The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
![ပျောက်ဆုံးစပြုလာနေသည့် တောရိုင်းတိရစ္ဆာန်များ](http://wwfasia.awsassets.panda.org/img/disappearing_wildlife_square_1_657208.jpg)
ကမ္ဘာအဝှမ်းက သားငှက်တိရစ္ဆာန်တွေဟာ လျှင်မြန်စွာ လျော့နည်းလာနေပါတယ်။ နှစ် ၄၀ အတွင်း လူတို့ကြောင့် ကမ္ဘာ့သားငှက်တိရစ္ဆာန် ထက်ဝက်လောက် ပျောက်ကွယ်ခဲ့ရပါတယ်။ ကမ္ဘာ့ အထင်ကရ မျိုးစိတ်တချို့ မျိုးသုဉ်းခဲ့ပြီး ကျန်မျိုးစိတ်တွေလည်း ပျက်သုဉ်းရလု ဖြစ်ခဲ့ပါပြီ။ မြန်မာ့ သဘာဝဝန်းကျင်ကတော့ သာယာဝပြောဆဲ ဖြစ်ပေမယ့် သူ့ရဲ့ အနာဂတ်ကလည်း လမ်းဆုံတစ်ခုကို ရောက်နေပါပြီ။
Learn More![လျော့ပါးကျဉ်းမြောင်းလာသော သစ်တောများ](http://wwfasia.awsassets.panda.org/img/thumbnail_shrinking_forests_653060.jpg)
တစ်စက္ကန့်ကြာတိုင်းမှာ ဘောလုံးကွင်း တစ်ကွင်းစာနဲ့ ညီမျှတဲ့ သစ်တောဧရိယာဟာ ကမ္ဘာပေါ်က ပျောက်ကွယ်နေပါတယ်။ ဒီနေရာမှာ လူတွေက သတ္တုတူးတာ၊ လယ်ယာ စိုက်ပျိုးတာနဲ့ အခြေခံအဆောက်အုံ တည်ဆောက်တာတွေ ပြုလုပ်ကြပါတယ်။ မြန်မာဟာ ကမ္ဘာ့ အမြင့်ဆုံး သစ်တောပြုန်းတီးမှုနှုန်း ရှိပေမယ့် အရှေ့တောင်အာရှရဲ့ အကျယ်ပြန့်ဆုံး သစ်တောဖုံးလွှမ်းမှုကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။
Learn More![စတေးခံမြစ်များ](http://wwfasia.awsassets.panda.org/img/rivers_at_risk_square_1_657229.jpg)
ကမ္ဘာ့ မြစ်ကြီးများဟာ လူဦးရေ တိုးပွားလာမှုရဲ့ ဖိအားကို ခံနေရပြီး တချို့ဆိုရင် ညစ်ညမ်းမှု၊ သတ္တုတူးဖော်မှု၊ ရာသီဥတုပြောင်းလဲမှု၊ ငါး အလွန်အကျူး ဖမ်းဆီးမှုနဲ့ ဆည်တွေကြောင့် ပျက်ဆီးခဲ့လို့ အကျိုးမပြုနိုင် ကြတော့ပါဘူး။ ကမ္ဘာ့ လွတ်လပ်စွာ စီးဆင်းဆဲ မြစ်ကြီးတွေထဲက တစ်စင်းဖြစ်တဲ့ မြန်မာနိုင်ငံက မြစ်မင်းဧရာဝတီမှာတော့ မျှော်လင့်ချက် ကျန်နေပါသေးတယ်။
Learn More![ညစ်ညမ်းနေတဲ့ တို့ကမ္ဘာမြေ](http://wwfasia.awsassets.panda.org/img/polluted_planet_square_2_657231.jpg)
လူ သန်းခုနစ်ထောင်အတွက် လောင်စာ၊ အဝတ်အစားနဲ့ ပို့ဆောင်ရေးတွေက ကမ္ဘာအပေါ် သက်ရောက်မှု ကြီးပါတယ်။ လူသုံးကုန်တွေက အမှိုက်တွေ ဖုံးအုပ်စေပြီး စက်မှုလုပ်ငန်း ကာဘွန်ထုတ်လွှတ်မှုက မြင့်တက်နေချိန်၊ အတောမသတ်တဲ့ လျှပ်စစ် လိုအပ်ချက်က ပိုဆိုးပါတယ်။ ပြည်သူ ၃၈% သာ လျှပ်စစ် ရရှိတဲ့ မြန်မာ့ ဖွံ့ဖြိုးရေးကို သန့်စင်တဲ့ စွမ်းအင်နဲ့ မောင်းနှင်ဖို့ အခွင့်အရေး ရှိနေပါတယ်။၊
Learn More