The WWF is run at a local level by the following offices...
ပြောင်းလဲပစ်နေပါသည်။"
သစ်တောတွေဟာ ကမ္ဘာပေါ်က မျိုးစိတ်ပေါင်း ၁၀ ပုံ ၈ ပုံနဲ့ လူပေါင်း သန်း ၃၀၀ ရဲ့ အိမ် ဖြစ်ပါတယ်။ ကမ္ဘာမြေ အတွက်တော့ အင်ဂျင်နဲ့ အဆုတ်တွေလည်း ဖြစ်ပါတယ်။ သူတို့က ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းညှိပေးသလို ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေကနေလည်း ကာကွယ်ပေးပြီး မိုးရွာသွန်းမှုကိုလည်း ဖြစ်ပေါ်စေကာ သန့်စင်တဲ့ရေ ရအောင်လည်း သန့်စင်ပေးပါတယ်။ ပြီးတော့ စားနပ်ရိက္ခာနဲ့ အာဟာရဓာတ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် ဒီသစ်တောတွေနဲ့ သူတို့ ပေါက်ရောက်ရာ မြေနေရာတွေကို လိုချင်သူ များနေပါတယ်။ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ဘောလုံးကွင်း တစ်ကွင်းစာ အကျယ်ရှိတဲ့ သစ်တောတွေ ဖျက်စီးခံနေရပါတယ်။ အဲဒီနေရာတွေမှာ သတ္တုတူးဖော်တာ၊ ကောက်ပဲသီးနှံ စိုက်ပျိုးဖို့၊ ကျွဲနွားတွေအတွက် စားကျက်မြေတွေလုပ်ဖို့သာမက အဆောက်အအုံ တည်ဆောက်တာတွေပါ လုပ်လာကြပါတယ်။ မြန်မာနိုင်ငံက အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကျယ်ပြန့်ပြီး နဂိုအတိုင်း မပျက်မဆီးကျန်ရှိတဲ့ သစ်တောနယ်မြေ အတော်များများ ရှိနေသေးတာမှန်ပေမယ့် သစ်တောပြုန်းတီးမှုနှုန်းကလည်း ကမ္ဘာပေါ်မှာ အမြင့်ဆုံး စာရင်းဝင် ဖြစ်နေပါတယ်။ ၁၉၇၃ ခုနှစ်ကစလို့ ယနေ့ထိ မြန်မာ့ သစ်တောတွေရဲ့ လေးပုံ တစ်ပုံဟာ ပြုန်းတီးသွားခဲ့ပါပြီ။ ဒါ့ကြောင့်လည်း မြန်မာဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုကို အဆိုးဆုံး ခံစားရတဲ့ ကမ္ဘာနိုင်ငံတစ်ခု ဖြစ်နေတယ် ဆိုတာကို ပိုပြီးတော့ သတိထားမိစေပါတယ်။ မြန်မာပြည်သူအားလုံး ဆက်လက်ရှင်သန်နိုင်ဖို့က ဒီရေတောတွေ အပါအဝင် သစ်တောတွေကို ကာကွယ် စောင့်ရှောက်တဲ့ အပေါ်မှာ တည်မှီနေပါတယ်။
ကျွန်တော်တို့က ဒေသခံအစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ အတူ မိတ်ဖက်ဖွဲ့ပြီး အလွန်အရေးပါတဲ့ ဒေါန-တနင်္သာရီ ထိန်းသိမ်းရေးဦးစားပေး ဒေသမှာ သစ်တော ပြုန်းတီးမှုနှုန်းကို လျှော့ချခြင်းအားဖြင့် အဖိုးမဖြတ်နိုင်တဲ့ ဂေဟစနစ်ကို ကာကွယ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ယနေ့အချိန်ထိ ကျေးရွာ အစုအဖွဲ့ပိုင် သစ်တောပေါင်း ၇၀၀၀ ဟက်တာကို တည်ထောင်နိုင်ခဲ့ပြီး သစ်တော ပြုန်းတီးရတဲ့ အကြောင်းအရင်ထဲမှာ ရာဘာ စိုက်ပျိုးထုတ်လုပ်မှုက ပါဝင်ပတ်သက်နေတာ မရှိတော့လေအောင် ရေရှည်တည်တံ့ အကျိုးရှိတဲ့ ရာဘာကုန်ထုတ်စက်ဝန်း စီမံကိန်းကို စတင် လုပ်ဆောင်နေခဲ့ပါတယ်။
ကျွန်တော်တို့တွေ ပိုပြီး ရေရှည်တည်တံ့တဲ့ လမ်းကြောင်းကို ခပ်မြန်မြန် မလျှောက်လှမ်းနိုင်ရင် မြန်မာနိုင်ငံရဲ့ ကျန်ရှိနေသေးတဲ့ သစ်တောတွေရဲ့ သုံးပုံတစ်ပုံဟာ နောင်နှစ်ပေါင်း ၃၀ အတွင်း ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့သာ အခုချက်ချင်း လုပ်ဆောင်ကြမယ်ဆိုရင် မြန်မာနိုင်ငံက မျိုးသုဉ်းတော့မယ့် မျိုးစိတ်တွေအတွက် သန့်ရှင်းတဲ့ သစ်တော တည်နေရာအဖြစ် ကြွားဝါးနိုင်မယ့် ကမ္ဘာပေါ်မှာ ကျန်ရှိနေသေးတဲ့ အဖိုးတန် နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတု ပြောင်းလဲတာကို ကမ္ဘာနဲ့ အဝှမ်း ရင်ဆိုင်တိုက်မယ့် အဓိကကဏ္ဍက ပါဝင်နိုင်မှာ ဖြစ်ပါတယ်။