အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားခဲ့သည်။ “ဥရောပသမဂ္ဂအနေနဲ့ SWITCH-Asiaအစီအစဥ်ကို စိတ်ဝင်စားသောစားသုံးသူများ၊ စီပွားရေးလုပ်ငန်းများကို ကူညီပေးရန်နှင့် အာရှ-ပစိဖိတ်ဒေသရှိ အသင်းအဖွဲ့များကို ရေရှည်တည်တံ့သော အရွေ့တစ်ခုသို့ ပြောင်းလဲစေဖို့ ထောက်ပံပေးရန် စတင်မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာ့သဘာဝ အရင်းအမြစ်များကတော့ အတော်လေးမပျက်စီးသေးတဲ့ အနေအထားမှာရှိနေသေးပြီး ပလတ်စတစ်ညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းစေမှု တို့ရဲ့ ခြိမ်းခြောက်မှုကတော့ အတော်လေးတိုးလာနေပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ လိုအပ်တဲ့ သန့်စင်ထုတ်လုပ်မှုနှင့် ရေရှည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမှုတို့အတွက် လိုအပ်သော ရင်းမြစ်များကို ကမ်းလှမ်းသော မြန်မာနိုင်ငံရဲ့ အစိမ်းရောင်ဘဏ္ဍာရေးတိုးတက်မှုကို ထောက်ပံ့ပေးရတာကိုဂုဏ်ယူပါတယ်” လို့ပြောပါတယ်။
အထူးအကြံပေးချက်မှတဆင့် ဘဏ်လုပ်ငန်းများသည် ရေရှည်တည်တံ့သော စက်မှုကုန်ထုတ်လုပ်ရေး၏ လိုအပ်ချက်များကို တုံ့ပြန်နိုင်ရန်အတွက် ၄င်းတို့၏ ငွေးရေးကြေးရေးဝန်ဆောင်မှုများနှင့် ချေးငွေလုပ်ငန်းစဉ်များကို လိုက်လျောညီထွေရှိစွာ ပြင်ဆင်နိုင်ရန် သင်ယူဆောင်ရွက်လာလိမ့်မည်။ ရေရှည်တည်တံ့သော စက်မှုကုန်ထုတ်လုပ်ရေးတွင် ရေဆိုးရေညစ်များ သန့်စင်ခြင်း၊ စွမ်းအင်ချွေတာသည့် ဘွိုင်လာများ၊ အလင်းရောင်ပေးခြင်းနှင့် အပူပေးခြင်းများ အပါအဝင် သဘာပတ်ဝန်းကျင်နှင့် ညီညွတ်စွာ လေအေးပေးခြင်းများနှင့် အအေးခန်းသိုလှောင်ခြင်းများ အစရှိသည့် နည်းပညာများနှင့် လုပ်ငန်းစဉ်များပါဝင်သည်။

“သဘာဝ”စီမံကိန်းမန်နေဂျာ(ယာယီ)ဖြစ်သူ Gaurav Guptaက “စက်ရုံပိုင်ရှင်တွေက ရေဆိုးရေညစ်သန့်စင်မှု၊ စွမ်းအင်အကျိုးရှိ ထိရောက်မှု(energy efficiency)နှင့် ပြည့်ဖြိုးမြဲစွမ်းအင်(renewable energy)အစရှိတဲ့ သဘာဝစိမ်းလန်းစိုပြေရေးဆိုင်ရာ နည်းပညာများကို လက်ခံလိုက်နာရန် ပိုမိုစိတ်ဝင်စားလာတာကို တွေ့မြင်နေရပေမယ့် အဲ့ဒီနည်းပညာတွေအတွက် ဖန်တီး ထားသော ချေးငွေတွေကို ရနိုင်မယ့် အခွင့်အလမ်းဟာ အဟန့်အတားတွေရှိနေတုန်းပဲဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
“သဘာဝ”စီမံကိန်း၏ အဓိကကဏ္ဍများမှတစ်ခုသည် မြန်မာနိုင်ငံတွင် အစိမ်းရောင်ဘဏ္ဍာရေး(Green Finance) ဖွံ့ဖြိုးလာစေရန် အထောက်အပံ့ပေးရန်ဖြစ်သည်။“သဘာဝ”စီမံကိန်းသည် မြန်မာနိုင်ငံမှ ဘဏ်လေးခုဖြစ်သော ဧရာဝတီတောင်သူလယ်သမား တိုးတက်ဖွံ့ဖြိုးရေးဘဏ်(Ayeyarwaddy Farmers Development Bank)၊ သမဝါယမဘဏ်(CB Bank)၊ မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)နှင့် မြန်မာနိုင်ငံသားများဘဏ်(MCB)တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
SBFICမှ အစိမ်းရောင်ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ပညာရှင်(Green Finance Expert) Ilan Wolkovက မိတ်ဖွဲ့ဘဏ်များကို ထောက်ပံ့ကူညီပေးမှုများကို အကျဥ်းချုပ်ရှင်းပြပေးခဲ့သည်။ “ပြည်တွင်းဘဏ်များရဲ့ အစိမ်းရောင်ဘဏ္ဍာရေး(Green Finance) ကို အားဖြည့်ဆောင်ရွက်ခြင်းက အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းတွေရဲ့ သဘာဝစိမ်းလန်းမှုဆိုင်ရာ အသွင်ကူးပြောင်းခြင်းအတွက် မရှိမဖြစ်လိုအပ်သည့် အရာဖြစ်ပြီးတော့ ဘဏ္ဍာရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရးလုပ်ငန်းများ၊ စီးပွားရေးနှင့် မြန်မာနိုင်ငံ လူဦးရေအတွက်ပါ အကျိုးများစွာရှိစေမှာ ဖြစ်တယ်”ဟုရှင်းလင်းပြောကြားခဲ့သည်။
“သဘာဝ”စီမံကိန်းသည် SMART Myanmar ကဲ့သို့သော အခြား အစိမ်းရောင်ဘဏ္ဍာရေး(Green Finance) ကနဦးလှုပ်ရှားသူများနှင့်အတူ နီးကပ်စွာ လုပ်ဆောင်သွားမည် ဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် အစိမ်းရောင်ဘဏ္ဍာရေး (Green Finance)စနစ်ကို အားဖြည့်ဆောင်ရွက် နိုင်စေရန်ဖြစ်သည်။ ပထမဦးဆုံးသော သဘာဝစိမ်းလန်းမှုဆိုင်ရာချေးငွေကို ၂၀၁၈ ခုနှစ် အကုန်ပိုင်းတွင် ထုတ်ပေးနိုင်မည်ဟု မျှော်လင့်ထားပါသည်။
MORE FROM THE FIELD