What would you like to search for?

သန်းပေါင်းများစွာ တန်ကြေးရှိသော မှောင်ခိုဈေးကွက်ကြီး
© shutterstock
တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု
တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု

တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု ဆိုတာ တောရိုင်းတိရစ္ဆာန် မျိုးစိတ်တွေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စုဆောင်း မွေးမြူပြီး ကုန်သွယ်ရောင်းချတင် ကြောက်စရာကောင်းတဲ့ ရာဇဝတ်ဂိုဏ်းတွေက လုပ်ဆောင်နေတဲ့ ဒေါ်လာသန်းပေါင်းများစွာတန် စီးပွားရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။ တိုးပွားလာတဲ့ အာရှ လူလတ်တန်းစားရဲ့ မြင့်မားတဲ့ ဝယ်လိုအားက မီးထိုးပေးနေတာကြောင့် ဒီနေ့ခေတ်မှာ ဒီကုန်သွယ်ရောင်းဝယ်မှုက တောရိုင်းတိရစ္ဆာန်တွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခုပါပဲ။

မြန်မာနိုင်ငံက တစ်ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုမှာ အချက်အချာနေရာတစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကျန်ရှိနေသးတဲ့ တောအုပ်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကြောင့် ကျွန်တော်တို့ရဲ့ သစ်တောတွေက မှောင်ခိုရောင်းဝယ်မှု အခံရဆုံး တချို့ မျိုးစိတ်တွေဖြစ်တဲ့ ကျားတွေ၊ အာရှဆင်တွေနဲ့ သင်းခွေချပ်တွေရဲ့ အဓိက အရင်းအမြစ်နေရာ ဖြစ်ပါတယ်။ ပိုဆိုးတာကတော့ မြန်မာက ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားနေတဲ့ ဈေးကွက်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဥပဒေမဲ့ ရွှေတြိဂံဒေသနဲ့ ကပ်လျှက် တည်ရှိနေတာပါပဲ။

ကျွန်တော်တို့ရဲ့ လုပ်ဆောင်နေမှုများ

ကျွန်တော်တို့အနေနဲ့ လာမယ့်နှစ်နှစ်အတွင်းမှာ တရားမဝင် တောရိုင်းတိရစ္ဆာန် ထုတ်ကုန်များ ပေါ်ပေါ်ထင်ထင် ရောင်းချနေမှု အဆုံးသတ်ရန်နှင့် ရွှေတြိဂံဈေးကွက် ပိတ်သိမ်းဖို့ပါ အစိုးရနှင့်အတူ တွဲဖက် လုပ်ဆောင် နေပါတယ်။ ရန်ကုန်မှာတော့ ဈေးကွက်တွေအနေနဲ့ ဆင်စွယ်နဲ့ တခြားတောရိုင်းတိရစ္ဆာန် ထုတ်ကုန်တွေ ရောင်းဝယ်နေမှုကို အဆုံးသတ်ဖို့ သဘောတူခဲ့ကြပြီး တိုင်းပြည်အနှံ့မှာလည်း တောရိုင်းတိရစ္ဆာန်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ခွဲခြားသတ်မှတ် ဖမ်းဆီး၍ ကိုင်တွယ်ထိန်းချုပ်ရန်အတွက် တရားဥပဒေ စိုးမိုးရေးရအောင် ဆောင်ရွက်နေပါတယ်။ မူဝါဒ ဖော်ဆောင်ရေးအဆင့်မှာလည်း တည်ဆဲဥပဒေတွေထဲက ဟာကွက်တွေကို အဆုံးသတ်ဖို့ ကူညီပေးခဲ့ပြီး မြန်မာနိုင်ငံကို ဒေသတွင်းမှာ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုဆိုင်ရာ ဥပဒေ အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်အောင် လုပ်ဆောင်ပေးနေတာအပြင် နိုင်ငံတော်အဆင့် တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုကို အရေးယူရန် အစီအစဉ် မူကြမ်း ရေးဆွဲဖို့ တောင်းဆိုထားပြီးပါပြီ။

မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုကိစ္စ ကိုင်တွယ်ရတာက ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိန်ခေါ်မှုကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တိုးတက်လာစေဖို့ သိသာထင်ရှားတဲ့ အခွင့်အရေးအဖြစ်လည်း တည်ရှိနေပါတယ်။ ပြဿနာကို သူ့ရဲ့ အရင်းအမြစ်ကနေ ကိုင်တွယ်ဖြေရှင်းဖို့ ခွင့်ပြုလိုက်သလိုပါပဲ။

အရင်းအမြစ်များ
တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု
ဗီဒီယိုများ