What would you like to search for?

“ပညာရေး၊ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် ဆေးကုသမှုတို့ကို လျှပ်စစ်စွမ်းအင်က ဆောင်ကြဉ်းပေးသည်”
© Hkun Lat WWF-Myanmar
BAREFOOT
Barefoot စီမံကိန်း

နေစွမ်းအင်သုံး စွမ်းအင်ရရှိရေး နည်းပညာများ မြန်မာ့ကျေးလက်ဒေသများသို့ ထောက်ပံ့ပေးခြင်း

စီမံကိန်းအကြောင်း

ရာသီဥတုနှင့် စွမ်းအင်ဆိုင်ရာ အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ တချို့မှာ နေထိုင်တဲ့ မိသားစုတွေကို အိမ်သုံး နေရောင်ခြည်စွမ်းအင် ဓာတ်အားပေးစနစ်တွေ ထောက်ပံ့နိုင်ဖို့ အိန္ဒိယနိုင်ငံက Barefoot ကောလိပ်နဲ့ မိတ်ဖက်ဖွဲ့၍ လုပ်ဆောင်နေပါပြီ။ နိုင်ငံအဝှမ်းမှာ လျှပ်စစ်မီး ရရှိမှုနှုန်းက အရမ်းကို နည်းနေသေးပြီး ပင်မဓာတ်အားလိုင်း သွယ်တန်းမှုဟာ စျေးကြီးပြီး တပ်ဆင်ဖို့လည်း ခက်ခဲတာကြောင့် နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ပေးခြင်းက ဒေသခံတွေရဲ့ လူမှုဘဝ မြင့်မားရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမှီအခိုကင်းစွာ နေနိုင်ရေးတို့ကိုအထောက်အပံ့ ဖြစ်စေဖို့ အခွင့်အရေးတစ်ရပ်ပါ။ ဒီလိုမျိုး နေရောင်ခြည်စွမ်းအင်သုံးတဲ့ စနစ်က ကျေးရွာ အနီးဝန်းကျင်က သဘာဝပတ်ဝန်းကျင်ကို ဒီဇယ်ဆီသုံး မီးစက်ကြီးတွေ ဘေးမကင်းတဲ့ သက်ရောက်မှုတွေနဲ့ ကျောက်မီးသွေး လောင်စာ ဝယ်လိုအားတွေ ဖြစ်လာမယ့် ဘေးကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ လျှပ်စစ်စွမ်းအင်ရရှိမှု မြှင့်တင်ပေးရုံသာ မဟုတ်ဘဲ Barefoot စီမံကိန်းက နေရောင်ခြည်စွမ်းအင် ဓာတ်အားပေးစနစ်တွေကို တပ်ဆင်ဖို့နဲ့ ထိန်းသိမ်းနိုင်စေဖို့ ဒေသခံ စေတနာ့ဝန်းထမ်း အမျိုးသမီးကြီးတွေကို လေ့ကျင့်ပေးခြင်းဖြင့် အမျိုးသမီးတွေရဲ့ ဘဝကို အားပေး မြှင့်တင်ပေးနိုင်ဖို့လည်း အာရုံစိုက်ပါတယ်။​
ရည်မှန်းချက်များ
ကျေးလက်ဒေသတွေမှာ
နေထိုင်ပြီး ပင်မဓာတ်အားလိုင်း ရောက်ရှိချိတ်ဆက်ထားခြင်း မရှိတဲ့ လူထုအတွက်တော့ နေစွမ်းအားစတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာတွေက အကောင်းဆုံး အဖြေတစ်ခုပါပဲ။ ဗဟိုက ပို့လွှတ်တဲ့ လျှပ်စစ်ဓာတ်အားကို ချိတ်ဆက်ရရှိနိုင်ဖို့ဆိုတာ ကျေးလက်ဒေသတွေအတွက် လေးဖင့်နှေးကွေးလှတာကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာတွေက စွမ်းအင် မလုံလောက်မှုကို အဆုံးသတ်စေပြီး ဒေသခံတွေ ဝင်ငွေတိုးတက်လာဖို့ အထောက်အကူ ဖြစ်စေတဲ့အပြင် ပင်မဓာတ်အားလိုင်း မရောက်ရှိတဲ့ ဒေသမှာ နေထိုင်သူများရဲ့ လက်ထဲကို လုပ်ပိုင်ခွင့်တွေ ပိုမို ရရှိအောင် လုပ်ဆောင်ပေးနိုင်မယ့် အလားအလာ ရှိပါတယ်။
Barefoot ကောလိပ်က
စာမတတ်တဲ့ ဒါမှမဟုတ် သေစာရှင်စာမျှသာတတ်တဲ့ အမျိုးသမီးတွေရဲ့ ဘဝကို အားပေးမြှင့်တင်ပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ အိန္ဒိယက ကောလိပ်မှာ ခြောက်လကြာ သင်တန်းတက်ပြီးရင်တော့ ထိုအမျိုးသမီးတွေဟာ အရင်က ဒီဇယ်မီးစက်တွေ လည်ပတ်သုံးစွဲဖို့ စုဆောင်းခဲ့ရတဲ့ စုပေါင်းရန်ပုံငွေကို အသုံးပြုပြီး သူတို့ရဲ့ ကျေးလက်လူထုက တည်ထောင်ပေးထားတဲ့ အလုပ်ရုံကို ပြန်ရပါတယ်။ ဒီရန်ပုံငွေကနေပဲ အိမ်သုံးနေရောင်ခြည်စွမ်းအားယူနစ်ကို အသုံးပြုနိုင် ပြုပြင်နိုင်ပြီး ထိန်းသိမ်းနိုင်တဲ့ တစ်ဦးသောသူတွေ ဖြစ်သလို ကျေးရွာအတွက် အဖိုးမဖြတ်နိုင်တဲ့ ဒီအမျိုးသမီးကြီးတွေကို လစာပေးဖို့အတွက်လည်း သုံးရပါတယ်။
လူထုအခြေပြုအဖွဲ့အစည်းတွေဟာ
ပြည်သူလူထုကို သူတို့ရဲ့အခွင့်အရေးတွေ တောင်းဆိုလာနိုင်အောင် ကူညီပေးခြင်းနှင့် အခွင့်အရေးကို အခြေခံတဲ့ ချည်းကပ်နီးတွေကို တိုးတက်အောင် လုပ်ဆောင်တဲ့ နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါ၀င်ကြပါတယ်။ ဒီအဖွဲ့အစည်းတွေက ပြည်သူလူထုအပေါ် အကျိုးသက်ရောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒတွေ ပုံဖော်ရာမှာနဲ့ ဒီမူဝါဒတွေ လက်တွေ့ အကောင်အထည်ဖော်မှုကို စောင့်ကြည့်အကဲခတ်ဖို့ မိတ်ဖက်ဖွဲ့ လုပ်ဆောင်မှုတွေမှာ ပူးပေါင်း ပါဝင်ကြပါတယ်။ မြန်မာနိုင်ငံက နိုင်ငံအတွင်း နေထိုင်သူတွေ အားလုံးအတွက် သာတူညီမျှမှုရှိပြီး ဘက်မျှတဲ့ တိုးတက်မှု ဖြစ်စေချင်ရင်တော့ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်ဖွဲ့ လုပ်ဆောင်မှု အားကောင်းဖို့က အရေးကြီးလှပါတယ်။
မှတ်တိုင်များ
၂၀၁၇ စက်တင်ဘာလမှာ
အမျိုးသမီးကြီး ၅ ယောက်ကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်
၂၀၁၇ ဒီဇင်ဘာလမှာ
အိမ်ထောင်စုပေါင်း ၂၃၅ စုကို လျှပ်စစ်အလင်းရောင် ရရှိအောင် လုပ်ဆောင်ပေးခဲ့ပါတယ်
၂၀၁၈ စက်တင်ဘာလမှာ
နောက်ထပ် အမျိုးသမီးကြီး ၁၅ ယောက်ကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်
၂၀၁၈ နို၀င်ဘာလမှာ
အိမ်ထောင်စုပေါင်း ၁၀၀၀ ကို လျှပ်စစ်အလင်းရောင် ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်
null
အရင်းအမြစ်များ
ဂေဟရုပ်စုံ