The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Central Asia
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
PR: လူတို့သုံးစွဲမှုကို ဖြည့်ဆည်းရန် ကမ္ဘာ ၁.၇လုံးရှိမှ လောက်ငှမည်
02 August 2017
Global Footprint Network ၏ နိုင်ငံအလိုက် ထုတ်ပြန်ချက်အရမူ မြန်မာနိုင်ငံသည် သဘာဝ အရင်းအမြစ်နှင့် ဂေဟဝန်ဆောင်မှုများမှ ဖြည့်ဆည်းပေးနိုင်မှုကို လျော့နည်း သုံးစွဲသည့် ကမ္ဘာပေါ်ရှိ နိုင်ငံအနည်းငယ်အနက် ပါဝင်လျက်ရှိပြီး၊ သဘာဝ အရင်းအမြစ် နှင့် ဂေဟဝန်ဆောင်မှုများမှ ဖြည့်ဆည်းပေးနိုင်မှုသည် မြန်မာပြည်သူများ သုံးစွဲမှုထက် ၁၉ ရာခိုင်နှုန်း ပိုမိုနေသေးကြောင်း သိရသည်။
ယနေ့သည် ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ဖြည့်ဆည်းပေးနိုင်မှုထက် သုံးစွဲမှု ကျော်လွန်သွားသည့် နေ့ ဖြစ်ကြောင်း ဂေဟစနစ်အရင်းအမြစ်များအပါ် သက်ရောက်မှုများနှင့် ပတ်သက်၍ တိုင်းတာမှုများ ပြုလုပ်နေသည့် နိုင်ငံတကာ သုတေသန အဖွဲ့အစည်း တစ်ခု ဖြစ်သည့် Global Footprint Network ၏ လေ့လာတွက်ချက်မှုများအရ သိရှိရသည်။ကမ္ဘာ့ဖြည့်ဆည်းပေးနိုင်မှုထက် သုံးစွဲမှု ကျော်လွန်သွားသည့်နေ့ ဆိုသည်မှာ လူသားများ ၏ သဘာဝ အရင်းအမြစ်များကို အသုံးပြုမှုသည် ကမ္ဘာကြီး က တစ်နှစ်စာ အတွက် ထောက်ပံ့ပေးနိုင်သည့် ပမာဏထက် ကျော်လွန် သွားသည့် နေ့ရက်ကို ဆိုလိုခြင်း ဖြစ်သည်။
ယခုနှစ်သည် ကမ္ဘာကြီးက ထောက်ပံ့ပေးသည့် တစ်နှစ်စာ ပမာဏ ကို ၈ လအတွင်း သုံးစွဲလိုက်သည့် စံချိန်တင် နှစ်တစ်နှစ် ဖြစ်ပြီး၊ သြဂုတ်လ ၂ ရက်နေ့ သည် သမိုင်းတစ်လျှောက် အစောဆုံး ကျရောက်သည့် ကမ္ဘာ့ဖြည့်ဆည်းပေးနိုင်မှုထက် သုံးစွဲမှု ကျော်လွန်သွားသည့် နေ့ရက်လည်း ဖြစ်သည်။
၁၉၇၀ ပြည့်နှစ်ဝန်းကျင်မှ စတင်၍ လူသားတို့သည် ကမ္ဘာက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုကျော်လွန် သုံးစွဲခဲ့ကြပြီးနောက် ကမ္ဘာ့ဖြည့်ဆည်းပေးနိုင်မှုထက် သုံးစွဲမှု ကျော်လွန်သွားသည့်နေ့ သည် ၁၉၉၇ ခုနှစ်က စက်တင်ဘာ လကုန်ပိုင်းတွင် ရှိခဲ့သော်လည်း ယခုနှစ်တွင် သြဂုတ်လ ၂ ရက်နေ့အထိ ရှေ့သို့ ရွေ့လာခဲ့သည်။
Global Footprint Network ၏ နိုင်ငံအလိုက် ထုတ်ပြန်ချက်အရမူ မြန်မာနိုင်ငံသည် သဘာဝ အရင်းအမြစ်နှင့် ဂေဟဝန်ဆောင်မှုများမှ ဖြည့်ဆည်းပေးနိုင်မှုကို လျော့နည်း သုံးစွဲသည့် ကမ္ဘာပေါ်ရှိ နိုင်ငံအနည်းငယ်အနက် ပါဝင်လျက်ရှိပြီး၊ သဘာဝ အရင်းအမြစ် နှင့် ဂေဟဝန်ဆောင်မှုများမှ ဖြည့်ဆည်းပေးနိုင်မှုသည် မြန်မာပြည်သူများ သုံးစွဲမှုထက် ၁၉ ရာခိုင်နှုန်း ပိုမိုနေသေးကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ ရေ၊ သစ်တော နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေလိုမျိုး သဘာဝအရင်းအမြစ်တွေ ပြန်လည် ဖြည့်ဆည်းနိုင်တဲ့နှုန်းက တိုင်းပြည်ရဲ့ ဂေဟစနစ်အပေါ် သက်ရောက်မှု ဒါမှမဟုတ် နိုင်ငံရဲ့ လူဦးရေနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေအတွက် မြေနဲ့ ရေ လိုအပ်မှုထက် ပိုများနေပါသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံတွေထဲ က တစ်ခု ဖြစ်ပြီး၊ ဒီရေတော အများအပြား နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဆုံးရှုံးခဲ့ရပါတယ်။ တစ်နည်းပြောရရင် မြန်မာနိုင်ငံရဲ့ သဘာဝ ဓနဥစ္စာ ဘဏ်စာရင်းဟာ စတင် လျော့နည်းလာနေပါပြီ။ ကျွန်မတို့ ကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ဆိုရင် သဘာဝတရားကိုလည်း ကာကွယ်စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝ ဓနဥစ္စာကို ဂရုတစိုက် အသုံးပြုရမှာ ဖြစ်ပြီး၊ အနာဂတ် မျိုးဆက်တွေအတွက်လည်း လုံလုံလောက်လောက် ကျန်ခဲ့အောင် စုဆောင်းပေးသွားရမှာ ဖြစ်ပါတယ်” ဟု WWF-မြန်မာ မှ အစိမ်းရောင် စီးပွားရေး အစီအစဉ် မန်နေဂျာ ဟန်နာ ဟယ်ဆင်ဂန် ကပြောသည်။
ယခုနှစ်အတွက် တွက်ချက်မှုများ အရ လူသားများ၏ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးရန် လိုအပ်သည့် သဘာဝအရင်းအမြစ်နှင့် ဂေဟဝန်ဆောင်မှုသည် ကမ္ဘာ ၁လုံးစာ နှင့် လောက်ငှမှု မရှိဘဲ ၁.၇ လုံး စာခန့် လိုအပ်နေကြောင်း သိရှိရသည်။ တစ်နှစ်တာအတွက် ကမ္ဘာကြီး က ပြန်လည်ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုလိုအပ်သည့် အရင်းအမြစ်များ ကို နောင်လာမည့် မျိုးဆက်များထံမှ ချေးငှားသုံးစွဲနေရသည့် သဘောဖြစ်ပြီး၊ ယင်းအတွက်ကြောင့် ဆိုးကျိုးဖြစ်ပေါ်မှုများသည်လည်း ကမ္ဘာတစ်ဝှမ်း ပိုမိုများပြားလာခဲ့သည်။
သစ်တောပြုန်းတီးမှု၊ မိုးခေါင်ရေရှားဖြစ်မှု၊ ရေချိုရှားပါးလာမှု၊ မြေဆီလွှာ တိုက်စားခံရမှု၊ ဇီဝမျိုးစုံမျိုးကွဲ ရှားပါးလာမှု၊ လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ များပြားလာမှု တို့သည် သဘာဝအရင်းအမြစ်များကို ကမ္ဘာကြီး က ပြန်လည်ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုသုံးစွဲခြင်း ၏ အကျိုးဆက်များ ဖြစ်သည်။
သို့သော်လည်း ဤဖြစ်စဉ်များ ကို ပြောင်းလဲပစ်နိုင်မည့် နည်းလမ်းများလည်း ရှိနေသေးကြောင်း သိရသည်။ အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ကမ္ဘာ့ဖြည့်ဆည်းပေးနိုင်မှုထက် သုံးစွဲမှု ကျော်လွန်သွားသည့်နေ့ အား နှစ်စဉ် ၄.၅ ရက် နောက်သို့ ပြန်ဆုတ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်တွင် လူသားတို့ အသုံးပြုသည့်ပမာဏနှင့် ကမ္ဘာက ဖြည့်ဆည်းပေးနိုင်သည့် ပမာဏ ပြန်လည်ညီမျှသွားမည် ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်း နှစ်စဉ် စားသောက်ဖွယ်များ အလဟဿ ပြုန်းတီးနေမှုကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်ပါက ကမ္ဘာ့ဖြည့်ဆည်းပေးနိုင်မှုထက် သုံးစွဲမှု ကျော်လွန်သွားသည့်နေ့ အား ၁၁ရက် နောကေ့်ရွှနိုင်မည် ဖြစ်ပြီး ကာဘွန်ထုတ်လွှတ်မှု ပမာဏကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်ပါက ၈၉ ရက် နောက်ရွှေ့နိုင်မည် ဖြစ်သည်။
ကျွန်တော်တို့ ကမ္ဘာကြီးက အကန့်အသတ် ရှိပေမယ့် လူသားတွေရဲ့ လိုအင်ဆန္ဒတွေကတော့ မဆုံးနိုင်အောင်ပါပဲ။ ကမ္ဘာတစ်လုံးစာ ရင်းမြစ်အကန့်အသတ်အတွင်း ရှင်သန်နေထိုင်ဖို့က နည်းပညာအရလည်း ဖြစ်နိုင်သလို ဘဏ္ဍာရေးအရလည်း အကျိုးများပြီး သာယာဝပြောတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပါ။ ပြက္ခဒိန်ပေါ်က ကမ္ဘာ့ဖြည့်ဆည်းပေးနိုင်မှုထက် သုံးစွဲမှု ကျော်လွန်တဲ့နေ့ဆိုတာကို နောက်ပြန်ရွှေ့နိုင်ဖို့က ကျွန်တော်တို့အတွက် အလုပ်သင့်ဆုံး ကိစ္စပါပဲ။" ဟု Global Footprint Network ၏ အမှုဆောင်အရာရှိချုပ် မားသစ် ဝက္ကာနေဂယ်က ဆိုသည်။
=== ပြီး ===
အယ်ဒီတာများ သိပါရန် --
ကမ္ဘာ့ဖြည့်ဆည်းပေးနိုင်မှုထက် သုံးစွဲမှု ကျော်လွန်သည့်နေ့နှင့် ပတ်သက်သော အထောက်အကူ ရုပ်ပုံများကို ဤနေရာတွင် ရယူနိုင်ပါသည်။
ကမ္ဘာ့ဖြည့်ဆည်းပေးနိုင်မှုထက် သုံးစွဲမှု ကျော်လွန်သည့်နေ့နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက www.overshootday.org တွင် လေ့လာနိုင်ပါသည်။
အခြား သိလိုသည်များ ရှိပါက ဦးစောလင်းထက်၊ ဆက်သွယ်ဆက်ဆံရေး အရာရှိ၊ WWF-မြန်မာအား sawlinn.htet@wwfgreatermekong.org သို့မဟုတ် ဖုန်းအမှတ် ဝ၁-၂၂၉၃၃၁ သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။
WWF ဆိုသည်မှာ
ကမ္ဘာ့အကြီးဆုံးနှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများအနက် တစ်ခု ဖြစ်ပြီး ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝ ကျော်တွင် ထောက်ခံ အားပေးသူ ၅ သန်းကျော်၏ အကူအညီဖြင့် လည်ပတ် ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ကို အသုံးပြုရန်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေး တိုက်တွန်းခြင်းအားဖြင့် ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန်နှင့် လူသားနှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF ၏ မြန်မာနိုင်ငံအတွင်း လုပ်ငန်း အများအပြားသည် တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို အဓိက အာရုံစိုက်သည်။ WWF ၏ အခြား ဆောင်ရွက်နေမှုများကို သိနိုင်ရန် www.wwf.org.mm တွင် လေ့လာနိုင်ပါသည်။
WWF ၏ အမည်အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့ သားငှက်တိရစ္ဆာန် ရန်ပုံငွေအဖွဲ့ဟု လူသိများပါသည်။)
Global Footprint Network - GFN ဆိုသည်မှာ
Global Footprint Network သည် ကမ္ဘာကြီး ၏ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု မည်သို့ ပြောင်းလဲနေသည်ကို လေ့လာသည့် အဖွဲ့အစည်းဖြစ်သည်။ ကမ္ဘာ့ဖြည့်ဆည်းပေးနိုင်မှုထက် သုံးစွဲမှု ကျော်လွန်သွားသည့်နေ့ နှင့်ပတ်သက်၍ အသိပညာပေးသည့် လှုပ်ရှားမှုများကို Global Footprint Network မှ ဦးဆောင်၍ ၂၀ဝ၆ခုနှစ်မှ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ WWF အနေဖြင့် ၂၀ဝ၇ ခုနှစ်မှ စတင်၍ Global Footprint Network နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။