What would you like to search for?

WWF ၏ သဘောထား ထုတ်ပြန်ချက်

12 February 2021

WWF အနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်၍ အထူးပင် စိုးရိမ်ပူပန်မိပြီး ငြိမ်းငြိမ်းချမ်းချမ်း ဒီမိုကရေစီ နည်းလမ်းကျစွာ အဖြေရှာနိုင်ရန် မျှော်လင့်ပါသည်။

အင်အား အလွန်အကျွံ အသုံးပြု ဖြေရှင်းခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သတင်းများ ကြားသိရသည့်အတွက်လည်း လူအခွင့်အရေးများကို အလေးထား လိုက်နာသင့်ကြောင်း ထပ်လောင်း တိုက်တွန်း ပြောကြားလိုပါသည်။ WWF အနေဖြင့် မြန်မာနိုင်ငံတွင် မကြာသေးသော်လည်း ခိုင်မာလှသည့် သမိုင်းကြောင်းတစ်ခု တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရေးပါသော ဇီဝမျိုးစုံကြွယ်ဝမှု ရှိပြီး ဒေသအတွင်း သဘာဝနှင့် သဟဇာတဖြစ်စွာ ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်ဦးရွက် ဖြစ်ရန် အလားအလာကောင်းသည့် မြန်မာနိုင်ငံတွင် သဘာဝနဲ့ သဟဇာတဖြစ်၍ ရေရှည်ဖွံ့ဖြိုးသည့် အနာဂတ် တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံသားများအား ဆက်လက် ကူညီသွားမည် ဖြစ်ကြောင်း WWF က ထပ်လောင်း ကတိပြုအပ်ပါသည်။