The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
- France
အခွင့်အလမ်းများမျှဝေခြင်း နှင့် စိတ်ဝင်စားမှုများ ပေါင်းစုံခြင်း

© Tha Bar Wa project
သဘာဝစီမံကိန်း က “စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများအတွက် စွမ်းအင်ခြိုးခြံမှုဆိုင်ရာ အသိပညာမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကို ဇွန်လ ၁၄ရက်နေ့၌ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI)တွင် ကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။ ကြာဆံ၊နှမ်း၊ ဆန်စက်၊ အသီးယိုစုံ၊ သောက်ရေသန့်၊ မုန့်နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများမှ စီးပွားရေးလုပ်ငန်းရှင်များပါဝင်ခဲ့သည်။ တက်ရောက်လာသူများက သဘာဝစီမံကိန်း၏ စွမ်းအင်ခြိုးခြံမှုနှင့် သက်ဆိုင်သော လုပ်ဆောင်မှုများကို အထူးစိတ်ဝင်စားခဲ့သည်။

© Tha Bar Wa project
Red Dragon ကြာဆံစက်ရုံ၏ ပိုင်ရှင် ဦးတင်ဝင်းက သဘာဝ စီမံကိန်း၏ အကူအညီဖြင့် သူ့ စက်ရုံအတွက် ရေဆိုးသန့်စင် စွန့်ထုတ်မှုဒီဇိုင်းကို အပြီးသတ်ရန် စိတ်ပါဝင်စားမှု ရှိသူဖြစ်သည်။ သူက သန့်စင်ထုတ်လုပ်မှုဆိုင်ရာ အလေ့အကျင့်၊ ရေဆိုးစွန့်ထုတ်မှုဆိုင်ရာနည်းလမ်းများနှင့် ရေဆိုးစွန့်ထုတ်မှုစက်ရုံဒီဇိုင်းရေးဆွဲခြင်း အစရှိသည့် သဘာဝ စီမံကိန်းမှ ကျင်းပပြုလုပ်သော သင်တန်းများကို တက်ရောက်ခဲ့ပြီးဖြစ်သည်။

© Tha Bar Wa project
စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများမှ အမျိုးသားလုပ်ငန်းရှင်များသာမက အဆိုပါလုပ်ငန်းများ၏ လိုအပ်သည့် ကုန်ပစ္စည်းများ ထောက်ပံသည့် လုပ်ငန်းများမှ အမျိုးသမီးများလည်း အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။ Myanmar Chemical Martမှ ဒါရိုက်တာဖြစ်သူ ဒေါ်သရဖီသိမ့်နှင့် ဆွေမျိုးမေ့ ယိုစုံလုပ်ငန်းမှ Accounting Manager ဒေါ်ခင်ချိုသက်တို့ တက်ရောက်ပါဝင်ခဲ့သည်။ သူတို့အနေဖြင့် စွမ်းအင်ခြိုးခြံမှုဆိုင်ရာ အကြောင်းအရာများကို သက်ဆိုင်ရာ စက်ရုံကွန်ရက်အတွင်းပြန်လည်မျှဝေရန် စိတ်အားထက်သန်ခဲ့သည်။

© Tha Bar Wa project
မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယ ဥက္ကဌ ဦးစိန်သောင်းဦးမှ သဘာဝစီမံကိန်း၏ လက်ရှိနှင့် စီစဥ်ထားသည့် လှုပ်ရှားမှုများ အကြောင်းနှင့် စားသောက်ကုန်နှင့် အဖျော်ယမကာ စက်မှုလုပ်ငန်းအတွင်းဆွေးနွေးနေသည့် မူဝါဒများအကြောင်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုများ အကြောင်းရှင်းပြခဲ့သည်။ တက်ရောက်လာသူများမှမေးမြန်းသည်များကို ပြန်လည်ဖြေကြားခဲ့သည်။

© Tha Bar Wa project
နှမ်းကြိတ်ခွဲစက်ရုံ၏ပိုင်ရှင်ဖြစ်သူ ဦးဝင်းဖေကလည်း သဘာဝစီမံကိန်းကို သူ့စက်ရုံသို့ စွမ်းအင်သုံးစွဲမှုနှင့် ပတ်သတ်ပြီး လာရောက် အကဲဖြတ်ပေးရန် တောင်းဆိုထားပါသည်။

© Tha Bar Wa project
ဧရာဝတီတိုင်းဒေသကြီးမော်ကျွန်းမြို့နယ်မှလည်း အလုပ်ရုံဆွေးနွေးပွဲသို့ လာရောက်တက်ရောက်သူနှစ်ဦးရှိသည်။ သဘာဝစီမံကိန်းအား သူတို့၏ ဆန်စက်သို့ ရေဆိုးသန့်စင်စွန့်ထုတ်မှုနှင့် စွမ်းအင်ခြိုးခြံချွေတာမှု အကဲဖြတ်စစ်ဆေးပေးရန်လည်းတောင်းဆိုထားသည်။

© Tha Bar Wa project
သဘာဝစီမံကိန်း၏ မန်နေဂျာ အူဂျွယ်ဖိုခရယ်လ်မှ စီမံကိန်းအကြောင်း အသေးစိတ်နှင့် စက်မှုလုပ်ငန်းများအတွက် သန့်စင်ကုန်ထုတ်လုပ်မှုဆိုင်ရာ အလေ့အကျင့်ဆိုင်ရာ အခွင့်အလမ်းများကို ရှင်းပြခဲ့သည်။

© Tha Bar Wa project
သဘာဝစီမံကိန်း၏ သန့်စင်ထုတ်လုပ်မှုဆိုင်ရာ အရာရှိ ဒေါက်တာ မူမူဌေးမှ စွမ်းအင်ခြိုးခြံမှုအကြောင်းကို လက်တွေ့ စီးပွားရေး လုပ်ငန်းအတွေ့အကြုံများအသုံးပြု၍ ရှင်းပြခဲ့ပါသည်။

© Tha Bar Wa project
ဟောင်ကောင်ကြာဆံစက်ရုံမှ စက်ရုံမှူး ဦးမင်းဇော်ဦးက ပြီးခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများမှ ရရှိခဲ့သော စွမ်းအင်ခြိုးခြံချွေတာမှုနှင့် ရေချွေတာသုံးစွဲမှုတို့နှင့် ပတ်သတ်သော အတွေ့အကြုံများကို ယခု အလုပ်ရုံဆွေးနွေးပွဲတွင် မျှဝေခဲ့သည်။ သူက သဘာဝစီမံကိန်းမှ သင်ကြားပို့ချခဲ့သော သင်တန်းများကို တက်ရောက်ဖူးသူတစ်ဦးလည်းဖြစ်သည်။ ဒေါက်တာမူမူဌေးသင်ကြားခဲ့သော သင်တန်းတစ်ခုဖြစ်သည့် စက်မှုဇုံများသို့သွား၍ ရေဆိုးစွန့်ပစ်မှုကို စမ်းသပ်သည့် ကိရိယာများ အသုံးပြုရသည့် သင်တန်းကိုလည်း ကြိုက်နှစ်သက်သည်ဟု မှတ်မှတ်ရရပြောပြခဲ့သည်။
MORE FROM THE FIELD