What would you like to search for?

လူသားနှင့် တောရိုင်းတိရစ္ဆာန်တို့အကြား
သဟဇာတဖြစ်သော အခြေခံအဆောက်အအုံ
© Shutterstock / WWF-Myanmar
သဘာဝသဟဇာတ အခြေခံအဆောက်အအုံ
သဘာဝသဟဇာတ အခြေခံအဆောက်အအုံ အစီအစဉ်
သဘာဝသဟဇာတ အခြေခံအဆောက်အအုံ ဖြစ်သင့်ရခြင်း

လာမည့်နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံ အစိုးရသည် လမ်းအရှည် ၃၄၄၀၀ ကီလိုမီတာ ဖောက်လုပ်သွားရန် စီစဉ်ထားသည်။ လမ်းမများသည် အရေးတကြီး လိုအပ်နေသည်မှာ မှန်သော်လည်း ကောင်းမွန်စွာ စီစဉ်ဖောက်လုပ်ခြင်း မဟုတ်ပါက မြန်မာ့ အံ့မခန်း သဘာဝနယ်မြေများနှင့် ယင်းတို့ကို မှီခိုနေကြသည့် ပြည်သူများနှင့် သားငှက်တိရစ္ဆာန်များအတွက် ကြီးစွာသော အနှောင့်အယှက် ဖြစ်နိုင်ပါသည်။ ယခုလို ဖွံ့ဖြိုးရေးအတွက် အရေးပါလှသည့် ကာလတွင် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဟဇာတဖြစ်မှုနှင့် လူမှုဘဝ ညီမျှမှုတို့ကိုပါ ထည့်သွင်းစဉ်းစားခြင်း မရှိပါက ရေတိုအကျိုးရလာဒ်များထက် များစွာ ပိုမိုသော ရေရှည်ထိခိုက်သက်ရောက်မှုများကို ကြုံတွေ့ရနိုင်ပါသည်။

လုပ်ဆောင်နေမှုများ

အခြေခံအဆောက်အအုံ စီမံကိန်းများနှင့် ယင်းတို့က သားငှက်တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများဆိုင်ရာ အရေးပါသည့် အချက်အလက်များကို စာရင်းကောက်ယူ ဆန်းစစ်ခြင်း၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများနှင့် ဆက်စပ်သည့် ဂေဟစနစ်ဆိုင်ရာ ပြဿနာရပ် အမျိုးမျိုးအပေါ် လူအများ နားလည် သဘောပေါက်မှု မြှင့်တင်ခြင်းနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ဆောင်မှုများတွင် သဘာဝနှင့် သဟဇာတဖြစ်ရေးကို အလေးပေးလာစေရေး ပံ့ပိုးကူညီခြင်းတို့ကို မိတ်ဖက်အဖွဲ့များနှင့် အစိုးရအဖွဲ့များနှင့်အတူ လုပ်ဆောင်နေပါသည်။

Meet the team
အူဗာနာ မီနွန်
အူဗာနာ မီနွန်
သဘာဝသဟဇာတ အခြေခံအဆောက်အအုံ အစီအစဉ် မန်နေဂျာ
ဘာတွေ လုပ်သလဲ

မြန်မာနိုင်ငံမှာ ပိုးသားလမ်းမကြီးလိုမျိုး နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေ၊ နယ်စပ်ဖြတ်ကျော် အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ ရေရှည်တည်တံ့တဲ့ အခြေခံအဆောက်အအုံတွေ ဖြစ်ပေါ်လာစေဖို့ လိုအပ်တဲ့ မူဝါဒပိုင်းဆိုင်ရာ အကြံပေးခြင်းကို အဓိကထားလုပ်ဆောင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲသော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ် အတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို ဦးဆောင်ဆောင်ရွက်နေပါတယ်။ အခြေခံအဆောက်အအုံ စီမံကိန်းရေးဆွဲရာမှာ ကွာဟချက်များ ဥပမာ ကြံ့ကြံ့ခံနိုင်ရေးအတွက် စွမ်းရည်မြှင့်တင်ခြင်း၊ ဂေဟစနစ် ဝန်ဆောင်မှုများပေါင်းစည်းရန်လိုအပ်ခြင်း၊ စီမံကိန်းရေးဆွဲရာတွင် တိုးတက်မှုများဖြင့် တင်ပြသည့် အခွင့်အရေးစသည်တို့ကို ကိုင်တွယ်ဖြေရှင်းရန် အာရုံစိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ စီမံကိန်းအကြို အဆင့် များမှာ မရှိမဖြစ် လိုအပ်ဆုံး သတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ရန် ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ၊ ရာသီဥတုနဲ့ လူမှုအကျိုးသက်ရောက်မှုများနှင့် အန္တရာယ်များကို ကြိုတင်မှန်းဆပြီး ရှောင်ရှားရန် အကြီးမားဆုံး အခွင့်အရေးကိုလည်း ထောက်ပံ့ပေးပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

၂၁ ရာစုရဲ့ အခြေခံအဆောက်အအုံ စီမံကိန်း ရေးဆွဲခြင်းသည် ဇီဝမျိုးကွဲများကို ထိန်းသိမ်းရန်၊ ကာဗွန် ထုတ်လွှတ်မှုများကို လျှော့ချရန်၊ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရန်နဲ့ ကမ္ဘာတဝန်းရှိ လူသန်းပေါင်းများစွာအား ဆင်းရဲတွင်းမှ လွတ်မြောက်ရန် အတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုအမျိုးမျိုး၊ နိုင်ငံများ၏ ကတိကဝတ်များနဲ့ သိပွံအခြေခံလိုအပ်ချက်များကို ပေါင်းစည်းပေးရန် တစ်ခုတည်းသော အရေးကြီးဆုံး အခွင့်အရေးကို ဖန်တီးပေးပါတယ်။ ရာသီဥတု ပြောင်းလဲမှုကို လိုက်လျောညီထွေရှိစေရန် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုဟာ လူသားတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ စွမ်းရည် ကို ဘယ်လိုချိတ်ဆက်နေတယ်ဆိုတာ အသိအမှတ်ပြုခြင်းအားဖြင့် လူမှုအဖွဲ့အစည်းများနဲ့ အရပ်ဖက်အဖွဲ့အစည်းများက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအား နားလည်သိရှိပုံနည်းလမ်းကို အသွင်ပြောင်းလဲနိုင်ပါတယ်။

စိုင်းသံလွင်
စိုင်းသံလွင်
သဘာ၀သဟဇာတ အခြေခံအဆောက်အအုံ လုပ်ငန်းအစီအစဉ် အရာရှိ
ဘာတွေ လုပ်သလဲ

မြန်မာနိုင်ငံမှာရှိတဲ့ stakeholders တွေနဲ့ အနီးကပ်အလုပ်လုပ်ခြင်းအားဖြင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမှာ ဇီဝမျိုးကွဲ ထိန်းသိမ်းရေး၊ အားလုံးပါဝင်ပြီး ရာသီဥတုဒဏ် ခံနိုင်သည့် ကဏ္ဍများကို ပေါင်းစည်းရန် ရည်ရွယ်သည့် ရေရှည်တည်တံ့ ခိုင်မြဲသော အခြေခံအဆောက်အအုံ အစီအစဥ် အား အလုံးစုံ အ‌ကောင်အထည်ဖော်ရန် ပံ့ပိုးပေးပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

လမ်းတံတား မီးရထားစတဲ့ အခြေခံအဆောက်အအုံတွေတိုးချဲ့တည်ဆောက်ရာမှာ စီမံကိန်းရဲ့ အဆင့်တိုင်း အလွှာတိုင်းမှာ၊ ဇီဝမျိုးကွဲစိတ်တွေ၊ တောရိုင်းတိရိစ္ဆာန်တွေ မထိခိုက်အောင်ထိန်းသိမ်းဖို့၊ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ဖို့၊ ပါဝင်သိရှိသင့်သူတိုင်း သိသင့်ဖို့ဆိုတဲ့အချက်တွေ အမြဲတမ်းထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ အခြေခံအဆောက်အအုံတွေ ရေရှည်တည်တံ့စေဖို့ရည်ရွယ်ပြီး အကောင်ထည်ဖော်ဆောင်ရွက်နေရတဲ့အဖွဲ့မှာ ပါဝင်ဆောင်ရွက်ရတာကိုက ဝမ်းသာစရာဖြစ်ပါတယ်။

မွှေးသီရိဝင်း
မွှေးသီရိဝင်း
သဘာ၀သဟဇာတ အခြေခံအဆောက်အအုံ လုပ်ငန်းအစီအစဉ် လက်ထောက်အရာရှိ
ဘာတွေ လုပ်သလဲ

မြန်မာ့သယ်ယူပို့ဆောင်ရေးစီမံကိန်းများအတွက် သတင်းများသုတေသနနှင့် လေ့လာဆန်းစစ်ခြင်း၊ ဇီဝမျိုးကွဲများ၊ တောရိုင်းတိရိစ္ဆာန်များနှင့် လမ်းတံတား အခြေခံအဆောက်အအုံတို့ကြား ‌ဂေဟစနစ် တည်ဆောက်ခြင်းလုပ်ငန်းစဥ်များမှာ ကူညီဆောင်ရွက်ပေးပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

သဘာဝတရားကို ချစ်မြတ်နိုးပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဖို့အတွက် အထူးသဖြင့် အခြေခံအ‌ဆောက်အအုံများ တည်ဆောက်တဲ့အခါ သဘာဝအရင်းအနှီးနဲ့ ၄င်း၏ ဂေဟစနစ်အား ရေရှည်တည်တံ့ခိုင်မြဲတဲ့ နည်းလမ်းကို အသုံးပြုပြီး ထိန်းသိမ်းသင့်တယ်လို့ ယုံကြည်ပါတယ်။

အရင်းအမြစ်များ