PR: မြန်မာနိုင်ငံရှိ အနည်းဆုံး ကျားကောင်ရေ ခန့်မှန်းချက် သတင်းထုတ်ပြန်ကြေညာချက် | WWF

What would you like to search for?

PR: မြန်မာနိုင်ငံရှိ အနည်းဆုံး ကျားကောင်ရေ ခန့်မှန်းချက် သတင်းထုတ်ပြန်ကြေညာချက်

29 July 2019

မြန်မာနိုင်ငံရှိ အနည်းဆုံး ကျားကောင်ရေ ခန့်မှန်းချက်ကို ထုတ်ပြန်

မြန်မာနိုင်ငံရှိ အနည်းဆုံး ကျားကောင်ရေ ခန့်မှန်းချက်ကို ထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၂၉ ။     ၊၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျားများ ရှင်သန်နေဆဲ နိုင်ငံ အနည်းငယ်အနက် တစ်နိုင်ငံဖြစ်ပြီး၊ နိုင်ငံအတွင်း ကျားများကျင်လည်ကျက်စားနေသည့် ကျက် စားနယ်မြေသည် နိုင်ငံဧရိယာ၏ ၇.% ခန့်၊ ဧက (၁၂) သန်းကျော်ရှိပြီး၊ အဆိုပါ ကျားများကျင် လည်ကျက်စားသည့် နယ်မြေ (၈)ရာခိုင်နှုန်းအတွင်း လေ့လာချက်အရ အနည်းဆုံး ကျား (၂၂) ကောင် ရှင်သန်ကျက်စားနေကြောင်း သစ်တောဦးစီးဌာနက ယနေ့ကျရောက်သည့် ကမ္ဘာ့ကျား များနေ့ တွင် အတည်ပြုထုတ်ပြန်လိုက်သည်။
ကျားကျက်စားနယ်မြေစုစုပေါင်း၏ ၈% ခန့်တွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တပ်ဆင် ခဲ့သည့် ကင်မရာထောင်ချောက်များမှ ရရှိသည့်ကျားမှတ်တမ်းဓါတ်ပုံများကို တစ်ကောင်ချင်း စိ စစ်ခွဲခြားရာမှ ရရှိသည့် အရေအတွက်ဖြစ်ပါသည်။

“ကမ္ဘာပေါ် က ကျားရှိတဲ့ နိုင်ငံ (၁၃) နိုင်ငံသာရှိတဲ့ အထဲမှာ မြန်မာနိုင်ငံက တစ်နိုင်ငံအပါအဝင် ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ နိုင်ငံထဲမှာ အရည်အသွေးကောင်းမွန်တဲ့ သစ်တောတွေ ရှိနေဆဲ ဖြစ်ပြီး၊ ကျားတွေပေါက်ဖွားနိုင်နေသေးတယ်ဆိုတဲ့ အချက်က အနာဂါတ်မှာ ကျားကောင်ရေတိုး ပွားလာဖို့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို ပိုမိုခိုင်မာစေပါတယ်။ မြန်မာ့ အနာဂါတ်မျိုးဆက် တွေကအာရှရဲ့ အထင်ကရမျိုးစိတ်ဖြစ်တဲ့ ကျားတွေနဲ့အတူယှဉ်တွဲနေထိုင်းရင်း ဂုဏ်ယူနိုင်ဖို့အ တွက်ကျွန်တော်တို့ရဲ့ကျားတွေကို ကာကွယ်ပေးဖို့နဲ့ သူတို့ပေါက်ဖွားရှင်သန်နိုင်ဖို့ လုံလောက်တဲ့ ကျက်စားနယ်မြေတွေရှိနေစေဖို့ အားလုံးပူးပေါင်းပြီး အထူးကြိုးစားလုပ်ဆောင်သွားကြရမှာပါ။” ဟုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံအတွင်းကျင်လည်ကျက်စားနေဆဲ ကျားများကို တန်ဖိုးထား ထိန်းသိမ်းရေး အတွက် ရည်ရွယ်၍ မြန်မာအနုပညာရှင်များကလည်း အနုပညာလှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားရန် စီစဉ် လျက်ရှိသည်။

“အဖိုးတန် အနုပညာလက်ရာတွေလိုပါပဲ ကျားတစ်ကောင်ချင်းစီဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အ စည်းတွေ၊ ဆက်စပ်ဌာနအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ကျားတွေကို ကာကွယ် စောင့်ရှောက်သွားမှာဖြစ်ပါတယ်။ ကျားအပါအဝင် တောရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်သတ် ဖြတ်တာတွေအားမပေးဖို့၊ ကိုယ်တိုင်လည်းမကျူးလွန်ကြဖို့နဲ့ ကျားတွေပိုင်ဆိုင်တဲ့နိုင်ငံတစ်နိုင်ငံ အဖြစ် ဆက်လက်တည်တံ့နေစေရေးအတွက်  ပြည်သူတွေအနေနဲ့လည်း အတူတကွ ကြိုးပမ်း ကြဖို့တိုက်တွန်းလိုပါတယ်”ဟု သစ်တောဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် က ပြောကြားပါသည်။

IUCN မှ ထုတ်ပြန်ထားသည့် ခြိမ်းခြောက်မှုခံနေရသော မျိုးစိတ်များစာရင်းတွင်ကျားကို မျိုး သုဉ်း ရန်အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် ထည့်သွင်းသတ်မှတ်ထားသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သဘာဝကျား ကောင်ရေ ၄၀၀၀ အောက်သာရှိပြီး အများစုမှာ အိန္ဒိယတွင် ဖြစ်သည်။ အရှေ့တောင်အာရှ အနေ ဖြင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်းက သဘာဝကျား ကောင်ရေ တရှိန်ထိုးကျဆင်းမှုနှင့် အတူကျားများမျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ် နှင့် ရင်ဆိုင်နေရသည်။ IUCN ၏ ၂၀၁၄ ခုနှစ် တွင်ဆောင်ရွက်ခဲ့သော နောက်ဆုံးစစ်တမ်းအရ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကျားများမျိုးသုဉ်းသွားနိုင်ခြေရှိသည်ဟု ဖော်ပြထား သည်။

လုံလောက်သည့် ကျက်စားဒေသအကျယ်အဝန်း နှင့် ကာကွယ်မှုများပေးနိုင်မည်ဆိုပါက ကျား များအနေဖြင့် အလွယ်တကူ ပေါက်ဖွားနိုင်ပါသည်။ ကင်မရာထောင်ချောက်များကို အသုံးပြု၍ စစ်တမ်းကောက်ယူခြင်းဖြင့် ကျားကောင်ရေမည်မျှရှိသည်ဆိုသည့်အချက်နှင့်ယင်းတို့ရှိရာ အထူး သဖြင့်ပေါက်ဖွားရာနေရာများကို သိရှိခြင်းသည် ကျားများကို ထိန်းသိမ်းကာကွယ်ခြင်းအတွက် ပထမခြေလှမ်းပင်ဖြစ်ပါသည်။ ထို့အပြင် ကင်မရာထောင်ချောက်များက ကျားများ၏ ရုပ်ပုံများ ကိုသာမက မုဆိုးများ၏ ပုံများကိုပါ ရိုက်ယူရရှိခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်း အခြားသော တောရိုင်းတိရစ္ဆာန်များသည်လည်း အမဲလိုက် သတ်ဖြတ်ခံရမှု နှင့်ကြုံတွေ့နေရသည်။ ၂၀၁၇ ခုနှစ်အတွင်း ဆင်များအား အမဲလိုက်သတ်ဖြတ် အရေခွံဆုတ်ခွာ ယူမှုရုတ်တရက်မြင့်တက်လာခဲ့ပြီး အလျင်အမြန်တုန့်ပြန်မှုများ ပြုလုပ်ခဲ့ရကာဆင်များ အသတ် ဖြတ်ခံရမှုမှ ကာကွယ်ပေးနိုင်ခဲ့သည်။
တရုတ်လူမျိုးတို့၏ ပြက္ခဒိန်တွင် ကျားနှစ်ဖြစ်သော လာမည့် ၂၀၂၂ ခုနှစ်တွင် ကျားကျက်စား နိုင်ငံ ၁၃ နိုင်ငံတွင် သဘာဝကျားကောင်ရေ နှစ်ဆတိုးပွားရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ဖြစ်သော Tx2 အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည်လည်း ပါဝင်ပါသည်။

==========
အယ်ဒီတာများသိပါရန်
  • အနည်းဆုံး ကျားကောင်ရေသည် ကျားကျက်စားနယ်မြေ စုစုပေါင်း၏ ၈% ခန့်တွင် တပ် ဆင်ခဲ့သည့်ကင်မရာထောင်ချောက်များမှ ရရှိသည့် ကျားမှတ်တမ်းဓါတ်ပုံများကို တစ် ကောင်ချင်း စိစစ်ခွဲခြားရာမှ ရရှိသည့် အရေအတွက်ဖြစ်ပါသည်။
  • မြန်မာနိုင်ငံတွင် သဘာဝ သစ်တောများ ကျယ်ပြန့်စွာ ရှိနေသေးသည်။ လုံလောက်သော ကျက်စားဒေသနှင့် ကာကွယ်စောင့်ရှောက်မှုပေးနိုင်မည်ဆိုပါက လက်ရှိ ကျားများ၏ ကျက်စားဒေသနှင့် ချိတ်ဆက်နေသော သစ်တောဖုံးလွှမ်းမှုကောင်းသေးသည့် နေရာများ သည် ကျားများရှင်သန်ကျက်စားရန် အလားအလာကောင်းသော နေရာများဖြစ်ပါသည်။
  • စစ်တမ်းများကို နေရာ ၃ နေရာတွင် WCS၊ FFI၊ သစ်တောဦးစီးဌာန၊ KFD၊ KWCI နှင့် WWF  တို့က ၂၀၁၆ နှင့် ၂၀၁၈ အတွင်း ကောက်ယူခဲ့ခြင်း ဖြစ်ပါသည်။
  • အရွယ်ရောက်ပြီးနှင့် အရွယ်ရောက်လု ကျားများကိုသာ ရေတွက်ထားပါသည်။
  • အနုပညာပြပွဲ အစီအစဉ် အသေးစိတ်ကို ထပ်မံထုတ်ပြန်သွားပါမည်။
 
မီဒီယာကိစ္စ ဆက်သွယ်ရန် - 
ဦးစောလင်းထက် ၊ +၉၅ ၉ ၇၉၆ ၃၀၀ ၈၃၉ ၊ sawlinn.htet@wwf.org.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 
Media Contact
Saw Linn Htet
+95 1 229331