What would you like to search for?

ညစ်ညမ်းနေတဲ့ တို့ကမ္ဘာမြေ
© shutterstock

ညစ်ညမ်းစေမှုက ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကို ဖျက်ဆီးနေပါတယ်။
ကျွန်တော်တို့ရဲ့ မြစ်ချောင်းတွေ၊ သမုဒ္ဒရာတွေ၊ မြေနဲ့ လေထုတွေ.. နေရာအနှံ့မှာပါပဲ။

ပလတ်စတစ်ပြဿနာ
© shutterstock

“ပလတ်စတစ်တွေ က ကမ္ဘာကြီးကို မွန်းကြပ်စေပါတယ်။ ပလတ်စတစ်တွေက အခု ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာကြီးတွေထဲက တစ်ခု ဖြစ်လာနေပါပြီ။”

ပလတ်စတစ်တွေက မြစ်တွေနဲ့ သမုဒ္ဒရာတွေဆီ ရောက်ရှိ လမ်းဆုံးသွားပြီး သောက်သုံးရေတွေကို ညစ်ညမ်းစေတဲ့အပြင် မြစ်နဲ့ ပင်လယ်အတွင်းနေ သက်ရှိတွေကို သေစေပါတယ်။ အဲဒီပလတ်စတစ် အမှိုက်တွေကို မီးရှို့ဖျက်ဆီးပြန်ရင်လည်း ဓာတုအဆိပ်အတောက် ဓာတ်ငွေ့တွေထွက်လာပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်စေပြန်ပါတယ်။
လျှပ်စစ်စွမ်းအင်လိုအပ်ချက်
© Hkun Lat WWF-Myanmar

"မြန်မာနိုင်ငံဟာ လျှပ်စစ်စွမ်းအင်ကို အရေးတကြီး လိုအပ်နေပါတယ်။လိုနေတဲ့ စွမ်းအင်ကို ဘယ်လိုရယူမလဲဆိုတာကတော့ တွေးစရာပါပဲ။”

ရေအားလျှပ်စစ်နဲ့ ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ကျောက်မီးသွေး၊ ဓာတ်ငွေ့ နဲ့ ရေနံတွေကိုသုံးပြီး လိုတဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နေကြပါတယ်။ ရုပ်ကြွင်းလောင်စာတွေက လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်အတွက်တော့ သတင်းဆိုးပါပဲ။ သူတို့တွေက သီးနှံရိတ်သိမ်းရာမှာလည်း အန္တရာယ်ဖြစ်စေတယ်၊ တောပြုန်းမှုလည်း ဖြစ်စေတဲ့အပြင် လေနဲ့ ရေကိုလည်း ညစ်ညမ်းစေပါတယ်။
သဘာဝနှင့်သဟဇာတ မဖြစ်သော စက်မှုလုပ်ငန်း
© shutterstock

“စက်မှုကဏ္ဍ ဖွံ့ဖြိုးလာတာနဲ့အမျှ လေထုနဲ့ ရေထုရဲ့ ညစ်ညမ်းစေမှုကို ဦးတည်လာပါတယ်။"

အသေးစား စက်မှုလုပ်ငန်းတွေကလည်း အဆိပ်သင့် ရေဆိုးတွေကို မြစ်တွေထဲ စွန့်ထုတ်ကြတာကြောင့် ငါးတွေကို သေစေပြီး သောက်သုံးရေတွေကို ညစ်ညမ်းစေတာတွေက သဘာဝပတ်ဝန်းကျင်အပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ တစ်ချိန်ထဲမှာပဲ စက်မှုဇုန်တွေဟာ ဓာတုစွန့်ပစ်ပစ္စည်းတွေစွန့်ထုတ်ပြီး အနီးအနား ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ သက်ရှိတွေရဲ့ ကျန်းမားရေးနဲ့ အသက်ရှင်နေထိုင်မှုကို အန္တရာယ်ပေးနေပါတယ်။
သတင်းကောင်း
© WWF Myanmar

ဒီပြဿနာကို ဖြေရှင်းဖို့ အားလုံးနဲ့ သက်ဆိုင်ပါတယ်။
အတူကြိုးပမ်းကြရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကို ညစ်ညမ်းမှုတွေက
ကာကွယ်နိုင်မှာပါ။

ပလတ်စတစ် ဆန့်ကျင်ရေး လုပ်ဆောင်မှုများ ပြုလုပ်ခြင်း
Read more
© shutterstock

“မြန်မာနိုင်ငံဟာ ပလတ်စတစ် အသုံးပြုမှုလျှော့ချရေး တိုက်ပွဲမှာ နောက်ဆုံးဝင်ရောက်လာတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။”

နိုင်ငံအဝှမ်းက အသေးစား တက်ကြွလှုပ်ရှားမှုတွေက ပလတ်စတစ် ညစ်ညမ်းမှုကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှုတွေမှာ အားလုံးကို ပူးပေါင်း ပါဝင်လာစေပါတယ်။ ရည်ရွယ်ချက်က ပလတ်စတစ်ကို လျှော့သုံးဖို့၊ ပြန်သုံးဖို့နဲ့ စည်းကမ်းမဲ့ မစွန့်ပစ်ဖို့ပါပဲ။ အကြောင်းအရင်းကတော့ လူသားတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ကျန်းမာ ရှင်သန်ရေးနဲ့ ကမ္ဘာမြေကြီး လှပစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကြီး ပလတ်စတစ် ကင်းစင်ဖို့အတွက် ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီက တတ်နိုင်သလောက် လုပ်ဆောင်သွားကြနိုင်တယ် ဆိုတဲ့အချက်က အားတက်စရာပါပဲ။
နေစွမ်းအင်ဖြင့် လျှပ်စစ်မီး
ရနေသည့် ကျေးရွာများ read more
© Hkun Lat WWF-Myanmar

“မြန်မာ့အနာဂတ်ကို သဘာဝနဲ့ သဟဇာတဖြစ်တဲ့ နည်းအားဖြင့် လျှပ်စစ်စွမ်းအင်နဲ့ အလင်းပေးနိုင်ကြောင်း မြန်မာ့ ကျေးလက်က ရွာငယ်လေးတစ်ချို့ က သက်သေပြနေပါတယ်။”

ဒါကြောင့် တစ်နိုင်ငံလုံးအတွက် သန့်စင်တဲ့ အစိမ်းရောင်စွမ်းအင် လုံလောက်စွာ ထောက်ပံ့ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံက ကျေးရွာတိုင်းကို နေစွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အားရရှိပြီး အသုံးပြုရင်း နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကိုလည်း တားဆီးပြီး သန့်စင်တဲ့ လေထုကို ထိန်းသိမ်း ထားနိုင်ဖို့ အခွင့်အရေးတွေ ရှိပါတယ်။ ဒီရည်မှန်းချက် အကောင်အထည်ဖော်နိုင်ဖို့ WWF က ၂၀၁၇ ခုနှစ်မှာတနင်္သာရီ တိုင်းဒေသကြီးက ကျေးလက်နေ အိမ်ထောင်စု ၂၃၅ စုကို အိမ်သုံးဆိုလာစနစ်တွေ တပ်ဆင်ပေးခဲ့ပါတယ်။
စက်မှုလုပ်ငန်းများ ရေရှည်တည်တံ့ရေး ထည့်သွင်းစဉ်းစားလာစေခြင်း
READ MORE
© Hkun Lat WWF-Myanmar

“ကြီးထွားလာနေတဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေမှာ သဘာဝနဲ့ သဟဇာတဖြစ်တဲ့ အလေ့အကျင့်တွေကို ကျင့်သုံးခြင်းဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ခရီးရှည်ကြီးမှာ အထောက်အကူပေးနိုင်ပါတယ်။”

သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့စေသော နည်းဖြင့် ထုတ်လုပ်ခြင်းက လူသားတွေသာမက လုပ်ငန်းတွေ ကိုယ်တိုင်အတွက်ပါ နှစ်ဦးနှစ်ဖက်စလုံး ကောင်းကျိုး ရစေပါတယ်။ ထုတ်လုပ်မှု အလေ့အထတွေကို ပိုမိုကောင်းမွန်စေခြင်းဖြင့် မြန်မာ့ စက်မှုလုပ်ငန်းတွေရဲ့ အနာဂတ်ကို ကာကွယ်ပေးနိုင်ပြီး နှုန်းထားသက်သာတဲ့ စနစ်ကြောင့် စွမ်းအင်ရဲ့ ၂၀-၃၀% ပိုမိုထိရောက်စွာ သုံးစွဲနိုင်မှုကို ရရှိမှာစေပါ။ စနစ်ကျသာ လုပ်ဆောင်သွားကြမယ်ဆိုရင် မြန်မာ့စက်မှုလုပ်ငန်းတွေရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အနာဂတ်က သိပ်မဝေးတော့ပါဘူး။

ဒီခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ လုပ်ဆောင်နေတဲ့ အစီအစဉ် သုံးခုကတော့ အစိမ်းရောင် စီးပွားရေးရာသီဥတုနှင့် စွမ်းအင်နဲ့ သဘာဝသဟဇာတ စီပွားရေးတို့ ဖြစ်ပါတယ်။

From the field