What would you like to search for?

“ရည်ရွယ်ချက်က နောင်လာနောင်သားတွေအတွက်
သစ်တောတွေကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။”
© Chit Ko WWF-Myanmar
သစ်တောများကို ကြီးကြပ်စီမံသူများ
သစ်တောများကို ကြီးကြပ်စီမံသူများ

နေထိုင်ရာ ဇာတိမြေရဲ့ အနာဂတ်အတွက် ကျေးရွာအစုအဖွဲ့ပိုင် သစ်တောတွေကနေတဆင့် ဒေသခံတွေကို ပါဝင် ဆုံးဖြတ်လုပ်ကိုင်ခွင့် ပေးအပ်နေပါတယ်။

ဒေါန-တနင်္သာရီဒေသ တစ်လျှောက်က ဒေသခံပြည်သူတွေဟာ သူတို့ရဲ့ အသက်မွေး ဝမ်းကျောင်းမှုအတွက် သစ်တောတွေနဲ့ မြစ်ချောင်းတွေအပေါ် အရင်ကတည်းက မှီခိုနေထိုင် နေကြရပါတယ်။ ကျွန်တော်တို့ရဲ့ သစ်တောဆိုင်ရာအစီအစဉ်တွေထဲက ဒီစီမံကိန်းဟာ ဒေါန-တနင်္သာရီဒေသကို အမှီပြု နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ လက်ထဲကို မြေယာအသုံးချမှု စီမံနိုင်တဲ့ လုံခြုံမှုနဲ့ လုပ်ပိုင်ခွင့်ကို ယူဆောင် ပေးဖို့ ဖြစ်ပါတယ်။ တာဝန်သိတာဝန်ခံမှုရှိတဲ့ သီးနှံသစ်တော ရောနှောစိုက်ပျိုးရေး နည်းလမ်းတွေက ဒေသခံပြည်သူတွေကို သစ်တော ပြန်လည်ထူထောင်နိုင်အောင်၊ သူတို့တွေရဲ့ ဝင်ငွေရလမ်းနဲ့ အစားအစာ အရင်းမြစ်တွေကို ကာကွယ်ပေးဖို့အတွက် ကူညီပေးသွားမှာပါ။ ဒါ့အပြင် သူတို့တွေရဲ့ အသိပညာ ဗဟုသုတတွေကို တခြားမိသားစုတွေနဲ့ ရွာတွေမှာပါ ဝေမျှနိုင်စွမ်းရှိအောင် လုပ်ဆောင်ပေးသွားမှာပါ။

စီမံကိန်းက ဒေသခံရပ်ရွာလူထုတွေ သူတို့ဇာတိမြေရဲ့ ရှေ့ရေးနဲ့ပတ်သတ်ပြီး ပါဝင် ပြောဆိုစေနိုင်ဖို့ ရည်ရွယ်ပါတယ်။ စီမံကိန်း လုပ်ငန်းစဉ်တွေမှာလည်း ရပ်ရွာကိုယ်စားပြုတွေအနေနဲ့ တခြားတာဝန်ရှိသူတွေနဲ့အတူ ပါဝင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်မာ သေချာစေပြီး အဲဒီ ဆုံးဖြတ်ချက်တွေက ကိုယ်စားလှယ်တွေ ကိုယ်တိုင်နဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် လူမှုရေး၊ ဂေဟဗေဒနဲ့ စီပွားရေးအရပါ အကျိုးရှိရှိ သက်ရောက်မှု ရှိနိုင်မှာပါ။

စိုက်ပျိုးရေးကို မှီခိုနေတဲ့ ရပ်ရွာလူထုတွေအတွက် ရာသီဥတုနဲ့သက်ဆိုင်တဲ့ ဘေးဒုက္ခတွေက ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတွေပါ။ ဒီစီမံကိန်းကတော့ ရပ်ရွာလူထုကို ဒီလို ဘေးဒုက္ခတွေမှာ ပိုပြီး ကြံကြံခိုင်နိုင်အောင် ပံ့ပိုးပေးသွားမှာပါ။ ထုတ်လုပ်သူအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု ရှိတာတွေကလည်း ဒေသခံတွေကို ဈေးကွက်တွေ၊ အသေးစားချေးငွေအစီအစဉ်တွေနဲ့ ချိတ်ဆက်ပေးသွားမှာပါ။

ရည်မှန်းချက်များ
တနင်္သာရီ တိုင်းဒေသကြီးအတွင်း အနည်းဆုံး နေရာဒေသ ၁၀ ခုမှ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းမှုကို အဆင့်မြှင့်တင်နိုင်ပြီး ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကြံကြံခံနိုင်ရန်။
အစိုးရအဖွဲ့အစည်းများအနေဖြင့် ဒေသခံလူထုအား သစ်တောများအား ကြီးကြပ်စီမံသူများအဖြစ် အသိအမှတ် ပြုလာရန်။
ဒေသခံများအနေဖြင့် သစ်တောများ၏ ဂေဟစနစ်နဲ့ ကြံ့ခိုင်မှုကို အနာဂတ်မျိုးဆက်သစ်များအတွက် ရည်ရွယ်၍ အင်တိုက်အားတိုက် စီမံထိန်းသိမ်းလာကြစေရန်။
မှတ်တိုင်များ
၂၀၁၇ တွင်
ကျေးရွာအစုအဖွဲ့ပိုင်သစ်တော ဧရိယာ ၁၇၄ ဟက်တာကို ရှေ့ပြေးစီမံကိန်းအဖြစ် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့
၂၀၁၈ တွင်
သစ်တောမြေ အသုံးချမှုဆိုင်ရာ မျှော်မှန်းချက် ပြုစုပြီး သစ်တော ပြန်လည်တည်ထောင်မှုကို ရှေ့ပြေးအဆင့် ဆောင်ရွက်ရန်။
၂၀၁၈ တွင်
ကျေးရွာဒေသ ၁၀ ခု၏ မြေပိုင်ဆိုင်ခွင့်နှင့် သဘာဝသယံဇာတ အသုံးပြုမှုဆိုင်ရာ အခွင့်အရေးများအား တရားဝင် အသိအမှတ်ပြုနိုင်ရေး အဆိုပြုတင်ပြနိုင်ရန်
၂၀၂၀ တွင်
ဒေသခံလူထုအတွက် သဘာဝသယံဇာတ စီမံခန်ခွဲမှုမှ ရရှိလာသည့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအား ပိုမိုခိုင်မာစေရေး ဆောင်ရွက်ရန်။
© Hkun Lat WWF-Myanmar
အရင်းအမြစ်များ