The WWF is run at a local level by the following offices...
တောရိုင်းတိရစ္ဆာန်များ
မြန်မာ့သစ်တောတွေနဲ့ မြစ်တွေမှာ သားငှက်တို့ရဲ့ အသံများ ဆိတ်သုဉ်းလာနေပါပြီ။ တိရစ္ဆာန်တွေဟာလည်း နည်းပါး ပျောက်ကွယ်လာပြီ ဖြစ်ပါတယ်။ သူတို့မှီတင်း နေထိုင်ရာနေရာတွေဟာ လမ်းနဲ့ စိုက်ခင်းတွေအတွက် ရှင်းလင်တာ ခံနေရပါတယ်။ တိရစ္ဆာန်တွေဟာလည်း သတ်ဖြတ်ခံနေရပြီး သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေဟာလည်း တရားမဝင်စျေးကွက်မှာ ရောင်းချခံနေရပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ သူ့ရဲ့ တောရိုင်းဆင်တွေကို လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ဆုံးရှုံးရနိုင်ပါတယ်။”
ဥပဒေနဲ့ ဆန့်ကျင်တဲ့ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေ အားကောင်း လာတာနဲ့အမျှ မြန်မာနိုင်ငံမှာ တရားမဝင် ဖမ်းဆီးသတ်ဖြတ်တာတွေ ပေါများနေပါတယ်။ ၂၀၁၇ မှာ ဆင်တွေကို အုပ်စုလိုက် အရေခွံဆုတ်ခွာခဲ့တာတွေအပြင် တရားမဝင် ဖမ်းဆီးသတ်ဖြတ်တာတွေ အမြင့်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ ဒီလိုသာ ဆက်ဖြစ်နေရင်တော့ မြန်မာ့ တောရိုင်းတိရစ္ဆာန်တွေကို နှစ်အနည်းငယ်အတွင်းမှာ ဆုံးရှုံးလိုက်ရနိုင်ပါတယ်။
“လမ်းတွေဟာ တောရိုင်းတိရစ္ဆာန်တွေရဲ့ ကျက်စားနေထိုင်ရာဒေသတွေကို ပျက်စီးစေပြီး အမဲလိုက်သတ်ဖြတ်သူတွေအတွက် ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးသလို ဖြစ်နေပါတယ်။
“ဆင်တွေ မှီတင်းနေထိုင်ရာ နေရာ ကျဥ်းမြောင်းလာပြီး လူသားဦးရေ တိုးလာတာနဲ့အမျှ ဒီမျိုးနွယ်စုနှစ်စုဟာ တစ်စုနဲ့ တစ်စု ပိုပြီး နီးနီးကပ်ကပ်နေထိုင်ဖို့ ဖြစ်လာရပါတယ်။”
တောရိုင်းတိရစ္ဆာန်တွေကို ကယ်တင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ကျွန်တော်တို့ရဲ့ စီမံကိန်းတွေအကြောင်း ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
“ဒီလှုံ့ဆော်မှုအစီအစဉ်က မြန်မာနိုင်ငံရဲ့ ဆင်တွေ အမဲလိုက်သတ်ဖြတ်ခံရမှု ပြဿနာကို တုံ့ပြန်ဖို့ ဖြစ်ပါတယ်။”
မိုမိုတို့အတွက် ရင်တွင်းစကားသံက စက္ကူဆင်ရုပ်ကြီး ခုနစ်ရုပ်နဲ့ ကဏ္ဍအသီးသီးက များစွာသော ပံ့ပိုးကူညီမှုတွေကြောင့် မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု ပပျောက်ရေးက အကောင်အထည် ပေါ်လာပါပြီ။ မြန်မာနိုင်ငံက အခုဆိုရင် တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုကို အရေးယူနိုင်မယ့် ထိရောက်တဲ့ ဥပဒေရယ် ပြစ်ဒဏ်တွေရယ် ရှိနေပြီး အဓိက ရောင်းဝယ်ဖောက်ကားနေတဲ့ ဈေးကွက် တွေလည်း တဖြည်းဖြည်း လျော့နည်းလာပါပြီ။
read more
“ဒေသတွင်းက ကျားတွေရဲ့ နောက်ဆုံး ခိုလှုံရာကို ကယ်တင်ခြင်း”
တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး ရှေ့တန်းမျက်နှာစာမှ ထိန်းသိမ်းရေး ကင်းလှည့်ဝန်ထမ်းများအား လေ့ကျင့် သင်ကြားပေးခြင်း
ကျွန်တော်တို့ နေထိုင်ရာနေရာကို ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရစ်တဲ့ ကျားတွေ၊ ဆင်တွေနဲ့အတူ ခွဲဝေနေထိုင်ကြပါတယ်။ အတူကြိုးပမ်းကြရင် မြန်မာဟာ ဒီတိရစ္ဆာန်တွေအတွက် လုံခြုံတဲ့ နိဗ္ဗာန်ဘုံ ဖြစ်လာနိုင်ပါတယ်
ဒီရည်မှန်းချက်တွေကို အခြေတည်ပြီး လုပ်ဆောင်တဲ့အဖွဲ့ နှစ်ဖွဲ့ရှိပါတယ်။ အဲဒါကတော့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့နဲ့ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အဖွဲ့တို့ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေက အစိုးရနဲ့ကော တခြားအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ကုန်သွယ်မှုတွေကို ပပျောက်အောင်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို လက်တွေ့ကျကျ ကာကွယ်ပေးသွားဖို့ပါ။