What would you like to search for?

နှစ်ပတ်လည်အစီရင်ခံစာ ၂၀၁၉

05 February 2020

မြန်မာမှာ “ငုတ်မိ သဲတိုင်၊ တက်နိုင် ဖျားရောက်” ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ ဒါက ကျွန်တော်တို့ရုံးရဲ့ ဆောင်ပုဒ်လည်း ဖြစ်ပါတယ်။

ကျွန်တော်တို့က ဖြစ်နိုင်ခြေရှိတာတွေ လောက်ပဲ ဦးစားပေးတာမဟုတ်ဘဲ  ဖြစ်ဖို့ လိုအပ်နေတာတွေကို အာရုံ စိုက်ပြီး ဖြစ်အောင် ကြိုးပမ်းကြ ပါတယ်။ အမြင့်ဆုံးကို ရောက်နိုင်ဖို့ မဖြစ်နိုင်လေ ဘယ်လို ရောက်အောင် လုပ်ရမလဲ ဆိုတာကို သိဖို့နဲ့ အရောက် ချီတက်ဖို့ ကျွန်တော်တို့ ပို စိတ်ထက် သန်လေ ဖြစ်ပါတယ်။
 
ထိန်းသိမ်းရေးဝန်ထမ်းတွေကို ကူညီ ပံ့ပိုးပေးဖို့ ကျွန်တော်တို့ကို တောင်းဆို လာတော့ ငွေကြေး အထောက်အပံ့ ရရှိစေရုံနဲ့ မလုံလောက်သေးဘဲ စနစ်ကြီး တစ်ခုလုံးကို ပြုပြင်ပြောင်းလဲ ဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ခဲ့တာမို့ မြန်မာနိုင်ငံ အတွက် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်း ရေး ကောလိပ်တစ်ခု တည်ထောင်နိုင်ဖို့ ကျွန်တော်တို့ စတင် စီစဉ်ခဲ့ပါတယ်။
 
ဒီကြိုးပမ်းဆောင်ရွက်မှုဟာ လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာ ဆွေးနွေးညှိနှိုင်းမှု တစ်ခု အဆင့်ကနေ မြန်မာနိုင်ငံရဲ့ သဘာဝအမွေအနှစ်တွေကို ကျွမ်းကျင် ထိရောက်စွာ အကာအကွယ်ပေးနိုင်၊ စီမံနိုင်စေဖို့ ထောင်ပေါင်းများစွာသော ထိန်းသိမ်းရေးဝန်ထမ်းတွေကို လေ့ကျင့် သင်ကြားပေးသွားမယ့် နေရာမှာ ကျွန်တော် ရပ်နေခဲ့ပြီး ကွင်းဆင်း ကြည့်ရှုတဲ့ အဆင့်ကို ပြီးခဲ့တဲ့လမှာ ခရီးပေါက်လာခဲ့ပါပြီ။ 
 
တောရိုင်းဆင်တွေနဲ့ ပတ်သက်ပြီး အများ ပြည်သူကို အသိပညာပေးဖို့ လိုအပ်လာခဲ့ချိန်ကလည်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဆင်ပြတိုက်ကို အကြမ်းဖျဉ်း အကြံဉာဏ်လေးကနေ ဒီဇိုင်း ရေးဆွဲပြီး ဇွန်လမှာ ဖွင့်လှစ်တဲ့ အထိ ကျွန်တော်တို့ ကူညီပေးခဲ့ ပါတယ်။ ဒီပြတိုက်ဟာ မြန်မာနိုင်ငံက ပြတိုက်တွေ အတွက် စံနှုန်းတစ်ခုကို မြှင့်တင်ပေးခဲ့ပြီး ရက်သတ္တပတ် တစ်ပတ်လျှင် လာရောက် လည်ပတ်သူ ရာပေါင်းများစွာ ရှိတဲ့ အထိ ဆွဲဆောင်နိုင်နေပါတယ်။  
 
မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကို ကြည့်မယ် ဆိုရင်လည်း ဒီမြစ်ကြီးကို လွတ်လပ်စွာ ဆက်လက် စီးဆင်း နိုင်စေဖို့နဲ့ သူ့အပေါ် မှီခိုနေရတဲ့ လူတွေနဲ့ သဘာဝတရားတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ဟိုတစ်ခု ဒီတစ်ခု စီမံကိန်းတွေက ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူးဆိုတာ သဘော ပေါက်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အမြင့်ဆုံးသော ဟိမဝန္တာရဲ့ ရေစင်ကြီးတွေကနေ မြစ်ဝကျွန်းပေါ်ဒေသ ဆန်အိုးကြီး အထိ၊ နိုင်ငံလူဦးရေရဲ့ ၆၆ ရာခိုင်နှုန်းသော မြစ်ဝှမ်းလွင်ပြင် ဒေသ နေသူတွေ၊ မျိုးသုဉ်းလု အန္တရာယ် ကျရောက်နေတဲ့ ဧရာဝတီ လင်းပိုင်တွေ အပါအဝင် အံ့မခန်းဖွယ် ကုန်းနေ၊ ရေနေ ဇီဝမျိုးစုံ မျိုးကွဲများ အထိ ဘက်စုံ ထောင့်စုံ ထည့်သွင်း စဉ်းစားထားတဲ့ မဟာဗျူဟာ တစ်ခု ဖော်ထုတ် ချမှတ်ခဲ့ပါတယ်။
 
ပြင်းပြတဲ့ စိတ်ဆန္ဒရဲ့ ဗဟိုခက်မတွေ အနေနဲ့ မျှော်မှန်းချက်၊ စိတ်အား ထက်သန်မှုနှင့် ခိုင်မာစွာ စိတ်ပိုင်းဖြတ် ထားမှုတို့ ရှိပါတယ်။ ဒီနှစ်က ကျွန်တော် တို့ရဲ့ ၅ နှစ်မြောက် နှစ်ပတ်လည် အခါ သမယ ဖြစ်သလို ကျွန်တော့် အတွက် လည်း ကွန်ရက် အသိုင်းအဝိုင်း အတွင်းမှာ အမြော်အမြင်အရှိဆုံး၊ စိတ်အား အထက် သန်ဆုံးနှင့် စိတ်ဓာတ် အခိုင်မာဆုံး ရုံး တစ်ရုံး ဖြစ်စေဖို့ ဦးဆောင်ခွင့် ရခဲ့တာ ၄ နှစ် နီးပါး ရှိခဲ့ပါပြီ။ 
 
မြန်မာနိုင်ငံမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ လူတွေမှာသာ လုံလောက်တဲ့ အာသီသာ ရှိမယ်ဆိုရင် တကယ် ဖြစ်လာ မှာပါ။