What would you like to search for?

"ရေအသက် တစ်မနက်"
© Min Zayar Oo WWF-Myanmar
ရေချိုအရင်းအမြစ်ဆိုင်ရာအစီအစဉ်
ရေချိုအရင်းအမြစ်ဆိုင်ရာအစီအစဉ်

ရေဆိုတာ ကမ္ဘာမြေပေါ်က အဖိုးအတန်ဆုံး သယံဇာတတွေထဲက တစ်ခု ဖြစ်ပါတယ်။ သက်ရှိလောက အားလုံး ဆက်လက် ရှင်သန်နေနိုင်ဖို့က ရေအပေါ်မှာ မူတည်နေပါတယ်။ ဒါပေမဲ့ ၁ ရာခိုင်နှုန်းသာလျှင် လတ်ဆတ် သန့်စင်စွာ သုံးစွဲနိုင်တာပါ။ အဲဒီ ၁ ရာခိုင်နှုန်းလေးက ရာသီဥတု ပြောင်းလဲမှုနဲ့ လူဦးရေ တိုးပွားလာမှုတွေကစလို့ ရေအားလျှပ်စစ်ဆည်များ၊ လေထုညစ်ညမ်းမှုနှင့် သတ္တုတူးဖော်မှု၊ ငါးအလွန်အကြူး ဖမ်းဆီးမှုအထိ ဖိအားပေး ခြိမ်းခြောက်မှု မြောက်မြားစွာနဲ့ ရင်ဆိုင်နေရပါတယ်။

ကျွန်တော်တို့က ကမ္ဘာ့ရဲ့ အရေးကြီးတဲ့ မြစ်တွေထဲက တစ်ချို့ မြစ်တွေရဲ့ နိဂုံးကို တွေ့ကြုံ မြင်တွေ့ပြီး ဖြစ်ပေးမယ် မြန်မာနိုင်ငံကတော့ နဂိုအတိုင်း သဘာဝမပျက် ရှိသေးတဲ့ ရေချိုဂေဟစနစ်ကို လက်ဝယ် ပိုင်ဆိုင်ထားပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ သိပ်နောက်မကျခင်မှာ ဒီနိုင်ငံရဲ့ အသက် သွေးကြောတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်ဖို့က တကယ်ကို အရေးပါပါတယ်။

ကျွန်တော်တို့ရဲ့ လုပ်ဆောင်နေမှုများ

မြန်မာ့ မြစ်ကြောင်းစနစ်တွေထဲက တိရစ္ဆာန် မျိုးစိတ်တွေနဲ့ သူတို့ရဲ့ နေရင်းဒေသတွေကို ထိန်းသိမ်း ကာကွယ်တာအပြင် မြစ်အပေါ်မှာ မှီခိုနေတဲ့သူတွေ အားလုံး မြစ်ရဲ့ စစ်မှန်တဲ့တန်ဖိုးကို လက်တွေ့ မြင်သာစေဖို့အတွက် လုပ်ဆောင်နေပါတယ်။ ပုဂ္ဂလိကကဏ္ဍရဲ့ လုပ်ဆောင်မှုတွေ တိုးတက်လာဖို့အတွက် စေ့စပ်ညှိနှိုင်းခြင်း၊ တရားမဝင် လှုပ်ရှားမှုများ နှိမ်နင်းနိုင်ရန်အတွက် အစိုးရကို ကူညီပေးခြင်းနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ရေရှည် တည်တံ့ခိုင်မြဲကြောင်း သေချာစေရန် သူတို့နဲ့အတူ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

ကမ္ဘာ့အရှည်ဆုံးမြစ် ၁၇၇ စင်းထဲက အနည်းငယ်သော မြစ်တွေသာ လွတ်လပ်စွာ စီးဆင်းလျှက် ကျန်ရှိပြီး မြန်မာက သူတို့ထဲက တစ်ခု တည်ရှိရာ နိုင်ငံဖြစ်ပါတယ်၊ အဲဒါကတော့ အံ့မခန်းတဲ့ မြစ်မင်း ဧရာဝတီပါပဲ။ ဒီမြစ်ကြီးက ကမ္ဘာပေါ်က ဘယ်နေရာမှာမှ မမြင်တွေ့နိုင်တဲ့ မျိုးစိတ်တွေရဲ့ အိမ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းရဲ့ အဓိက အချက်အချာနေရာမှာ ရှိနေပါတယ်။ ဒီမြစ်ကြီး ကောင်းမွန်စွာ စီးဆင်းနေနိုင်မှုက ကျွန်တော်တို့ အားလုံးရဲ့ အကျိုးစီးပွားအဖြစ် ရှိနေပါတယ်။

အရင်းအမြစ်များ
ရေချိုအရင်းအမြစ်ဆိုင်ရာအစီအစဉ်
ဗီဒီယိုများ