What would you like to search for?

မြန်မာနိုင်ငံတွင် ရပ်ဝန်းတစ်ခု လမ်းမတစ်ခု အစီအစဉ်ကို သဘာဝနှင့် သဟဇာတ ဖြစ်စေခြင်း

13 December 2017

ရပ်ဝန်းတစ်ခု လမ်းမတစ်ခု အစီအစဉ် (BRI) ၏ အစိတ်အပိုင်းများ ဖော်ဆောင်ရန် လူဦးရေ ၂၅ သန်းခန့် နေ ထိုင်ရာ ဧရာဝတီမြစ်ဝှမ်းဒေသနှင့် အနီးအနား တောင်တန်းဒေသများတွင် လမ်းများ ဖောက်လုပ်ရန် တင်ပြထားပါသည်။

ရပ်ဝန်းတစ်ခု လမ်းမတစ်ခု အစီအစဉ် (BRI) ၏ အစိတ်အပိုင်းများ ဖော်ဆောင်ရန် လူဦးရေ ၂၅ သန်းခန့် နေထိုင်ရာ ဧရာဝတီမြစ်ဝှမ်းဒေသနှင့် အနီးအနား တောင်တန်းဒေသများတွင် လမ်းများ ဖောက်လုပ်ရန် တင်ပြထားပါသည်။

ဒေသခံများအနေဖြင့် ရှင်သန်နေထိုင်ရေးအတွက် လိုအပ်သော သောက်သုံးရေ ရရှိရေးနှင့် သဘာဝ ဘေးအန္တရာယ်များမှ အကာအကွယ် ရရှိရေးအတွက် သစ်တောများ၊ မြစ်ချောင်းများ၊ မြေ များနှင့် ဇီဝမျိုးစုံမျိုးကွဲများ စသည့် သဘာဝ အရင်းအနှီးများအပေါ် မှီခိုနေ ရပါသည်။

​BRI စီမံကိန်း၏ အကျိုး ကျေးဇူးများက လမ်းဖောက်လုပ်မှုကြောင့် သဘာဝဂေဟစနစ်များကို ပျက်ယွင်းခြင်း၊ တောရိုင်း တိရစ္ဆာန်များ မျိုးသုဉ်းခြင်း၊ သစ်တောပြုန်းတီးခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းနှင့် အခြားသော ညစ်ညမ်းစေခြင်းများ ကဲ့သို့သော ဆိုးကျိုးများကို ဖုံးကွယ် မျက်ကွယ်ပြုသွားစေနိုင်သည့် အန္တရာယ် ရှိနေပါသည်။

ပိုကောင်းသော လမ်းအစီအစဉ်နှင့် ပုံစံထုတ်မှုဖြင့် BRI ၏ အကျိုးကျေးဇူးများကို ယခုထက် ပိုမို များပြားကောင်းမွန်စေနိုင်မည့် အခွင့်အလမ်းများ ရှိနေပါသည်။