What would you like to search for?

"သဘာဝတရားရဲ့ စစ်မှန်တဲ့ တန်ဖိုးကို သိပါသလား"
© WWF Myanmar
အစိမ်းရောင်စီးပွားရေးအစီအစဉ်
အစိမ်းရောင်စီးပွားရေးအစီအစဉ်

ကမ္ဘာအဝှမ်းမှာ ဖွံ့ဖြိုးပြီးရော ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ စီးပွားရေး တိုးတက်လာမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးကြားမှာ ဟန်ချက်ညီမှုရှိအောင် ရုန်းကန်နေရပါတယ်။ ကျွန်တော်တို့တွေက ရေရှည် အကျိုးဆက်ကို အနည်းငယ်သာ ထည့်သွင်းစဉ်းစားပြီး စီးပွားရေးတိုးတက်မှုနှုန်း မြန်အောင် ထောက်ပံ့ပေးဖို့အတွက် သဘာဝ သယံဇာတတွေကို အလွန်အကြူးအသုံးချတဲ့ စီးပွားရေးပုံစံကိုသာ အမြဲဆိုသလို ရွေးချယ်မိကြပါတယ်။ အဲ့လိုတွေလုပ်နေတာကြောင့် ဒီကမ္ဘာမြေကို အိမ်လို့ခေါ်ဆိုနေတဲ့ သက်ရှိတိုင်းအတွက် အရေးပါတဲ့ ဂေဟစနစ်ရဲ့ ဝန်ဆောင်မှုလိုမျိုး အကျိုးကျေးဇူးတွေဖြစ်တဲ့ ရေ၊ ဇီဝမျိုးစုံမျိုးကွဲနဲ့ ကုန်းမြေဒေသတွေ စတဲ့ ကျွနု်ပ်တို့ရဲ့ သဘာဝအရင်းအနှီးတွေ ကုန်ခမ်းလာစေပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်ကျော်က အရှေ့တောင်အာရှ နိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြိုင်ဆိုင် ခဲ့ကြတာကြောင့် သူတို့ရဲ့ သဘာဝအရင်းအနှီးတွေ တဖြည်းဖြည်း ကုန်ခမ်းလာပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာက သဘာဝအရင်းအမြစ်တွေ ပေါများစွာ ကျန်ရှိနေပါသေးတယ်။ ဒါကြောင့်လည်း ရေရှည်ကောင်းမွန် မျှတတဲ့ စီးပွားရေးတိုးတက်မှု အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးကိုပါ ယူဆောင်လာမယ့် အစိမ်းရောင်စီးပွားရေးပုံစံဖြစ်တဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ရွေးချယ်ဖို့ အခွင့်အလမ်းကောင်း ရှိနေပါတယ်။

 

 
ကျွန်တော်တို့ရဲ့ လုပ်ဆောင်နေမှုများ

WWF ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံက အစိမ်းရောင်စီးပွားရေးဆီသို့ ပထမဦးဆုံး ခြေလှမ်းကို လှမ်းနေပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့က သဘာဝတရားရဲ့ တန်ဖိုးနှင့် လူသားတွေကို ထောက်ပံ့ပေးနေတဲ့ သူတို့ရဲ့ အကျိုးကျေးဇူးတွေကို သိသာထင်ရှားလာစေရန်နဲ့ လူတွေ၊ သဘာဝတရားနဲ့ စီးပွားရေးကို ထောက်ပံ့ပေးမယ့် မူဝါဒနဲ့ ရင်းနှီးမြှပ်နှံမှုတွေ တိုးတက်လာစေဖို့ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက် လူ့အဖွဲ့အစည်းအပြင် ပညာရှင်တွေနဲ့ပါ လုပ်ဆောင် နေပါတယ်။

ဒီလုပ်ငန်းစဉ်ကို သဘာဝတရား၊ လူတွေနဲ့ စီးပွားရေးတို့အကြားက ဆက်စပ်နေမှုကို ဖော်ပြပြီး ဒီဆက်စပ်နေမှုတွေကို လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ အများပြည်သူကို ဆက်သွယ်ပြန်ကြားပေးခြင်းဖြင့် စတင်ခဲ့ပါတယ်။ ဒီဆက်စပ်နေမှုတွေအတွက် အရေးပါတဲ့ မူဝါဒချမှတ်တာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ကူညီပံ့ပိုးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှုကို ထိန်းသိမ်းစောင့်ရှောက်တာ၊ လူထုရဲ့ သာယာဝပြောမှုကို တိုးတက်စေတာနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ရေရှည် ဖွံ့ဖြိုးတိုးတက်စေတာတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ တိုက်တွန်းအားပေးပါတယ်။

စီမံကိန်းအဖွဲ့ မိတ်ဆက်
ဟန်နာ ဟယ်ဆင်ဂန်
ဟန်နာ ဟယ်ဆင်ဂန်
အစိမ်းရောင်စီးပွားရေး အစီအစဉ်နှင့် မူဝါဒဆိုင်ရာ မန်နေဂျာ

"ကျွန်မက သဘာဝတရားရဲ့ တန်ဖိုးကို လမ်းညွှန်ထောက်ပြပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက သဘာဝတရားကို ထည့်သွင်းစဉ်းစားစေဖို့ လှုံ့ဆောင်ပေးတဲ့အပြင် ဖွံ့ဖြိုးရေးနဲ့ ထိန်းသိမ်းရေးကြားမှာ ပေါင်းကူးတံတားအဖြစ် ကြိုးပမ်း ထမ်းဆောင်နေပါတယ်။"

"ကျွန်မက မတူထူးခြားတာကို လုပ်ဆောင်ချင်တာဖြစ်ပြီး အနာဂတ်မှာ မြန်မာနိုင်ငံက သစ်တောတွေမှာ ကျားတွေ ဆက်လက် ကျင်လည်ကျက်စားနိုင်စေဖို့နဲ့ လူတွေကို ထောက်ပံ့နေတဲ့ သဘာဝရဲ့ များစွာသော အကျိုးခံစားခွင့်ကို လူသားတွေ ဆက်လက် ခံစားနိုင်စေအောင် လုပ်ဆောင်ပေးချင်လို့ပါ။"

စိုင်းနေဝန်းမြင့်
စိုင်းနေဝန်းမြင့်
အစိမ်းရောင်စီးပွားရေးအရာရှိ

"သဘာဝကို ကာကွယ်ဖို့အတွက် အားထားယုံကြည်ရတဲ့ မူဝါဒတွေ ချမှတ်နိုင်စေဖို့ အစိုးရနဲ့ လက်တွဲ လုပ်ဆောင်နေပါတယ်။"

"သဘာဝတရားမရှိပဲ ဘယ်အရာမှ မတည်ရှိနိုင်လို့ပါ။"

အရင်းအမြစ်များ