The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
သဘာ၀သဟဇာတ အခြေခံအဆောက်အအုံ
လုပ်ငန်းအစီအစဉ်
အရေးပါရသလဲ။
လာမည့်နှစ်ပေါင်း ၂၀ အတွင်း အရှည်ကီလိုမီတာ ၃၄,၄၀၀ ရှိ လမ်းများဖောက်လုပ်သွားရန် မြန်မာနိုင်ငံအစိုးရက စီစဉ်ထားသည်။ လမ်းများကိုအရေးတကြီးလိုအပ်နေသော်လည်း သင့်တင့်လျောက်ပတ်စွာစီစဉ်ထားခြင်းမရှိ ပါက မြန်မာနိုင်ငံ၏လှပကြီးကျယ်သည့်ရေမြေတောတောင်သဘာ၀များအပြင် ယင်းတို့ကိုမှီခိုနေသောလူများ၊ တောရိုင်းတိရိစ္ဆာန်များကို အကြီးအကျယ်ထိခိုက်ပျက်စီးစေမည်ဖြစ်သည်။ အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ ဤအရေးကြီးသည့်အဆင့်တွင် မြန်မာနိုင်ငံ၏ရင်းနှီးမြုပ်နှံမှုများအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာရေရှည် တည်တံ့နိုင်စွမ်းနှင့်လူမှုရေးတရားမျှတမှုတို့ကိုထည့်သွင်းပေါင်းစပ်ရန်လိုအပ်ပါသည်။ သို့မဟုတ်လျှင် မည်သည့် ရေတိုအကျိုးအမြတ်ထက်မဆိုအပြတ်အသတ်သာလွန်နေသည့် ရေရှည်အကျိုးဆက်များဖြစ်စေမည့်အန္တရာယ် ၎င်းတို့တွင်ရှိနေပါသည်။
ကျွန်ုပ်တို့အနေဖြင့် မိတ်ဖက်များ၊ အစိုးရဌာနဆိုင်ရာများနှင့်လက်တွဲပြီး အခြေခံဆောက်အအုံနှင့် တောရိုင်း တိရိစ္ဆာန်များ၊ သဘာ၀ပတ်ဝန်းကျင်တို့အပေါ် ယင်းတို့၏သက်ရောက်မှုများအပြင် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံနှင့်ဆက်စပ်နေသည့် ဂေဟဗေဒပြဿနာများ၏ကျယ်ပြန့်သောအတိုင်းအတာကို သိရှိအလေးပေးခြင်းနှင့်နားလည်သဘောပေါက်ခြင်းဆိုင်ရာအရေးပါသည့်အချက်အလက်များ ကောက်ယူ ဆန်းစစ်နိုင်ရေးလုပ်ဆောင်နေရုံသာမက အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဆိုင်ရာ အစအဦးဆွေးနွေးပြောဆိုမှု များ၌လည်း ရေရှည်တည်တံ့နိုင်စွမ်းနှင့်ပတ်သက်ပြီးထည့်သွင်းပြောဆိုစေရန် ကူညီလုပ်ဆောင်ပေးနေပါသည်။

မြန်မာနိုင်ငံမှာ ပိုးသားလမ်းမကြီးလိုမျိုး နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေ၊ နယ်စပ်ဖြတ်ကျော် အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ ရေရှည်တည်တံ့တဲ့ အခြေခံအဆောက်အအုံတွေ ဖြစ်ပေါ်လာစေဖို့ လိုအပ်တဲ့ မူဝါဒပိုင်းဆိုင်ရာ အကြံပေးခြင်းကို အဓိကထားလုပ်ဆောင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲသော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ် အတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို ဦးဆောင်ဆောင်ရွက်နေပါတယ်။ အခြေခံအဆောက်အအုံ စီမံကိန်းရေးဆွဲရာမှာ ကွာဟချက်များ ဥပမာ ကြံ့ကြံ့ခံနိုင်ရေးအတွက် စွမ်းရည်မြှင့်တင်ခြင်း၊ ဂေဟစနစ် ဝန်ဆောင်မှုများပေါင်းစည်းရန်လိုအပ်ခြင်း၊ စီမံကိန်းရေးဆွဲရာတွင် တိုးတက်မှုများဖြင့် တင်ပြသည့် အခွင့်အရေးစသည်တို့ကို ကိုင်တွယ်ဖြေရှင်းရန် အာရုံစိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ စီမံကိန်းအကြို အဆင့် များမှာ မရှိမဖြစ် လိုအပ်ဆုံး သတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ရန် ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ၊ ရာသီဥတုနဲ့ လူမှုအကျိုးသက်ရောက်မှုများနှင့် အန္တရာယ်များကို ကြိုတင်မှန်းဆပြီး ရှောင်ရှားရန် အကြီးမားဆုံး အခွင့်အရေးကိုလည်း ထောက်ပံ့ပေးပါတယ်။
၂၁ ရာစုရဲ့ အခြေခံအဆောက်အအုံ စီမံကိန်း ရေးဆွဲခြင်းသည် ဇီဝမျိုးကွဲများကို ထိန်းသိမ်းရန်၊ ကာဗွန် ထုတ်လွှတ်မှုများကို လျှော့ချရန်၊ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရန်နဲ့ ကမ္ဘာတဝန်းရှိ လူသန်းပေါင်းများစွာအား ဆင်းရဲတွင်းမှ လွတ်မြောက်ရန် အတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုအမျိုးမျိုး၊ နိုင်ငံများ၏ ကတိကဝတ်များနဲ့ သိပွံအခြေခံလိုအပ်ချက်များကို ပေါင်းစည်းပေးရန် တစ်ခုတည်းသော အရေးကြီးဆုံး အခွင့်အရေးကို ဖန်တီးပေးပါတယ်။ ရာသီဥတု ပြောင်းလဲမှုကို လိုက်လျောညီထွေရှိစေရန် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုဟာ လူသားတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ စွမ်းရည် ကို ဘယ်လိုချိတ်ဆက်နေတယ်ဆိုတာ အသိအမှတ်ပြုခြင်းအားဖြင့် လူမှုအဖွဲ့အစည်းများနဲ့ အရပ်ဖက်အဖွဲ့အစည်းများက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအား နားလည်သိရှိပုံနည်းလမ်းကို အသွင်ပြောင်းလဲနိုင်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ stakeholders တွေနဲ့ အနီးကပ်အလုပ်လုပ်ခြင်းအားဖြင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမှာ ဇီဝမျိုးကွဲ ထိန်းသိမ်းရေး၊ အားလုံးပါဝင်ပြီး ရာသီဥတုဒဏ် ခံနိုင်သည့် ကဏ္ဍများကို ပေါင်းစည်းရန် ရည်ရွယ်သည့် ရေရှည်တည်တံ့ ခိုင်မြဲသော အခြေခံအဆောက်အအုံ အစီအစဥ် အား အလုံးစုံ အကောင်အထည်ဖော်ရန် ပံ့ပိုးပေးပါတယ်။
လမ်းတံတား မီးရထားစတဲ့ အခြေခံအဆောက်အအုံတွေတိုးချဲ့တည်ဆောက်ရာမှာ စီမံကိန်းရဲ့ အဆင့်တိုင်း အလွှာတိုင်းမှာ၊ ဇီဝမျိုးကွဲစိတ်တွေ၊ တောရိုင်းတိရိစ္ဆာန်တွေ မထိခိုက်အောင်ထိန်းသိမ်းဖို့၊ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ဖို့၊ ပါဝင်သိရှိသင့်သူတိုင်း သိသင့်ဖို့ဆိုတဲ့အချက်တွေ အမြဲတမ်းထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ အခြေခံအဆောက်အအုံတွေ ရေရှည်တည်တံ့စေဖို့ရည်ရွယ်ပြီး အကောင်ထည်ဖော်ဆောင်ရွက်နေရတဲ့အဖွဲ့မှာ ပါဝင်ဆောင်ရွက်ရတာကိုက ဝမ်းသာစရာဖြစ်ပါတယ်။

မြန်မာ့သယ်ယူပို့ဆောင်ရေးစီမံကိန်းများအတွက် သတင်းများသုတေသနနှင့် လေ့လာဆန်းစစ်ခြင်း၊ ဇီဝမျိုးကွဲများ၊ တောရိုင်းတိရိစ္ဆာန်များနှင့် လမ်းတံတား အခြေခံအဆောက်အအုံတို့ကြား ဂေဟစနစ် တည်ဆောက်ခြင်းလုပ်ငန်းစဥ်များမှာ ကူညီဆောင်ရွက်ပေးပါတယ်။
သဘာဝတရားကို ချစ်မြတ်နိုးပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဖို့အတွက် အထူးသဖြင့် အခြေခံအဆောက်အအုံများ တည်ဆောက်တဲ့အခါ သဘာဝအရင်းအနှီးနဲ့ ၄င်း၏ ဂေဟစနစ်အား ရေရှည်တည်တံ့ခိုင်မြဲတဲ့ နည်းလမ်းကို အသုံးပြုပြီး ထိန်းသိမ်းသင့်တယ်လို့ ယုံကြည်ပါတယ်။