The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Central Asia
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
PR: မလေ့လာဖူးသေးသည့် မြန်မာ့ဒေသအား စာရင်းကောက်ယူမှုက မဟာ သဘာဝနယ်မြေကြီး တွေ့ရှိ
03 March 2017
ကရင် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ (KWCI) သည် WWF နှင့် အခြားသော မိတ်ဖက်အဖွဲ့များ၏ ဘဏ္ဍာငွေ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံအတွင်း လုံခြုံရေးနှင့် နိုင်ငံရေး အခြေအနေများကြောင့် ယခင်က ဇီဝဗေဒပညာရှင်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ အရောက်အပေါက် မရှိခဲ့သည့် ကရင်ပြည်နယ် မြောက်ပိုင်း ကုန်းမြင့် သစ်တောများအတွင်း ကင်မရာ ထောင်ချောက် တပ်ဆင် စာရင်းကောက်ယူမှု လုပ်ငန်း ခြောက်ကြိမ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ စာရင်းကောက်ယူမှုများက ကျား၊ ကျားသစ်နှင့် အာရှဆင်များ အပါအဝင် နို့တိုက်သတ္တဝါ အမျိုးပေါင်း အနည်းဆုံး ၃၁ မျိုးကို တွေ့ရှိခဲ့သည်။ ယင်း ၃၁ မျိုးအနက် ၁၇ မျိုးသည် IUCN Red List တွင် ခြိမ်းခြောက်ခံရဖွယ်ရှိ၊ ထိခိုက်ဆုံးရှုံးလွယ် သို့မဟုတ် မျိုးသုဉ်းလုနီး အဆင့် မျိုးစိတ်များ ဖြစ်ကြသည်။
ရန်ကုန်၊ မြန်မာ (၃ မတ်)။ ။ ကရင် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ (KWCI) သည် WWF နှင့် အခြားသော မိတ်ဖက်အဖွဲ့များ၏ ဘဏ္ဍာငွေ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံအတွင်း လုံခြုံရေးနှင့် နိုင်ငံရေး အခြေအနေများကြောင့် ယခင်က ဇီဝဗေဒပညာရှင်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ အရောက်အပေါက် မရှိခဲ့သည့် ကရင်ပြည်နယ် မြောက်ပိုင်း ကုန်းမြင့် သစ်တောများအတွင်း ကင်မရာ ထောင်ချောက် တပ်ဆင် စာရင်းကောက်ယူမှု လုပ်ငန်း ခြောက်ကြိမ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ စာရင်းကောက်ယူမှုများက ကျား၊ ကျားသစ်နှင့် အာရှဆင်များ အပါအဝင် နို့တိုက်သတ္တဝါ အမျိုးပေါင်း အနည်းဆုံး ၃၁ မျိုးကို တွေ့ရှိခဲ့သည်။ ယင်း ၃၁ မျိုးအနက် ၁၇ မျိုးသည် IUCN Red List တွင် ခြိမ်းခြောက်ခံရဖွယ်ရှိ၊ ထိခိုက်ဆုံးရှုံးလွယ် သို့မဟုတ် မျိုးသုဉ်းလုနီး အဆင့် မျိုးစိတ်များ ဖြစ်ကြသည်။“ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ ဒီလောက် သားငှက်တိရစ္ဆာန် ပေါကြွယ်ဝတာမျိုးကို တွေ့ရှိနိုင်ဖို့ဆိုတာ အလွန် ဖြစ်ခဲလှပေမယ့် အရှေ့တောင်အာရှမှာတော့ ရှာတွေ့ခဲ့ပါပြီ။ ဒီဒေသက ကရင်လူမျိုးတွေရဲ့ ကာလရှည်ကြာ ကြိုးပမ်း ထိန်းသိမ်းခဲ့မှုက ဒီဒေသကြီးအတွင်းက နောက်ဆုံး ကျားတွေ၊ အာရှဆင်တွေနဲ့ တခြား မျိုးစိတ်ပေါင်း များစွာအတွက် ခိုလှုံရာ ဖြစ်ခဲ့ရပါပြီ။” ဟု KWCI နှင့် ချိတ်ဆက် ဆောင်ရွက်နေသော ဩစတြေးလျ ပတ်ဝန်းကျင် ထိန်းသိမ်းရေး NGO ဖြစ်သည့် Wildlife Asia ၏ ညွှန်ကြားရေးမှူး ကလဲ ကမ့်ဘဲက ဆိုသည်။
“ကရင်လူမျိုးတွေမှာ သူတို့ရဲ့ သစ်တောနဲ့ သားငှက်တွေနဲ့ ပတ်သက်ပြီး ရှုပ်ထွေးလှတဲ့ အသိပညာ ဗဟုသုတ ရှိနေတာက ဒီဒေသမှာ သားငှက်တိရစ္ဆာန် ပေါကြွယ်ဝလှတဲ့ တိုက်ရိုက် အကြောင်းအရင်းခံပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်က မြန်မာနိုင်ငံကို အရှိန်အဟုန်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖိတ်ခေါ်လာခဲ့တော့ အရှေ့တောင်အာရှရဲ့ တခြားနေရာတွေက သဘာဝနယ်မြေတွေမှာ ထိန်းချုပ်နိုင်နေပြီ ဖြစ်တဲ့ စားကျက်နယ်မြေ ပျက်စီးတာနဲ့ သားငှက်တိရစ္ဆာန်တွေ အမဲလိုက်တာတွေ တိုးလာနေတာ တွေ့နေရပါတယ်။ ဒီ နောက်ဆုံးလက်ကျန် သဘာဝနယ်မြေကြီးကို ကာကွယ်ဖို့ဆိုရင်တော့ အခုပဲ စတင် လုပ်ဆောင်မှ ဖြစ်ပါလိမ့်မယ်” ဟု KWCI ရဲ့ စီမံကိန်း နည်းပညာ ကျွမ်းကျင်သူနှင့် စစ်တမ်းကို ဦးဆောင် ပြုစုသူ စောရှာဘွဲ့မှူးက ပြောပါသည်။
FAO ၏ ၂၀၁၅ ကမ္ဘာလုံးဆိုင်ရာ သစ်တော အရင်းအမြစ် ဆန်းစစ်ချက်အရ မြန်မာနိုင်ငံသည် ၂၀၁၀-၂၀၁၅ ကာလ အတွင်းတွင် ဘရာဇီးနှင့် အင်ဒိုနီးရှားတို့နောက်မှနေ၍ နှစ်စဉ် သစ်တောဧရိယာ ဆုံးရှုံးမှု ကမ္ဘာ့တတိယ အမြင့်ဆုံး နိုင်ငံ ဖြစ်သည်။
ဒေါ်လာ ဘီလီယံများစွာ တန်ကြေးရှိသော တရားမဝင် သားငှက်တိရစ္ဆာန် ကုန်သွယ်မှု၏ မောင်းနှင်မှုဖြင့် ဒေသတွင်း တရားမဝင် အမဲလိုက် သတ်ဖြတ်မှုသည် အရေးကြီးသော အဆင့်တွင် ရောက်နေပါသည်။ စစ်တမ်း ကောက်ယူသည့် ကာလအတွင်း တရားမဝင် အမဲလိုက်သူ အုပ်စုပေါင်း များစွာကို ကင်မရာ ထောင်ချောက်က မှတ်တမ်းတင်ထားနိုင်ခဲ့ပါသည်။
“တရားမဝင် သားငှက် ကုန်သွယ်မှုက မြန်မာသစ်တောများကို ခပ်မြန်မြန် အပြောင်ရှင်းနေပြီး နာမည်ကျော် ရွှေတြိဂံနယ်မြေနှင့် နီးစပ်နေတာက အဓိကလို ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ တန်ဖိုးကြီးလှတဲ့ သားငှက် တိရစ္ဆာန်မျိုးစိတ်တွေကို ထိန်းသိမ်းချင်ရင် နယ်စပ်မျဉ်း တလျောက် မြို့တွေက တရားမဝင် သားငှက်တိရစ္ဆာန် ဈေးကွက်တွေကို ပိတ်သိမ်းဖို့ လိုပြီး မြေပြင်မှာ လေ့ကျင့်သား ပြည့်ဝတဲ့ သစ်တောထိန်းသိမ်းရေး ဝန်ထမ်းတွေလည်း လိုအပ်ပါတယ်။” ဟု WWF-မြန်မာ၏ ထိန်းသိမ်းရေး အစီအစဉ် ညွှန်ကြားရေးမှူး နစ်ကော့စ်က ဆိုသည်။
အဆိုပါ စစ်တမ်းကောက်ယူမှုကို ကရင်ပြည်နယ်အတွင်းရှိ နေရာ လေးနေရာတွင် ၂၀၁၄ ဒီဇင်ဘာလမှ ၂၀၁၅ ဇူလိုင်လအထိ ပြလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ တွေ့ရှိခဲ့သည့် အခြား အရေးပါသော မျိုးစိတ်များတွင် ကြောင်မင်း၊ ပသျှူးဝက်ဝံနှင့် တောခွေးတို့ ပါဝင်သည်။
စစ်တမ်းအကြောင်း အပြည့်အစုံကို Oryx Journal တွင် ဖော်ပြထားသော First structured camera-trap surveys in Karen State, Myanmar, reveal high diversity of globally threatened mammals ဆောင်းပါး၌ ဖတ်ရှု လေ့လာနိုင်ပါသည်။ (*၁)
--- ပြီး ---
အယ်ဒီတာအတွက် မှတ်ချက်
(*၁) Moo, S.S.B., G.Z.L. Froese, and T.N.E. Gray. 2017. First structured camera-trap surveys in Karen State, Myanmar, reveal high diversity of globally threatened mammals. Oryx pp. 1–7. doi: 10.1017/S0030605316001113.
စစ်တမ်းကောက်ယူစဉ် ရိုက်ယူထားသည့် ကင်မရာထောင်ချောက်မှ ဓာတ်ပုံများကို ဤနေရာတွင် ရယူနိုင်ပါသည်။ Copyright: KWCI. ဤသတင်းထုတ်ပြန်ချက်နှင့် ဆက်စပ်သော ကိစ္စရပ်အတွက်သာ အသုံးပြုရန် ဖြစ်ပါသည်။
ကရင် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ (KWCI) သည် ကရင်သစ်တောဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်း KESAN (www.kesan.asia) နှင့် ဩစတြေးလျ အခြေစိုက် NGO ဖြစ်သည့် Wildlife Asia (www.wildlifeasia.org.au) တို့ ပူးပေါင်းထားသော အဖွဲ့ ဖြစ်ပါသည်။
ရွှေတြိဂံဒေသ - တရားမဝင် ကုန်သွယ်မှုများ ပုံစံမျိုးစုံဖြင့် ပေါများရာ မြန်မာ၊ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်ဒေသကို ဆိုလိုခြင်း ဖြစ်ပါသည်။
မိတ်ဖက်အဖွဲ့များ
WWF - ကမ္ဘာ့အကြီးဆုံးနှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများအနက် တစ်ခု ဖြစ်ပြီး ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ထောက်ခံ အားပေးသူ ၅ သန်းကျော်၏ အကူအညီဖြင့် လည်ပတ် ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ WWF ၏ မြန်မာနိုင်ငံအတွင်း လုပ်ငန်းတွင် သားငှက်တိရစ္ဆာန်၊ စားကျက်နယ်မြေများ ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်သည်။ WWF ၏ အခြား ဆောင်ရွက်နေမှုများကို သိနိုင်ရန် www.wwf.org.mm တွင် လေ့လာနိုင်ပါသည်။
Royal Zoological Society of Scotland (RZSS) - ၁၉၀၉ ခုနှစ်တွင် အီဒင်ဘတ် ရှေ့နေ သောမတ်စ် ဂျီလက်စပီက စတင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်း ရှားပါး၍ မျိုးသုဉ်းလု ဖြစ်နေသော တိရစ္ဆာန်များအား ထိန်းသိမ်းရေးနှင့် အသိပညာပေးရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။
Southeast Asia Campaign (2011-2013) - ဥရောပ တိရစ္ဆာန်ဥယျာဉ်များနှင့် အဏ္ဏဝါပြတိုက်များ အသင်း (EAZA) နှင့် IUCN မျိုးစိတ်များ ရှင်သန်ကျန်ရှိရေး ကော်မရှင် (SSC) တို့က အောက်ပါ ရည်ရွယ်ချက်များအတွက် ပူးပေါင်း ဆောင်ရွက်ကြပါသည်။
- ဥရောပရှိ အများပြည်သူများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအား အရှေ့တောင်အာရှရှိ ဆန်းပြားပြီး ခြိမ်းခြောက်ခံနေရသော တိရစ္ဆာန်မျိုးစိတ်များအကြောင်း သိရှိနားလည်မှု မြှင့်တင်ရန်၊
- အရှေ့တောင်အာရှ မျိုးစိတ်များ ထိန်းသိမ်းရေး စီမံကိန်းများအတွက် ရန်ပုံငွေတစ်ရပ် တည်ထောင်ရန်၊
- အန္တရာယ် ကျရောက်နေသည့် အရှေ့တောင်အာရှ မျိုးစိတ်များအား အမဲလိုက်ဖမ်းဆီးခြင်းနှင့် ကုန်သွယ်ခြင်းကို လျှော့ချရာတွင် ကူညီရန်၊
- ဥရောပ စားသုံးသူများ၏ အလေ့အထက ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အပြုသဘော သက်ရောက်နိုင်မှုအား သရုပ်ဖော်ပြသပြီး ယင်းအလေ့အထများကို လွှမ်းမိုး လှုံ့ဆော်ရန်၊
Balcombe Charitable Trust - ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကျန်းမာရေးနှင့် ဖူလုံရေးတို့ဆိုင်ရာ စီမံကိန်းများအား ဆောင်ရွက်နေသည့် UK မှ ကုသိုလ်ဖြစ် အဖွဲ့အစည်းများအတွက် ရန်ပုံငွေ ချထားပေးသော ရန်ပုံငွေ ထိန်းသိမ်းရေးအဖွဲ့ ဖြစ်သည်။