The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
အသေးစား-အလတ်စား-အကြီးစား - ရေသယံဇာတ စီမံခန့်ခွဲမှုနှင့်
မဟာမဲခေါင်ဒေသတွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ
မဟာမဲခေါင်ဒေသတွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ
© Hkun Lat/ WWF-Myanmar
SML-မဟာမဲခေါင်
SML - မဟာမဲခေါင်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုအသိုင်းအဝိုင်း သာတူညီမျှမှု၊ မဟာမဲခေါင်ဒေသ၏ သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှုနှင့် မြစ်ဝှမ်းဒေသ သာယာရှင်သန်ရေးနှင့် ထိန်းသိမ်းရေးတို့အား ဖန်တီးခြင်းဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် ရည်ရွယ်ပါသည်။
စီမံကိန်းအကြောင်းအရာ
ရေချိုအရင်းအမြစ်ဆိုင်ရာအစီအစဥ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် SML - မဟာမဲခေါင် စီမံကိန်း၏ ၅၀ ရာခိုင်နှုန်းသော ရန်ပုံငွေအား Swiss Agency for Development and Cooperation (SDC) မှ ကူညီထောက်ပံ့ကာ အခြားသော EU-Switch Asia စသည့် အလှူရှင်အဖွဲ့အစည်းများမှလည်း ထောက်ပံ့ထားပါသည်။ မဲခေါင်မြစ်နှင့် ဧရာဝတီမြစ်တို့သည် ၄င်းတို့၏ သက်ဆိုင်ရာ မြစ်ဝှမ်းဒေသများရှိ နေထိုင်သူများ၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဂေဟ စနစ်အသီးသီး တို့အတွက် အသက် သွေးကြော သဖွယ် ဆောင်ရွက်ပေးလျက်ရှိသည်။ မြစ်ရေ အရည်အသွေး ကျဆင်းမှုတို့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု၊ စားနပ်ရိက္ခာ ဖူလုံမှု၊ ချမ်းသာသုခ၊ ဒေသတွင်း တည်ငြိမ်မှုနှင့် ရေချို ဇီဝမျိုးစုံ မျိုးကွဲများ ဆုံးရှုံးမှု အန္တရာယ်တို့ ကိုဦးတည်စေသည်။ဗီယက်နမ်နိုင်ငံတွင် အထည်အလိပ်နှင့် အဝတ်အစားချုပ်လုပ်သော စက်ရုံများသည် မဲခေါင်မြစ်၏ မြစ်ဝကျွန်းပေါ်ဒေသ ၆၂ ရာခိုင်နှုန်းကို အသုံးပြုထားပြီး ထိုလုပ်ငန်းများမှ တိုင်းပြည်၏ GDP ၄၀ ရာခိုင်နှုန်းကို ရရှိနေခြင်းဖြစ်သည်။ ကမ္ဘာ့ အဆင့် ၅ အဝတ်အထည် တင်ပို့သည့် ဗီယက်နမ်နိုင်ငံသည် စက်ရုံအလုပ်ရုံများမှ စွန့်ထုတ်သော ရေထုညစ်ညမ်းမှုနှင့် ရေသယံဇာတအား အလွန်အကျွံ အသုံးပြုမှုတို့ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ခံစားနေရပြီဖြစ်သည်။ မဲခေါင်ဒေသတွင်းနှင့် နိုင်ငံများ၏ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝ အကျိုးကျေးဇူးများအား ထိန်းသိမ်းရေးတို့ ဖြစ်တည်စေရန်အတွက် ကဏ္ဍအလိုက် ရေရှည်ရှင်သန်တည်တံ့သော အပြောင်းအလဲကောင်းတစ်ခုကို စတင်ရန် အလွန်တရာပင် အရေးကြီးသည်။ ( သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက WWF’s Textile programme in Vietnam.)
ထိုနည်းတူစွာပင် ဧရာဝတီမြစ်သည်လည်း မြန်မာ့ စီးပွားရေး၏ အဓိက လည်ပတ်နေသော ယန္တယားဖြစ်ကာ နိုင်ငံ၏ အဓိက စီးပွားရေး ဆောင်ရွက်မှုများကို ထောက်ပံ့ပေးသည်။ သို့သော်လည်း မြစ်ဝှမ်းဒေသတလျှောက် ဆောင်ရွက်လျက်ရှိသည့် စက်ရုံအလုပ်ရုံများ
က များစွာသော ရေသယံဇာတဆိုင်ရာ အန္တရာယ်များကို ဖြစ်ပွားစေလျှက်ရှိသည်။ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်နေထိုင်မှီီခိုနေသော လူမှု အသိုင်းအဝိုင်းများနှင့် မြစ်ရေ ကောင်းမွန်မှုတို့အပေါ်ား လွန်စွာ အန္တရာယ် ဖြစ်စေသည့် သက်ရောက်မှုတစ်ခုလည်း ရှိနေသည်။ စက်မှုလုပ်ငန်းကဏ္ဍ၏ ၈၀ ရာခိုင်နှုန်းသော အသေးစား လုပ်ငန်းများသည် ဧရာဝတီမြစ်ဝှမ်းပေါ်တွင် တည်ရှိကာ သိသာထင်ရှားသော ရေထုညစ်ညမ်းမှုများကို ဖြစ်ပေါ်စေသည်။ (သတင်းအချက်အလက်များအား ပိုမိုသိရှိလိုပါက WWF’s Water stewardships projects in Myanmar.)
ရေသယံဇာတနှင့် သက်ဆိုင်သော အန္တရာယ်များကို ကာကွယ်ရန်အတွက် ဒေသတွင်းရှိ အသေး စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအား WWF ၏ ရေသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းမှတဆင့် အထောက်အပံ့ပေးကာ ရေရှည်ရှင်သန်တည်တံ့သော ရေသယံဇာတ စီမံခန့်ခွဲမှုလုပ်ငန်းများအား သက်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်သူများနှင့် ပူးပေါင်း၍ မြှင့်တင်မည်ဖြစ်သည်။ SML-မဟာမဲခေါင် စီမံကိန်းအား ဗီယက်နမ်နိုင်ငံရှိ အထည်အလိပ် ကဏ္ဍနှင့် မြန်မာနိုင်ငံရှိ အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်း ကဏ္ဍတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။ စီမံကိန်း၏ ဒေသတွင်းပဏာမအနေဖြင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ မြစ်ရေ စီမံရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ဒေသတွင်းသက်ဆိုင်သူများ အားလုံးကို ပါဝင်ဆောင်ရွက်စေခြင်းကိုလည်း တိုးမြင့်စေပြီး အထောက်အကူဖြစ်စေမည်။
ရည်မှန်းချက်
အစိုးရ ဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများပါဝင်သော ရေသယံဇာတ စီမံခန့်ခွဲခြင်းတွင် မဟာမဲခေါင်ဒေသတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှ ရေနှင့် စွမ်းအင် စီမံမှုကို တိုးတက်ကောင်းမွန်စေကာ ရေထု ညစ်ညမ်းမှုအား လျှော့ချလာစေရန်လုပ်ဆောင်ခြင်းသည် စီမံကိန်း၏ အခန်းကဏ္ဍတစ်ခု ဖြစ်သည်။ရည်မှန်းချက်များ
- ဒေသတွင်းဖွဲ့စည်းပုံ
- ညစ်ညမ်းမှု လျှော့ချခြင်း
- စီးပွားရေး လုပ်ငန်း
- အားကောင်းလာစေရန် စီစဉ်တိုက်တွန်းခြင်း
nullပုဂ္ဂလိက ကဏ္ဍ အထူးသဖြင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် အခြားသော သက်ဆိုင်သူများအား မြစ်ရေ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုရန်
nullမြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအတွင်း သတ်မှတ်ထားသော အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများတွင်း ရေအရည်အသွေး၊ စွမ်းအင် လုံလောက်မှု တို့ကို တိုးတက်ကောင်းမွန်စေကာ ညစ်ညမ်းရေထုစွန့်ထုတ်မှုများကို လျှော့ချနိုင်ရန်မည့် နည်းလမ်းများနှင့် နည်းပညာတို့ကို အသုံးပြုနေစေရန်
nullအသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အားပေးသည့် အကောင်အထည်ဖော်ဆောင်ရွက်ချက်များအဖြစ် မိတ်ဆက်ရာတွင် ရေနှင့် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုတို့ကို အထောက်အပံ့ပေးနိုင်မည့် ဘဏ္ဍာရေးအကြောင်းအရာများကို ဗီယက်နမ်နိုင်ငံရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများတွင် မိတ်ဆက်ပြသရန်
nullအသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၊ လူမှုအကျိုးပြုလုပ်ငန်းများနှင့် အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများအနေဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုအား စဥ်ဆက်မပြတ်ပြုလုပ်စေမည့် ပေါ်လစီများ၊ စည်းမျဥ်းများဖော်ဆောင်ရာတွင် စုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေများဖြစ်ပေါ်ရန်အတွက် တိုက်တွန်းဆောင်ရွက်ရန်
မှတ်တိုင်များ
၂၀၂၀ ခုနှစ်
သတ်မှတ်ထားသော အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ရေသယံဇာတ နှင့် ပတ်သက်သော အသိပညာနှင့် ဗဟုသုတများတိုးတက်လာစေခြင်း၂၀၂၀ ခုနှစ်
ဗီယက်နမ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ရှိ အထည့်အလိပ်လုပ်ငန်းကဏ္ဍ အပြန်အလှန် ဆက်ဆံမှုများ ရှိလာခြင်း၂၀၂၁ ခုနှစ်
အထည်အလိပ် လုပ်ငန်း ကဏ္ဍရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ဘဏ်အထောက်အပံ့ဖြင့် ဆောင်ရွက်နိုင်သောချေးငွေ စီမံကိန်း သို့မဟုတ် အစီအစဉ် တစ်ခု တည်ထောင်နိုင်ရန် ၂၀၂၁ ခုနှစ်
ဗီယက်နမ်နိုင်ငံရှိ သတ်မှတ်ထားသော စီးပွားရေး ဘဏ်များမှ အထည်အလိပ်လုပ်ငန်းကဏ္ဍရှိ အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ရေနှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်းများတွင် ချေးငွေများ ထုတ်ပေးနိုင်ရန်၂၀၂၁ ခုနှစ်
အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်း ကဏ္ဍအတွင်း ပြုလုပ်ဆောင်ရွက်နေသော ရေအရည်အသွေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆိုင်ရာ စစ်တမ်းအား အပြီးသတ်ဆောင်ရွက်ရန်
၂၀၂၂ ခုနှစ်: ပိုမိုများပြားသော အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများမှ ရေနှင့် စွမ်းအင် အသုံးပြုမှု စစ်ဆေးချက် ကောက်ယူရန်နှင့် ရှေ့ပြေး စမ်းသပ်ထားသော စီးပွားရေး လုပ်ငန်းအား ပုံတူ ဆောင်ရွက်ရန် ကတိကဝတ်ပြုရန်
၂၀၂၂ ခုနှစ်
Corporate Water Stewardship Working Group နှင့် သက်ဆိုင်ရာ စက်မှုကဏ္ဍအဆင့်အလိုက် မဟာမိတ်များ ဖွဲ့စည်းခြင်းနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အသင့်ရှိနေရန် ၂၀၂၂ ခုနှစ်
သတ်မှတ်ထားသော နယ်ပယ်ကဏ္ဍအတွင်း အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ဒေသခံများသည် ရေသယံဇာတ စီမံခန့်ခွဲမှုများ နှင့် စောင့်ကြည့်လေ့လာခြင်းများအား အစိုးရအဖွဲ့အစည်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများနှင့်အတူ ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ၂၀၂၂ ခုနှစ်
သက်ဆိုင်ရာကဏ္ဍာများ၏ ဆောင်ရွက်သူအများအပြားပါဝင်သည့် ဒေသတွင်းပလက်ဖောင်းတစ်ခု ဖြစ်ပေါ်လာကာ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု လုပ်ငန်းစဉ်များအပါအဝင် အခြားသော ရေသယံဇာတ စီမံခန့်ခွဲမှုများကို ဆွေးနွေးဆောင်ရွက်နိုင်ရန်© Min Zayar Oo - WWF-US
OUR DONORS